Category Archives: ပါတီစိန္ရတု

နီပေါကွန်မြူနစ် အာဇာနည်ကဗျာဆရာနဲ့ သူ့ရဲ့ကဗျာ

(နီပေါကွန်မြူနစ် အာဇာနည်ကဗျာဆရာနဲ့ သူ့ရဲ့ကဗျာ) (ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့် နိုင်ငံတကာကဗျာ) ဂျယ်ဘမ်းကို အလေးပြုခြင်း ခရစ်သျှနားစံ “အစ်ချွတ်” (နီပေါ ကွန်မြူနစ် အာဇာနည် ကဗျာဆရာ၊ စာရေးဆရာ ခရစ်သျှနားစံ “အစ်ချွတ်” ရဲ့ ကဗျာကို အင်္ဂလိပ်ဘာသာမှ ပြန်ဆိုထားခြင်း ဖြစ်ပါတယ်။) ဂျယ်ဘမ်း လာဘန်ယမ်း၏ထိပ်ဖျားမှာ ရပ်လျက် အဝေးကို မျှော်ငေး လွတ်မြောက်ရေး မိုးကုပ်စက်ဝိုင်းရှိရာ အချုပ်အခြာမြင့်မား တောင်တန်းများကား မားမားရပ်လျက် ပူဆွေးမှုအတွက် ငြိမ်သက် ကြီးမြတ်သည့် စစ်သည်တော် ငါးယောက်အား ယခုပင် အလေးအမြတ်ပြုနေကြ၏ ခေါင်ဖျားပေသိ လှုပ်ရှားနိုးကြား ရွာငယ်များ၊ တောင်ကုန်းများနှင့် လွင်ပြင်များ တသီတတန်း ညီညာလှမ်းလျက် လွတ်မြောက်ရေးဆီ အဆုံးမဲ့ခရီးချီရာ လေးနက်သစ္စာဖြင့် ဆင်ခြင် တိုးတက်သော စိတ်ပင် ဖြစ်၏။ အရပ်ရှစ်မျက်နှာအား ခံစားမှုဖြင့် ငဲ့ကြည့် စာနာ လူထု၏ ကြေကွဲစရာ ဖြစ်ရပ်များသာ သတိရ မထိမ်းနိုင်သည့် ငါ ငိုချလိုက်မိ ရှစ်ခွင်တိုင်းမှ မိုးကုပ်စက်ဝိုင်းကား… Read More »

(၁၉၄၈ မတ်လ ၂၈ ရက် ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကြီးရဲ့ လတ်တလောအကြောင်းရင်းနဲ့ အရင်းခံ အကြောင်းရင်း)

