Category Archives: ပါတီစိန္ရတု

ဗမာပြည်ကွန်မြူနစ်ပါတီ ၈၄ နှစ်မြောက် ပါတီနေ့အတွက် သစ္စာအဓိဋ္ဌာန်

ဗမာပြည်ကွန်မြူနစ်ပါတီ ၈၄ နှစ်မြောက် ပါတီနေ့အတွက် သစ္စာအဓိဋ္ဌာန် (ဗမာပြည် ပြည်တွင်းပြည်ပရှိ ဗမာပြည်ကွန်မြူနစ်ပါတီဝင်များနဲ့ စစ်ဒေသအသီးသီးရှိ PLA တပ်ဖွဲ့ဝင်များအတွက်) • ငါတို့သည် မာ့က်စ်ဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်းအတွေးအခေါ်အပေါ် ထာဝစဉ်သစ္စာရှိပါမည်။ • ဂုဏ်ရောင်ပြောင်သော ဗမာပြည်ကွန်မြူနစ်ပါတီ၏ သမိုင်းအစဉ်အလာကို ဆက်ခံထိန်းသိမ်းပြီး ပါတီအလံတော်ကို မြင့်မြင့်မားမား လွှင့်ထူသွားပါမည်။ • ဥက္ကဋ္ဌသခင်သန်းထွန်း၊ ဥက္ကဋ္ဌသခင်ဇင်၊ အတွင်းရေးမှူး သခင်ချစ် ၊ ဥက္ကဋ္ဌ သခင်ဗသိန်းတင်၊ အတွင်းရေးမှူး ရဲဘော်ထွန်းနှင့်တကွ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးတိုက်ပွဲအ တွင်း ကျဆုံးသွားသော အာဇာနည်ရဲဘော်များအပေါ် သစ္စာရှိပါမည်။ • ငါတို့သည် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး၊ ဆိုရှယ်လစ်တော်လှန်ရေး… ထိုမှတဆင့် ကွန်မြူ နစ်စနစ် ထူထောင်ရေးအထိ မျှော်မှန်း၍ ရာသက်ပန်တော်လှန်ရေးသမားအဖြစ် ခံယူကာ လုံးပန်းအားထုတ် တိုက်ပွဲဝင်သွားပါမည်။ • ငါတို့သည် – ဥက္ကဋ္ဌသခင်သန်းထွန်း၏ ဇွဲလုံ့လကို အတုယူသွားပါမည်။ – ဥက္ကဋ္ဌ၏ စွန့်လွှတ်မှုနဲ့ အကျင့်သိက္ခာသန့်စင်မှုကို အတုယူသွားပါမည်။ – ဥက္ကဋ္ဌကဲ့သို့ သေရဲ၊ တိုက်ရဲ၊ အနိုင်ယူရဲသည့် စိတ်ဓာတ်ကို… Read More »

