ကွန်မြူနစ်တို့ရဲ့ ကြီးမြတ်ဂုဏ်ပြောင်တဲ့သမိုင်းကို လက်ဆင့်ကမ်းကြစို့
ကွန်မြူနစ်တို့ရဲ့ ကြီးမြတ်ဂုဏ်ပြောင်တဲ့သမိုင်းကို လက်ဆင့်ကမ်းကြစို့ နိုင်ငံတကာသတင်းတွေမှာ နော်မန်ဒီကမ်းတက်တိုက်ပွဲ (ဒီ-ဒေး) အနှစ် ၈၀ ပြည့် အထိမ်းအမှတ်သတင်းတွေ ဖော်ပြတာ တွေ့ရပါတယ်။ အနောက်အုပ်စုခေါင်းဆောင်များက ရုရှား-ယူကရိန်းစစ်ပွဲကိုအကြောင်းပြပြီး ဒုတိယကမ္ဘာစစ်အတွင်းက ကြီးမြတ်ဂုဏ်ပြောင်တဲ့ ဆိုဗီယက်ယူနီယံရဲ့အခန်းကို တညီတညွတ်တည်း ချန်လှပ်ဖုံးကွယ်ထားကြတယ်။ သမိုင်းကို ပုံဖျက်ပြောဆိုတာ ဖုံးကွယ်တာတွေလုပ်လို့ရနိုင်ပေမယ့် ဖြစ်တည်ပြီးခဲ့တဲ့အရှိတရားကိုတော့ ပြန်ပြင်ချင်လို့မရပါဘူး။ ဆိုဗီယက်တပ်နီတော်သာ အသက်သွေးချွေး အမြောက်အမြားပေးဆပ်ပြီးမတိုက်ခဲ့ရင် နော်မန်ဒီက အနောက်အုပ်စု စစ်သင်္ချိုင်းဟာ အခုထက် ပိုကြီးမယ့်အပြင် ရှုံးပွဲကြီးအဖြစ် သမိုင်းတွင်ကျန်ရစ်ခဲ့မှာပါ။ စတာလင်က အရှေ့နဲ့အနောက် စစ်မျက်နှာနှစ်ခုဖွင့်ပြီး ဂျာမနီကိုညှပ်တိုက်ဖို့ အကြိမ်ကြိမ်ပြောခဲ့ပေမယ့် အနောက်အုပ်စုမဟာမိတ်တွေ ကမ်းတက်တိုက်ပွဲ တိုက်ကြတော့ အတော်နောက်ကျပါတယ်။ သူတို့ မတိုက်လည်း ရုရှားတနိုင်ငံတည်းက နာဇီဂျာမနီကို အနိုင်ယူဖို့ လက်တကမ်း ရောက်နေတဲ့အခြေအနေပါ။ ဂျာမနီ စစ်ရှုံးဖို့သေချာသလောက်ရှိချိန်မှာ နှမ်းဖြူးတာက တချက်၊ ကွန်မြူနစ်လှိုင်း တားဆီးရေးကတချက် ဒီနှစ်ချက်နဲ့ ဝင်တိုက်တာပါ။ ဒီ-ဒေးတိုက်ပွဲမှာ မဟာမိတ်တပ်တွေ ကျဆုံးမှုကြီးမားပေမယ့် ဥရောပမှာ နာဇီဂျာမနီကို အပြုတ်တိုက်နိုင်ခဲ့တာ ဆိုဗီယက် ကွန်မြူနစ်တပ်မတော်ကြောင့်ပဲ။ တပ်နီတော် ကွန်မြူနစ်ရဲဘော် ၁၁ သန်းခန့်… Read More »