(၁၉၄၈ မတ်လ ၂၈ ရက် ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကြီးရဲ့ လတ်တလောအကြောင်းရင်းနဲ့ အရင်းခံ အကြောင်းရင်း) ဥဩချို (ဗမာပြည် ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် အရေးတော်ပုံဂျာနယ်မှာ ဖော်ပြမယ့်ဆောင်းပါး) ဗမာပြည်ကွန်မြူနစ်ပါတီရဲ့သမိုင်းမှာ အရေးကြီးတဲ့အခန်းက ပါဝင်ခဲ့တဲ့ ၁၉၄၈ မတ်လ ၂၈ ရက် ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးဟာ ဘယ်လိုဖြစ်ပေါ်လာခဲ့သလဲ။ ဒါဟာ ဗမာပြည် ပြည်တွင်းစစ်ဘယ်လို ပေါက်ဖွားလာသလဲဆိုတာနဲ့ သဘောချင်းအတူတူပဲ။ တချို့က လွတ်လပ်ရေးအပေါ် အာဏာရ ဖဆပလအစိုးရနဲ့ ကွန်မြူနစ်ပါတီ သဘောကွဲလွဲပြီးမသင့်မြတ်လို့ လက်နက်ကိုင်တိုက်ကြပြီး ပြည်တွင်းစစ်ဖြစ်တယ်လို့ အပေါ်ယံရှုမြင်ရေးသားပြောဆိုနေကြတာ ရှိပါတယ်။ တချို့ကလည်း ဖဆပလ ဝန်ကြီးသခင်တင်ရဲ့မီးခွက်မှုတ်သတင်းကို သတင်းစာတွေထဲမှာထည့်ရာက အစ သခင်သန်းထွန်းက ကွန်မြူနစ်သတင်းစာတိုက်ကို လာဖျက်ဆီးရဲဖျက်ဆီးကြည့်၊ ဗားကရာချောက်ကို ဆိုရှယ်လစ်အရိုးတွေနဲ့ ဖို့ပစ်မယ်လို့ ကြိမ်းဝါးတာကြောင့် ပြည်တွင်းစစ်ဖြစ်တာလို့ ရေးသူကရေးကြပါတယ်။ ဒီလိုပြောဆိုရေးသားချက်တွေဟာ ၁၉၄၈ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးကြီးရဲ့ နက်ရှိုင်းတဲ့အဓိပ္ပာယ်ရှိမှုကို ပေါ့တန်စေခဲ့တယ်။ ၁၉၄၈ ခုနှစ် လက်နက်ကိုင်တော်လှန်ရေးဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းရင်းဟာ အလုပ်သမား၊ လယ်သမား အဖိနှိပ်ခံ ပြည်သူလူထုကြီးနဲ့ အုပ်စိုးသူ ဖဆလပအစိုးရတို့အကြားဖြစ်ပွားနေတဲ့ လူတန်းစားပဋိပက္ခကို… Read More »

စစ်ကျန် အတိုအစများ

စစ်ကျန် အတိုအစများ မြင့်ဆွေ (ဗမာပြည်ကွန်မြူနစ််ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် အဖြစ် ထုတ်ဝေတဲ့ အရေးတော်ပုံဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ကဗျာ) စစ်အတွင်းမှာ ကွဲကွာသွားကြရတာတွေ စစ်အတွင်မှာ ကြုံဆုံခဲ့ကြရတာတွေ လူသားချင်း တူးတူးခါးခါးတွေ လူသားချင်း နှစ်နှစ်ကာကာတွေ တောင်တန်းပြာပြာ တောစိမ်းစိမ်းတွေ စမ်းချောင်းလေး နံဘေးမှာ တောပန်းလေးတွေလည်း ပွင့်ပါတယ်။ – တယောက်က အသက်နဲ့ရင်းပြီး ရောက်လာ၊ တယောက်က ဘဝနဲ့ရင်းပြီး ရောက်လာ၊ နောက်တယောက်က အားလုံး အသစ်က ပြန်စဖို့တဲ့….. – ရဲဘော်ချေရဲ့ အဆိုအမိန့်တွေ အလွတ်ကျက်ထားသူက တော်လှန်ရေးဆိုတာ ကြီးမြတ်တဲ့ အချစ်ပါပဲတဲ့။ – ဘယ်သူများ မနာမကျင်ဘဲ ချစ်လို့ရခဲ့ဖူးလို့လဲ? – ခြေတဖက် မရှိတော့တဲ့ ရဲဘော်လေးက သူက တဝက်အာဇာနည်ပါတဲ့ ရယ်ရယ်မောမော အရွှန်းဖောက်တယ်။ – တံတိုင်းများ၊ စည်းရိုးများကို ငါမတည်ဆောက်လို၊ ဝါးတံတားငယ်မှာ နှီးတပင်အဖြစ်သာ အသုံးဝင်လိုခဲ့ပါတယ်တဲ့။ – မေးခွန်းကို ပြဿနာလို့ ငါမတွေး အဖြေက ပြဿနာဖြစ်လာမှာသာ စိုးရိမ်မိတာပါ၊ ကလေးတွေ… Read More »