အမေရိကန်အကျ

အမေရိကန်အကျ မြစမ်းအေး အနောက်အုပ်စု အူမြူးနေတဲ့ Wagner ဝက်ဂနာကြေးစားတပ် ပုန်ကန်မှုဟာ မှေးမှိန်ပျောက်ကွယ် သွားပါပြီ။ ပုန်ကန်မှုဟာ ရှရှားစစ်တပ် ခေါင်းဆောင်ပိုင်းအတွင်းမှ အားပြိုင်မှုဖြစ်ပြီး၊ ပူတင်အနေနဲ့ အားလျော့တာ အားကြီးတာ ဖြစ်မှာမဟုတ်ပါဘူး။ စစ်မြေပြင် အခြေအနေလည်း ပြောင်းလဲမသွားပါဘူး။ ဝက်ဂနာခေါင်းဆောင်ရဲ့ မန်တက်မှုအပေါ် ယူကရိန်းမှ အမြတ်မထုတ်နိုင်ခဲ့ပါ။ ရုရှားခံစစ်ကို ထိုးဖောက်ပြီး အဇော့ပင်လယ် Sea of Azov ကို အရှေ့တောင်ဘက်မှ ချဉ်းကပ်ကာ ခရိုင်းမီးယားသို့ ဆက်သွယ်ရာလမ်းကြောင်းကို ဖြတ်တောက်ဖို့ဆိုတဲ့ (ယူကရိန်း)ရည်မှန်းချက်ဟာ မဖြစ်နိုင်တော့တာ ထင်ရှားလာပါတယ်။ ဒါကြောင့် ယူကရိန်းစစ်အတွင်း အရေးအကြီးဆုံးအရာဟာ ယူကရိန်းနိုင်ငံနှင့် နိုင်ငံသူနိုင်ငံသားများရဲ့ ကံကြမ္မာပဲဖြစ်တယ်ဆိုတဲ့ အခြေခံပဋိပက္ခအပေါ် ပြန်လည်အာရုံစိုက်လာပါတယ်။ စစ်ရေးထိပ်တိုက်တွေ့မှုဟာ စတင်ဖြစ်ပွားပြီး သီတင်းပတ်အချို့အကြာမှာ ပြီးဆုံးဖို့ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မနှစ်က မတ်လထဲမှာ ပူတင်နဲ့ဇာလင်စကီးတို့အကြား၊ ရုရှားတပ်များရုပ်သိမ်းဖို့နဲ့ အပြန်အလှန်အားဖြင့် ယူကရိန်းဟာ ထာဝရကြားနေနိုင်ငံအဖြစ် ဖွဲ့စည်အုပ်ချုပ်ပုံထဲမှာ ထည့်သွင်းရေးဆွဲဖို့ ဆိုတာကို သဘောတူလုနီး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကိဖ်(ယူကရိန်း)ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ကိုယ်တိုင် ရေးဆွဲကာ လက်မှတ်ရေးထိုးထားတဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်ကို… Read More »

အမေရိကန်ရဲ့ ယူကရိန်းအိပ်မက်

အမေရိကန်ရဲ့ ယူကရိန်းအိပ်မက် မြစမ်းအေး ယူကရိန်းတန်ပြန်ထိုးစစ် ရှုံးနိမ့်သွားပြီ။ ထိုးစစ်အစပိုင်းမှာ အချက်အလက် မပြည့်စုံတာကြောင့် ခန့်မှန်းဖို့ခက်ခဲသော်လည်း၊ ယခုအခါမှာ ယူကရန်းစစ်တပ်ဟာ ရှေ့တန်းစစ်မျက်နှာစာမှာ ဆက်လက်တိုက်ခိုက် နေသေးသော်လည်း မထိန်းချုပ်နိုင်တော့ဘူးဆိုတာ ထင်ရှားလာပါတယ်။ ကိဖ် Kyiv အစိုးရဟာ ဒွန်းဘတ်စ်ရုရှားခံစစ်ကြောင်း ပထမစည်းကိုပင် မချဉ်းကပ်နိုင်ပဲ လူသူလက်နက် အမြောက်အမြား ဆုံးရှုံးသွားပါတယ်။ အနောက်အုပ်စုဟာ ယူကရိန်းပြည်သူတွေရဲ့ အသက်ကို ထည့်မတွက်ဘူး။ ကိဖ်(ယူကရိန်း)အစိုးရကလည်း ငွေကြေးနဲ့ စစ်လက်နက် ဆုံးရှုံးမှုကိုသာတွက်ချက်ပြီး လူ့အသက်တွေ ဆုံးရှုံးတာကို စာရင်းထဲမထည့်ဘူး။ ဇွန် ၁၉ Bloomberg News ဖော်ပြချက်အရ ဥရောပသမဂ္ဂ EU မှ ယူကရိန်းသို့ ဘဏ္ဍာရေးအထောက်အပံ့ နောက်ထပ် ယူရို ၅၀ ဘီလီယံ (ဒေါ်လာ ၅၅ ဘီလီယံ) ပေးဖို့ရှိတယ်လို့ဆိုတယ်။ ဥရောပသမဂ္ဂအနေနဲ့ သူတို့အပေါ် ဝန်မိမှာကိုရှောင်ရှားတဲ့အနေနဲ့ အထောက်အပံ့၊ ဦးစားပေးချေးငွေ၊ အာမခံ စတဲ့ပုံစံများနဲ့ ပေးမှာဖြစ်ပါတယ်။ မဟာမိတ်ဥရောပနိုင်ငံတွေ စီးပွားရေးနွံနစ်နေသော်လည်း အမေရိကန်အဖို့ အခြေအနေကောင်းနေတာ မဟုတ်ပါဘူး။ အမေရိကန်ဘီလီယံနာနဲ့ ကွန်ဆာဗေးတစ်ခေါင်းဆောင် ဒေးဗစ်ဆက်စ်… Read More »

