Category Archives: ပါတီစိန္ရတု

သံတမန်မျက်နှာစာက ဗမာပြည်နွေဦးအရေးတော်ပုံ

သံတမန်မျက်နှာစာက ဗမာပြည်နွေဦးအရေးတော်ပုံ (ကိုတူး) အများအာရုံစိုက် စောင့်ကြည့်နေတဲ့ အာဆီယမ်အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း ရဲ့ ဗမာပြည်ခရီးစဉ် (၂၉ ဇွန် – ၅ ဂျလိုင်) နဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ ရဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ၆နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး (၃ ဂျူလိုင် – ၅ ဂျူလိုင်) ဗမာပြည်ခရီးစဉ်များ ပြီးဆုံးသွားပါပြီ။ ပရက်ဆော့ခွန်းက ဗမာပြည်ပဋိပက္ခ ကြားဝင်ဆောင်ရွက်ဖို့ဖြစ်ပြီး၊ တပါတည်း ၇ ကြိမ်မြောက် မဲခေါင်-လန်ချန်း အစည်းအဝေးကို ကျန်အဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ တရုတ် မြန်မာ ကမ္ဘောဒီးယား လာအို ဗီယက်နမ် ထိုင်း တို့နှင့်အတူ အလှည့်ကျနိုင်ငံဖြစ်တဲ့ ဗမာပြည်ရဲ့ ရှေးဟောင်းမြို့တော်ပုဂံမှာ တက်ရောက်တာဖြစ်ပါတယ်။ ဝမ်ယီကတော့ သူ့ရဲ့အာရှငါးနိုင်ငံခရီးစဉ် (မြန်မာ အင်ဒိုနီးရှား ဖိလစ်ပိုင် ထိုင်း မလေး – —၃ ဂျူလိုင် မှ ၁၄ ဂျူလိုင်) ရဲ့ ပထမခရီးစဉ်အဖြစ် မဲခေါင်-လန်ချန်း အစည်းအဝေးတက်ဖို့ ဗမာပြည်ကို… Read More »

လူထုမှာ မကုန်ခန်းနိုင်တဲ့ အင်အားသတ္တိတွေရှိတယ်

လူထုမှာ မကုန်ခန်းနိုင်တဲ့ အင်အားသတ္တိတွေရှိတယ် (မောင်သန်းမြရွှေ) အာဏာသိမ်းစစ်ကောင်စီက PDF တွေ ပြောက်ကျားတပ်ဖွဲ့တွေကို လက်နက်ချအလင်းဝင်ရင် ကြိုဆိုမယ် လို့ ထုတ်ပြန်လာတယ်။ ဒီအရင်က (PDFတွေမပါ) လူမျိုးစုလက်နက်ကိုင် EAO များကိုပဲ မင်းအောင် လှိုင်ကိုယ်တိုင် ဆွေးနွေးမယ်လို့ ဖိတ်ခေါ်ပြီး သုံးရက်တဖွဲ့နှုန်းနဲ့ဆွေးနွေးပြနေပေမယ့် ၊ (လက်နက်ကိုင် တိုက်နေတဲ့) EAO အဖွဲ့ အများစုက မတက်ရောက်ပါဘူး။ အပစ်အခတ်ရပ်လက်စ အဖွဲ့အချို့နဲ့ သဏ္ဌာန်ဆောင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေပဲ လုပ်ပြနေပါတယ်။ ခုတလော မင်းအောင်လှိုင်ကိုယ်တိုင် ညောင်နှစ်ပင်ခန်းမ(ဟောင်း)ကို သွားကြည့်တဲ့ပုံနဲ့ ပြုပြင်မွမ်းမံဖို့ ညွှန်ကြားသွားကြောင်း သတင်းတွေဖော်ပြပြီး၊၂၀၀၈အောက်မှာ ၂၀၂၃ ရွေးကောက်ပွဲကို PR စနစ်နဲ့ ပြန်လုပ်ဖို့ ခြေလှမ်းတွေပြင်လာနေတယ်။ ပြည်တွင်းမှာ နိုင်ငံရေးသဘောထား ကွဲလွဲမှုကြောင့် ဆူပူအကြမ်းဖက်မှုတွေ ပေါ်ခဲ့ပေမယ့် အခုအခါ အေးချမ်းတဲ့အနေအထားကို ရောက်နေပြီလို့လည်း မင်းအောင်လှိုင်က ပြောပြန်တယ်။ ဒါတွေအားလုံးဟာ နိုင်ငံတကာဖိအား သံတမန်ဖိအားအောက်မှာ – ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါ တယ်လို့ လီဆယ်နိုင်ဖို့ မျက်နှာပြောင်တိုက် ထွက်ပြောလာတာပဲဖြစ်ပါတယ်။ တိုင်းပြည်မှာ တကယ်ဖြစ် ပျက်နေတာတွေက… Read More »