တပ်တည်ဆောက်ရေးလမ်းညွှန်တချို့

တပ်တည်ဆောက်ရေးလမ်းညွှန်တချို့ ငြိမ်းမောင်ဦး (ဗမာပြည် ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက်ပါတီမွေးအထိမ်းအမှတ်အဖြစ်ထုတ်ဝေမည့် အရေးတော်ပုံဂျာယ်နယ်တွင် ထည့်သွင်းဖော်ပြမည့် ဆောင်းပါး) ၁၉၈၉-ခုနှစ်ကဖြစ်ပွားခဲ့တဲ့ဆုံးရှုံးမှုကြီးဟာ ပါတီသမိုင်းမှာ အကြီးမားဆုံးအထိနာမှုကြီးဖြစ်ခဲ့တယ်။ ထိချက်ပြင်းလှတဲ့ တော်လှန်ရေးလောကဓံမှာ ပါတီဟာအလူးအလဲခံခဲ့ရတယ်။ လက်နက်ကိုင်တော်လှန်ရေး(AS) ဆုံးရှုံးခဲ့ရသလို အခြေခံဒေသ၊ တပ် အားလုံးနီးပါးဆုံးရှုံး ပျောက်ကွယ်သွားခဲ့ရပေမယ့် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး(PDR) အလံကို ဆက်လက်ကိုင်စွဲပြီး( UG ) မြေအောက်ပါတီအနေနဲ့ ဆက်လက်ရပ်တည်ခဲ့တယ်။ ရန်သူကလက်နက်နဲ့ဖိနှိပ်လာရင် လူထုကလက်နက်နဲ့ တုံ့ပြန်တိုက်ခိုက်တာတရားတယ်ဆိုတဲ့မူကိုတလျှောက်လုံး ရပ်ခံခဲ့တယ်။ ရေရှည်မြှုပ်နှံ အခွင့်အခါကောင်းကိုစောင့် ဆိုတဲ့လမ်းညွှန်အတိုင်း အခွင့်အလမ်းကောင်းကိုစောင့်ရင်း (AS) လက်နက်ကိုင်တော်လှန်ရေးပြန်လည်ရှင်သန်လာဖို့အခိုင်အမာ စည်းရုံးပြင်ဆင်ခဲ့တယ်။ အနှစ် ၃၀ ကျော် ယူဂျီပါတီအဖြစ် လူထုကြားမှာရပ်တည်ရင်း ဥပဒေတွင်း ဥပဒေပ လူထုလူတန်းစားတိုက်ပွဲများမှာ ပေါင်းစပ်ပါဝင် လှုပ်ရှားခဲ့တယ်။ …၂၀၂၁-ခုနှစ် ဖေဖေါ်ဝါရီလမှာတော့ ပြည်သူတရပ်လုံးရဲ့အုံကြွမှုကြီးနဲ့အတူနိုင်ငံရေး ဒီရေမြင့်မှုကြီးတရပ်ဖြစ်ပေါ်လာပြီး တပြည်လုံးအနှံ့အပြားလက်နက်ကိုင်အုံကြွတိုက်ခိုက်မှုတွေပေါ်လာခဲ့တယ်။ ပါတီအနေနဲ့ ဒီအခွင့်အလမ်းကောင်းကို မိမိရရဆုပ်ကိုင်ခဲ့တယ်။ တော်လှန်တဲ့ပြည်သူ့စစ်ပွဲကို လက်တွေ့ဦးဆောင်ဖို့ပြတ်ပြတ်သားသားဆုံးဖြတ်ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ကို ၂၀၂၁-ခုနှစ် မတ်လ(၁၅)ရက်နေ့မှာ ပြန်လည်ဖွဲ့စည်းခဲ့တယ်။ လက်နက်ကိုင်တိုက်ပွဲကိုအဓိကထား တခြားတိုက်ပွဲသဏ္ဌာန်တွေနဲ့ပေါင်းစပ်ဆိုတဲ့ နည်းပရိယာယ်လမ်းစဉ်က လက်တွေ့လမ်းညွှန်ဖြစ်လာချိန်မှာ တပ်တည်ဆောက်ရေး စာမျက်နှာဟာ အရေးကြီးတဲ့..… Read More »

ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် ပြည်သူ့အာဏာဂျာနယ်နှင့် အရေးတော်ပုံဂျာနယ်တို့အတွက် စာတည်းအဖွဲ့အမှာစာ

ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် ပြည်သူ့အာဏာဂျာနယ်နှင့် အရေးတော်ပုံဂျာနယ်တို့အတွက် စာတည်းအဖွဲ့အမှာစာ အပိုင်း(၁) ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ရောက်လျှင် မိမိတို့ ဗမာပြည်ကွန်မြူနစ်ပါတီ၏ သက်တမ်းသည် ၈၅ နှစ်တင်းတင်း ပြည့်ပါတော့မည်။ မိမိတို့အနေနှင့် ဗမာပြည်နိုင်ငံရေးသမိုင်းတွင် သက်တမ်းအရှည်ဆုံးပါတီကြီးတရပ်အဖြစ် ဂုဏ်ပြုရင်း ဥဒါန်းရင့်ကျူးရမည့်ကာလ၊ တဆက်တည်း …ကျလာသည့်တာဝန်များကို ၂ ဆတိုး ကြိုးပမ်းရမည့်ကာလ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ကလှန်ပစ်ရမည့်ကာလလည်း ဖြစ်နေသည်ကို သတိမူကြစေလိုသည်။ ဗမာပြည်ကဲ့သို့သော ခေတ်ပြောင်းခေတ်လွှဲ မင်းပြောင်းမင်းလွှဲများသော နိုင်ငံမျိုးတွင် ဤမျှ သမနိရှည်ကြာသော ပါတီကြီးတရပ်ကို ဘယ်လို ထူထောင်ထားပါသလဲ၊ ဘယ်လိုပုဂ္ဂိုလ်တွေက ထူထောင်ခဲ့သလဲဆိုတာကို ပထမဆုံး စောကြောပြပါရစေ။ မာ့က်စ်ဝါဒအခြေခံထားသည့် တိုင်းချစ်ပြည်ချစ်မျိုးဆက်လေးခုက တည်ထောင်ထားသည့်ပါတီဖြစ်နေခြင်းကို ပထမဆုံး တင်ပြထားပါမည်။ ပါတီသမိုင်းကို စိုက်ထူတိုက်ပွဲဝင်သူများအဖြစ် အစဉ်အဆက်ခေါင်းဆောင်များက မျိုးဆက်လေးခုအဖြစ် ခွဲခြမ်းသတ်မှတ်ပြောဆိုလေ့ရှိပါသည်။ (၁) ပထမမျိုးဆက်အဖြစ် ၁၃၀၀ ပြည့် အရေးတော်ပုံကာလတွင် လှုပ်ရှားခဲ့သူများကိုအခြေခံပြီး သတ်မှတ်ခဲ့သည်။ (၂) ဒုတိယမျိုးဆက်ကိုတော့ ၁၉၄၈/၄၉ (လက်နက်ကိုင်တိုက်ပွဲကာလ) ပါတီဝင်များကို ညွှန်းသည်။… Read More »

“တော်လှန်တဲ့အကောင်းမြင်ဝါဒ ကိုင်စွဲကြ”