အမြင့်ဆုံးကြွေးမြီကန့်သတ်ချက်နောက်ကွယ်က ကြောင်သူတော်လုပ်ရပ်

အမြင့်ဆုံးကြွေးမြီကန့်သတ်ချက်နောက်ကွယ်က ကြောင်သူတော်လုပ်ရပ် မြစမ်းအေး အမေရိကန်အစိုးရရဲ့ ကြွေးမြီဟာ ၂၀၂၃ နှစ်ဦးမှာ ကန့်သတ်ထားတဲ့ ဒေါ်လာ ၃၁.၄ ထရီလီယံကို ရောက်ရှိနေပြီဖြစ်တယ်။ အမျိုးသားကြွေးမြီ အမြင့်ဆုံးကန့်သတ်ချက် Debt ceiling (အကြွေးမျက်နှာကြက်) နဲ့ပတ်သက်လို့ ပင်မသတင်းဌာနကြီးများမှာ ငြင်းခုံနေကြတယ်။ ဒါပေမဲ့ ဝါရှင်တန်အစိုးရကတော့ အလေးအနက်ထားတာ မဟုတ်ပါဘူး။ မေလနှောင်းပိုင်းမှာ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ရီပါပလစ်ကန် အောက်လွတ်တော်ဥက္ကဋ္ဌကေဗင်မက်ကာသီတို့ ညှိနှိုင်းဆွေးနွေးပြီး၊ ကြွေးမြီကန့်သတ်ချက်ကို မလျှော့ချတဲ့အပြင် တိုးမြှင့်ဖို့နဲ့ စစ်ရေးဘတ်ဂျက်ကို လက်ရှိ ဒေါ်လာ ၈၀၀ ဘီလီယံမှ ဒေါ်လာ ၈၈၅ ဘီလီယံသို့ အကြမ်းဖျင်း တိုးမြှင့်ဖို့ သဘောတူညီမှု ရခဲ့ပါတယ်။ ဘိုင်ဒင် – မက်ကာသီ သဘောတူညီမှုဟာ အမေရိကန်ဆင်းရဲသားများအဖို့ အစားအသောက် ထောက်ပံ့မှုနဲ့ လူမှုဖူလုံရေး အထောက်အပံ့ရရှိဖို့ ပိုမိုခက်ခဲစေလိမ့်မယ်။ အမေရိကန်ကြွေးမြီဟာ ဒေါ်လာနဲ့တင်ရှိတာ ဖြစ်တဲ့အတွက် အမေရိကန်အစိုးရက ဒေါ်လာငွေစက္ကူများ ရိုက်နှိပ်ပြီး ပေးချေလို့်ရပါတယ်။ အဲဒီလိုလုပ်ရင် ငွေဖောင်းပွမှု သေချာပေါက်ဖြစ်မှာပဲ။ (ဒေါ်လာဟာ ကမ္ဘာ့အရန်ငွေကြေး ဖြစ်တဲ့အလျောက် တခြားနိုင်ငံများသို့လည်း ငွေဖောင်းပွမှုကို… Read More »

ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးဘက်က

ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးဘက်က သစ္စာရှိရှိ စွဲစွဲမြဲမြဲ ပြတ်ပြတ်သားသား ရပ်တည်ကြ။ ညိုစိန်ဝင်း အာဏာသိမ်း စစ်အုပ်စုနဲ့ ရင်ကြားစေ့ရေး အာဘော်တွေ၊ လေထုတွေဟာ နောက်ထပ်လှိုင်းတခုအဖြစ် တိုင်းပြည်တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး မျက်နှာဖုံးတပ်ပြီး တိုးတိုးတိတ်တိတ်တမျိုး ဗြောင်တဖုံ၊ လှုပ်ရှားတိုက်ခတ်နေတယ်။ လှုပ်ရှားမှုတွေဟာ တစတစ ပိုမို တိုးများလာနေတယ်။ နယ်စပ်မှာ တိုက်ခတ်သလို ပြည်တွင်းမှာလဲ တိုက်ခတ်တာပါပဲ။ နယ်စပ်မှာ တိုက်ခတ်တဲ့ ရင်ကြားစေ့ရေးလေထုက သံတမန်ရေးလှုပ်ရှားမှုသဏ္ဌာန်နဲ့ တိုက်ခတ်သလို ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးပွဲစားတွေရဲ့ လှုပ်ရှားမှုအဖြစ်လဲ တိုက်ခတ်တယ်။ အမည်အမျိုးမျိုး ခံထားတဲ့ အဖွဲ့အစည်းတွေရဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ ညီလာခံပုံစံ၊ ဖိုရမ်ပုံစံ၊ ‌ဆွေးနွေးပွဲတွေ (တချို့)ကလဲ ငြိမ်းချမ်းရေးအမည်ခံ ရင်ကြားစေ့ရေး ရေစီး‌ကြောင်းအတိုင်း လိုက်ပါစီးမျောနေကြတယ်။ ပြည်တွင်းမှာဆိုရင်လဲ ဒီလို တိုင်းပြည်တည်ငြိမ်ရေး ငြိမ်းချမ်းရေးဝတ်ရုံခြုံပြီး အာဏာသိမ်းစစ်အုပ်စုနဲ့ ရင်ကြားစေ့ရေး၊ ပူးပေါင်းရေးကို တိုင်းပြည်အတွက် တခုတည်းသော ဖြေရှင်းနည်းအဖြစ် ပြောနေကြပြန်တယ်။ စင်စစ် ဒီနည်းဟာ တိုင်းပြည်အတွက် ဖြေရှင်းနည်း လုံးဝမဟုတ်ပါဘူး။ အာဏာသိမ်းစစ်အုပ်စုက သူတို့ရဲ့ ထွက်ပေါက်နဲ့ အကျပ်အတည်းလွတ်လမ်းအဖြစ် ဒီနည်းကို ပွဲထုတ်ချင်နေတာ ဖြစ်တယ်။… Read More »