လူသတ်ဝါဒကျင့်သုံးပြီး တော်လှန်ရေးဒီရေကို ဟန့်တားလို့ရနိုင်မတဲ့လား။

လူသတ်ဝါဒကျင့်သုံးပြီး တော်လှန်ရေးဒီရေကို ဟန့်တားလို့ရနိုင်မတဲ့လား။(အရေးတော်ပုံစာတည်းအဖွဲ့ အာဘော်) မင်းအောင်လှိုင်စစ်ကောင်စီဟာ စစ်တပ်အားကိုးနဲ့ အာဏာသိမ်းပြီးကတည်းက တတိုင်းပြည်လုံး အတိုက်အခံများတင်မက လူထုကြီးကိုပါ တောရောမြို့ပါမကျန် ဖမ်းဆီး နှိပ်စက် သတ်ဖြတ် လုယက် မီးရှို့ ဖျက်ဆီး ထင်တိုင်းကြဲနေတာ အားလုံးအသိပါ။ အကြမ်းဖက်ဖိနှိပ် သတ်ဖြတ်ပြလိုက်ရင် တတိုင်းပြည်လုံး ငြိမ် ဝပ် ပိ ပြား သွားမယ်လို့တွက်ပြီး အာဏာသိမ်းခဲ့တဲ့ မင်းအောင်လှိုင်ဟာ၊ အာဏာသိမ်းပြီး တနှစ်ခွဲအကြာမှာ ထင်သလိုဖြစ်မလာဘဲ ကျယ်ပြန့်လာနေတဲ့ လက်နက်ကိုင်တော်လှန်ရေး မီးတောက်မီးလျှံများအောက်မှာ အရူးမီးဝိုင်းဖြစ်နေတာပါ။ ပြည်တွင်းပြည်ပ နိုင်ငံရေးဖိအား သံတမန်ရေးဖိအားတွေ လျော့ပါးစေဖို့ EAO များကို (ပုဂ္ဂိုလ်ရေးဆန်တဲ့) ငြိမ်းချမ်းရေးဆွေးနွေးပွဲများနဲ့ ဖြားယောင်းနေပေမယ့် လူလည်းမများ ပွဲလည်း မစည်ပါဘူး။ သူတို့ဟာ တဖက်ကို စေ့စပ်ရေးနဲ့ ဖြားယောင်းပြီး တဖက်ကို ဖိနှိပ်ရေးနဲ့ ချေမှုန်းဖို့ ကြံပါတယ်။ စစ်အုပ်စု စစ်အစိုးရအဆက်ဆက် အတိုက်အခံ နိုင်ငံရေးသမား တော်လှန်ရေးသမားများကို စစ်ပြေပြင်မှာ လမ်းမထက်မှာတင်မက၊ ကျွန်း ထောင် ကြိုးစင် တရားရုံး ပုလိပ်ဂတ် စစ်ကြောရေး စတဲ့… Read More »

စစ်အုပ်စုရဲ့စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချိရေး တိုက်ကွက်တခု

စစ်အုပ်စုရဲ့စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချိရေး တိုက်ကွက်တခု—–လှဝင်း ဗမာပြည်က ဖောက်ပြန်ရေးအစိုးရအဆက်ဆက်ဟာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ အရင်းခံ သဘောထားဟာ လက်နက်ချစေချင်တာပဲ။ သူတို့ကို လက်နက်ကိုင်တော်လှန်တာကို ဆက်မလုပ်စေချင်တာပဲ။ ဦးနုက ဒီမိုကရေစီ ဖွင့်ပေးမယ်၊ လာခဲ့ကြလို့ ပြောတော့ သခင်သန်းထွန်းက ဒါနဲ့ပတ်သက်လို့ အသေးစိတ်ဆွေးနွေးဖို့ စာပို့တယ်။ ဒီလို ဆွေးနွေးဖို့ကို ကျားမြီးဆွဲတာထက်ကြောက်တဲ့ ဦးနုက ဘာမှ ဆွေးနွေးမနေနဲ့၊ အရင်ဆုံးလက်နက်ချပြီး ဝင်ခဲ့ကြ။ အဲလိုဆို ဒီမိုကရေစီပေးမယ်လို့ ကြေညာခဲ့တာပဲ။ ဖဆပလ ဖောက်ပြန်ရေးအစိုးရကနေ ဒီနေ့ စစ်ကောင်စီအထိ သူတို့ရဲ့ အရင်းခံ သဘောထားက လက်နက်ချရေး။ ဒါပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ တွေ့ဆုံဆွေးနွေးရေး၊ NCA လမ်းကြောင်း နာမည်အမျိုးမျိုး တပ်တယ်။ ရည်ရွယ်ချက်ကတော့ လက်နက်ချရေးပဲ။ (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဟာ ပြည်တွင်းစစ်ကြောင့် ဒုက္ခဆင်းရဲကြီးစွာခံစားရတဲ့ ပြည်သူတွေကို စစ်မှန်တဲ့ငြိမ်းချမ်းရေး ရယူပေးလိုတဲ့ ဆန္ဒ ရှိကြပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မှာ ပါဝင်ပြီး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို စိတ်ရှည်သည်းခံပြီး ကြိုးပမ်းကြတဲ့အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ ဒါပေမဲ့… Read More »