“တော်လှန်တဲ့အကောင်းမြင်ဝါဒ ကိုင်စွဲကြ” အခက်အခဲနဲ့ကြုံတွေ့ရတဲ့အခါမှာ..အောင်မြင်ချက်ကိုလှမ်းမြင်နိုင်တာ….သိပ်သည်းတဲ့အမှောင်ထုထဲကျရောက်နေရချိန်မှာ..တောက်ပတဲ့အလင်းရောင်ကိုတွေ့အောင်ရှာနိုင်တာ…. ပြင်းထန်တဲ့စိန်ခေါ်ချက်တွေနဲ့ရင်ဆိုင်ရချိန်မှာ…ဖောက်ထွက်ဖို့အခွင့်အလမ်းကို ညွှန်ပြနိုင်တာ…. ဒါတွေဟာ တော်လှန်တဲ့အကောင်းမြင်ဝါဒရဲ့  အတွင်းသဘောတွေပဲဖြစ်ပါတယ်။ တော်လှန်ရေးဟာ ဖိနှိပ်သွေးစုပ်တဲ့စနစ်ဟောင်းကိုဖြိုချတာဖြစ်လို့ လူ့သမိုင်းမှာအကြီးကျယ်ဆုံးနဲ့ အခမ်းနားဆုံးအရေးတော်ပုံကြီးဖြစ် ပါတယ်။ ဖေါက်ပြန်တဲ့ဖိနှိပ်သူလူတန်းစားကလည်း ခေါင်းမာမာနဲ့ မီးကုန်ယမ်းကုန်ခုခံမှာဖြစ်လို့ ပြင်းထန်သည်းသန်တဲ့ ရန်ငါပဋိပက္ခတိုက်ပွဲအတွင်းမှာ မိမိဖက်ကလည်း ကြီးမားတဲ့ပေးဆပ်ရမှုတွေ စွန့်လွှတ်ရတာတွေ မုချရှိပေလိမ့်မယ်။ ကြိုတင်မျှော်လင့်မထားတဲ့ ဆုံးရှုံးမှုတွေ တွေ့ကြုံရနိုင်တယ်။ အတက်အဆင်းအကွေ့အကောက်တွေများတဲ့ ရေရှည်ခရီးကြမ်း ဖြစ်လို့ သားစဉ်မြေးဆက် တဗိုလ်ကျတဗိုလ်တက် တိုက်ပွဲဆင်သွားကြရမှာဖြစ်တယ်။  တော်လှန်ရေးခရီးကြမ်းကြီးမှာ တည်တည်ငြိမ်ငြိမ် ကြံ့ကြံ့ခိုင်ခိုင်နဲ့ နောက်ဆုံးအောင်ပွဲရတဲ့အထိ ချီတက်သွားနိုင်ဖို့ မလွဲသာမရှောင်သာ ရင်ဆိုင်ရမယ့်စိန်ခေါ်ချက်တွေကို တော်လှန်တဲ့ အကောင်းမြင်ဝါဒနဲ့ ကျော်လွှားသွားကြရမှာဖြစ်တယ်။ (၁)  တော်လှန်တဲ့အကောင်းမြင်ဝါဒကို ကိုင်စွဲဖို့အတွက်ဘာတွေလိုအပ်သလဲ……. ၁။  ခိုင်မာပြတ်သားတဲ့သန္နိဋ္ဌာန်နဲ့ပိုင်းဖြတ်ချက်ရှိရမယ်။ တော်လှန်ရေးအတွက် အရာရာကို စွန့်လွှတ်မယ်ဆိုတဲ့ပိုင်းဖြတ်ချက်ရှိရမယ်။ ၂။ ပါတီစိတ်ဓာတ်ခိုင်မာရမယ်။ ပါတီဗဟိုဝန်းရံရေးစိတ်ဓာတ်နဲ့အတူ ပါတီရဲ့အနာဂတ်ကို လေးလေးနက်နက် ယုံကြည်ရမယ်။ ပါတီကိုယုံကြည်ရမယ်။ ပြည်သူကိုယုံကြည်ရမယ်။ အရင်းခံမူနှစ်ရပ်ကိုယုံကြည်မှုမှတဆင့်  တော်လှန်ရေးကိုယုံကြည်မှာဖြစ်တယ်။ ၃။ မာ့ကစ်ဝါဒအဘိဓမ္မာကို လမ်းညွှန်သဘောတရားအဖြစ်ကိုင်စွဲရမယ်။ အနုပဋိလောမရုပ်ဝါဒ သမိုင်းရေးရုပ်ဝါဒတို့နဲ့ ပြဿနာအရပ်ရပ်ကို ချဉ်းကပ်အဖြေရှာရမယ်။ (ဆိုလိုတာက လက်တွေ့က အစချီတာ၊ဘက်ပေါင်းစုံကြည့်မြင်တာ၊ ဆန္ဒစွဲကင်းတာ၊ ဖြစ်ပေါ်ပြောင်းလဲမှုတွေကို သတိထားတာ၊ တော်လှန်ပြောင်းလဲနေတဲ့အတွင်းသဘောနဲ့ကြည့်တာ၊ အရေအတွက်ပြောင်းလဲခြင်းနဲ့ အရည်အချင်း ပြောင်းလဲမှု၊ ဆန့်ကျင်ဘက်တွေရဲ့ ဒွန်တွဲနေမှုနဲ့အတိုက်အခံဖြစ်မှုမှတဆင့်… Read More »