လက်နက်ချရင် ဆုချမယ်တဲ့လား

လက်နက်ချရင် ဆုချမယ်တဲ့လား မောင်သန်းမြရွှေ အာဏာသိမ်းစစ်ကောင်စီက လက်နက်နဲ့အလင်းဝင်ရင် ဆုချမယ့်အကြောင်း မေလ ၉ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်လာတယ်။ ခင်ညွန့်လက်ထက် ဖိတ်ခေါ်တုန်းက လမ်းမှားရောက်သွားတဲ့ လူငယ်တွေ ပြန်လာရင် ခွင့်လွှတ်မယ်လို့ဆိုတယ်။ အခုက လက်နက်ယူလာရင် ဘယ်လောက်ဆုချမယ်လို့ ပြောလာတာဖြစ်တယ်။ NUG ကလည်း လက်နက်နဲ့ CDM လုပ်လာရင် သိန်းပေါင်းဘယ်လောက် ဆုချမယ်ပြောထားတာဖြစ်တော့ ဗမာပြည်ပြည်တွင်းစစ်မှာ လက်နက်ဈေး ဘယ်လောက်ကောင်းနေသလဲ သိနိုင်ပါတယ်။ လက်နက်အရောင်းအဝယ်ဘယ်လောက်ကောင်းနေ သလဲဆိုတာကိုပြသတာပါ။ လက်နက်ရဖို့ အမျိုးမျိုးအလှူခံပြီး ဘယ်လောက် လုံးပန်းနေကြသလဲ။ လက်နက်မှောင်ခိုဈေးကွက် ဘယ်လောက် သောင်းကျန်းနေသလဲ။ လက်နက်ရေသောက်မြစ်ရှိတဲ့ EAO တွေ ဘယ်လောက် စန်းပွင့်နေသလဲ။ လက်နက်ကို ချုပ်ရောင်းချုပ်ဝယ် လုပ်ချင်သူတွေလဲရှိလာတယ်။ စကစကို လျှော့မတွက်ဖို့လိုတယ်။ လူလည်လူပါးတွေပါ။ အလင်းဝင်လာသူက အရေးမကြီးဘူး လက်နက်ပါလာဖို့က ပိုအရေးကြီးပါတယ်။ လက်နက်ကို အားလုံးက ဘုရားလို ကိုးကွယ်လာနေပြီး (လေယာဉ်ပစ်လက်နက်အပါ) လက်နက်မရှိရင် တော်လှန်ရေးလုပ်လို့ မရတော့သလို ဖြစ်လာနေပြီ။ (လက်နက်ဆိုတာ ကိုင်တွယ်ပစ်ခတ်သူမရှိရင် တုတ်ဖြစ်သွားတာပဲ) ဒီလိုနဲ့… Read More »

ပဇီကြီး သင်ခန်းစာ

ပဇီကြီး သင်ခန်းစာ • (ပဇီကြီးကျေးရွာ အစုလိုက်အပြုံလိုက် လူသတ်ပွဲက သင်ကြားပေးလိုက်တဲ့ သင်ခန်းစာ) ဥဩချို စစ်ကောင်စီရဲ့ ပဇီကြီးကျေးရွာ လူသတ်ပွဲအတွင်း အသက်ဆုံးပါးသွားကြတဲ့ ပြည်သူ (၁၀၀) ကျော်အတွက် လွန်စွာ ဝမ်းနည်းကြေကွဲခြင်း ဖြစ်ရကြောင်း အဦးဆုံးပြောပါရစေ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှာ ဒီနေ့(၁၁-၄-၂၀၂၃) နံနက် ၇ နာရီဝန်းကျင်က ကျေးရွာလုံခြုံရေးရုံးခန်းဖွင့်ပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။ ပဇီကြီးကျေးရွာကသာမက အနီးအနား ပတ်ဝန်းကျင်ကျေးရွာတွေက လူထုတွေ တက်ရောက်တဲ့ပွဲပါ။ လူစုလူဝေးဖြစ်နေတဲ့အချိန်ကိုက်မှာပဲ (နံနက် ၇ နာရီ ၄၅ မိနစ်) စစ်ကောင်စီရဲ့ ဂျက်လေယာဉ်တစီး ရောက်ရှိလာပြီး ၂ ကြိမ်တိုင် လူစုလူဝေးအပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ Mi 35 ရဟတ်ယာဉ်တစီးနဲ့လည်း ၂၅ မိနစ်ကြာ ပစ်ခတ်ပြီး စိမ်ပြေနပြေ လူသတ်ပွဲကြီး ဆင်နွှဲခဲ့ပါတယ်။ အလောင်းတွေဟာ ခြေပြတ် လက်ပြတ်၊ ကိုယ်တပိုင်းပြတ်၊ အသားစတွေ ဖွာလန်ကြဲ မြင်မကောင်း မမြင်ရက်စရာ စစ်ကောင်စီရဲ့ လူမဆန် ရက်စက်လှတဲ့ လူသတ်ပွဲပါပဲ။ ကျေးရွာတွေက အမျိုးသမီးတွေ… Read More »