မင်းအောင်လှိုင်ရဲ့ အသက်မပါတဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်

မင်းအောင်လှိုင်ရဲ့ အသက်မပါတဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်(ကိုတူး) စစ်တပ်ကအာဏာသိမ်းပြီး ၁၄ လ အကြာ ၂၂ ဧပြီ ၂၀၂၂ မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကိုယ်တိုင်မိန့်ခွန်းပြောပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်တယ် ။ စကစပြောခွင့်ရက PDF တွေ (အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်လို့) မပါဘူးလို့ပြောတယ်။ မကြာခင်မှာပဲ စစ်ကောင်စီ ကာကွယ်ရေးဦးစီးချုပ်ရုံးက ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားတဲ့ EAO များကို(အင်အားစု၊ လှုပ်ရှား၊ နယ်မြေချဲ့၊ နှောင့်ယှက်တိုက်ခိုက် လုပ်ရင်) တုံ့ပြန်သွားမယ်လို့ သတိပေးချက် ထုတ်ပြန်ပြန်တယ်။ မင်းအောင်လှိုင်ရဲ့ EAO များသို့ ငြိမ်းချမ်းရေးစကား ကမ်းလှမ်းချက်ဟာ အဖွင့်အပိတ်နဲ့ဖြစ်ပြီး (ဗမာပြည်ရဲ့နိုင်ငံရေးပြဿနာကိုကျေလည်အောင်ဖြေရှင်းလိုတဲ့)စေတနာမမှန်ရုံတင်မက ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့နေတာကို ဖော်ပြနေတယ်။တကယ်တော့ NCA စာချုပ်နဲ့ ၂၁ ပင်လုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုတာ ဦးသိန်းစိန် ဒေါ်စု အစိုးရအဆက်ဆက် လုပ်နေခဲ့တာ ဆယ်စုနှစ်တစုလောက် ကြာပါပြီ။ တပ်ချုပ်မူ ၆ ချက်အောက်မှာ တိုးတက်မှုမရှိဘဲ နောက်ဆုံး စစ်တပ်ကအာဏာသိမ်းတာနဲ့ နိဂုံးချုပ်ခဲ့ပြီးဖြစ်တယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့… Read More »