မေလ ၉ ရက် ဖက်ဆစ်ဆန့်ကျင်ရေးအောင်ပွဲနေ့

မေလ ၉ ရက် ဖက်ဆစ်ဆန့်ကျင်ရေးအောင်ပွဲနေ့ ၁၉၄၅ မေ ၉၊  ဒုတိယကမ္ဘာစစ်ပြီးဆုံးတယ်။ နာဇီဂျာမန်တပ်ဖွဲ့များဟာ ဆိုဗီယက်တပ်နီတော်နဲ့ မဟာမိတ်တပ်ဖွဲ့များထံ ၁၉၄၅ မေ ၈ မှာ လက်နက်ချတယ်။ ဂျပန်ဖက်ဆစ်များက ၁၉၄၅ ဩဂုတ် ၁၅ မှာ ဂျပန်ဘုရင့်အမိန့်ဖြင့် လက်နက်ချတယ်။ ဟစ်တလာက ၃၀ ဧပြီ(၁၉၄၅) က တည်းက ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်။ မူဆိုလိုနီကို အစောပိုင်းကတည်းက လက်ရ ဖမ်းဆီးမိပြီး အီတလီပြောက်ကျားများက ကြိုးပေးကွပ်မျက်ခဲ့တယ်(၁၉၄၅)။ လူသားသမိုင်းမှာ အဆိုးဝါးဆုံး အကြမ်းကြုတ်ဆုံး အရက်စက်ဆုံးဖြစ်တဲ့ ဖက်ဆစ်ဝါဒအပေါ် ကမ္ဘာ့ပြည်သူအပေါင်းက အောင်ပွဲဆင်ခဲ့တာ (၇၉)နှစ်တိုင်ခဲ့ပါပြီ။ ဖက်ဆစ်ဆန့်ကျင်ရေးအောင်ပွဲနဲ့အတူ ကိုလိုနီထမ်းပိုးအောက်က အမျိုးသားပြည်သူတွေရဲ့ လွတ်မြောက်ရေးတိုက်ပွဲတွေ အုံကြွပြင်းထန်လာပြီး နိုင်ငံတွေလွတ်လပ်လာကြတယ်။ ဗမာပြည်မှာလည်း  ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစုကြီး (ဖဆပလ)ရဲ့ ဦးဆောင်မှုနဲ့အတူလွတ်လပ် ရေးရလာတယ်။ ဒါကြောင့် ဒီတော်လှန်တဲ့သမိုင်းအတွေ့အကြုံကိုမှန်မှန်ကန်ကန်သိမြင်မှ အနာဂတ်မှာ     ပိုမိုကြီးမားတဲ့အောင်ပွဲတွေ ရရိုနိုင်ဖို့ သမိုင်းသင်ခန်းစာ  ထုတ်ယူနိုင်မှာဖြစ်ပါတယ်။               ဖက်ဆစ်ဝါဒ ပေါ်ထွန်းလာခြင်း “ဖက်ဆီ “(Fasci) ဆိုတဲ့ အီတလီစကားဟာ သစ်ကိုင်းသစ်ခက်အစည်းဆိုတဲ့အဓိပ္ပါယ်ရတယ်။ ဒီစကားလုံးကို အသုံးပြုပြီး ဘီနီတို… Read More »