စစ်အာဏာရှင်တွေမျက်လှည့်ပြဖို့ပြင်နေပြန်ပြီ

စစ်အာဏာရှင်တွေမျက်လှည့်ပြဖို့ပြင်နေပြန်ပြီ (ရဲဘော်ဖိုးသံချောင်း) ပြီးခဲ့တဲ့ဧပြီလ ၂၂ရက်နေ့က ဗိုလ်မင်းအောင်လှိုင်က မြဝတီရုပ်သံလွှင့်ရာကနေပြီး တိုင်းရင်းသားခေါင်းဆောင်တွေနဲ့တွေ့မယ်၊ EAO ခေါင်းဆောင်တွေကို သူကိုယ်တိုင်လက်ခံ တွေ့မယ်၊ ဆွေးနွေးပြောဆိုချင်တယ်လို့ ကြေညာသွားပါတယ်။ အမှန်ပါပဲ။ သူ့ရဲ့ပြောစကားနဲ့လုပ်ရပ်ကြောင့် ဗမာပြည်နိုင်ငံရေးနယ်ပယ်မှာအတော် လှုပ်ရှားသွားပါတယ်။ “သို့လော၊ သို့လော”ပေါင်းများစွာ ပေါ်ထွက်လာပါတယ်။ သူပြောတာနဲ့တပြိုင်တည်းလိုလို ဒီတိုင်းပြည်အတွင်းမှာမြည်ဟည်း-ကြားနေရတာကတော့ တောင်ပေါ်နဲ့ မြေပြန့် မကျန် အနယ်နယ်အရပ်ရပ်က သေနတ်သံ၊ ဗုံးသံတွေပါပဲ။ နောက်ပြီး ပြည်သူလူထု တွေရဲ့ အော်ဟစ်ငိုမြည်သံနဲ့ တက်ခေါက်သံတွေပါ။ ဒီလိုအချိန်မျိုးမှာမှ စစ်အာဏာရှင်တွေက လေသံပျော့ပျော့၊ မျက်နှာရဲရဲနဲ့ပြောလာ တော့ တလောလေးကမှသူတို့က ပီဒီအက်ဖ်လိုပုန်ကန်သူတွေကို အပြတ်နှိမ်နင်းမယ်လို့ ကြုံးဝါးခဲ့တာကိုအားလုံးပြန်သတိရမိကြပါတယ်။ ဗိုလ်မင်းအောင်လှိုင်နဲ့တကွ စစ်အုပ်စုဝင်တွေရဲ့ ဒီလိုလုပ်ရပ်နဲ့စကားတွေကိုနားလည်ဖို့ဆိုရင် သူတို့ပြောသမျှကြေညာသမျှနဲ့ နားလည်ယူလို့မဖြစ်ဘူးဆိုတာ ဗမာပြည်နိုင်ငံရေး အကြောင်းသိတဲ့လူတိုင်းသဘောပေါက်ကြပါတယ်။ အခုအခါမှာ သင်းတို့တတွေ စစ်ရေး အရ နယ်စပ်မှာရော မြေပြန့်မှာပါ အထိနာနေ၊ သူတို့ရဲ့တပ်သားနဲ့အဆင့်အသီးသီးဗိုလ်တွေ CDM လုပ်တာတွေနဲ့ဆက်စပ်စဉ်းစားရမှာပါ။ ဗမာပြည်သားတွေကတော့ စစ်အုပ်စုထိပ်သီးတွေ ပါးစပ်ဟလိုက်တာနဲ့ အူတွေဘယ်လိုလိမ်ကောက်နေတယ်ဆိုတာကို မြင်ပြီးသားဖြစ်ပါ တယ်။ အခုဒီခြေလှမ်းဟာ သင်းတို့တတွေအားကြီးလို့(သဘောထားကြီးလို့လို့မဆိုပါ) လှမ်း တဲ့ခြေလှမ်းမဟုတ်ဘဲ စိုးရိမ်စရာအခြေအနေတွေနဲ့… Read More »

ယူကရိန်းနဲ့ဗမာပြည် ထပ်တူမပြုကြနဲ့

ယူကရိန်းနဲ့ဗမာပြည် ထပ်တူမပြုကြနဲ့ (လတ်တလောအခြေအနေ သုံးသပ်ချက်) မြစမ်းအေးယူကရိန်းစစ်ပွဲက ရုရှားနဲ့ ယူကရိန်းဖြစ်တာ၊ ပြည်ပကဝင်ရောက် တိုက်ခိုက်တာ။ ဗမာပြည်မှာက ပြည်တွင်းစစ်။ နှစ်ပေါင်းများစွာ ဖိနှိပ်အုပ်ချုပ်လာတဲ့ စစ်အစိုးရကို လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးက လက်နက်ကိုင်ဆန့်ကျင်လာတဲ့ နွေဦးတော်လှန်ရေး ဖြစ်တယ်။နောက်ခံအကြောင်းချင်း မတူဘူး။ ယူကရိန်းက ဆိုဗီယက်ပြိုကွဲပြီး ပေါ်ပေါက်လာတဲ့နိုင်ငံ။ အနောက်အုပ်စုက sponsor ပြု၊ ပံ့ပိုးထားတဲ့ အရောင်တော်လှန်ရေးနဲ့အတူ မင်းပြောင်းမင်းလွှဲ regime change ဖြစ်လာတဲ့နိုင်ငံ။ ဗမာပြည်က လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်သော်လည်း၊ နယ်ချဲ့ပေါင်းစုံကိုမှီခိုပြီး အချိန်အခါအလိုက် အရောင်ပြောင်းတတ်တဲ့ ဖက်ဆစ်စစ်အစိုးရ နှစ်ပေါင်း များစွာ ခြယ်လှယ်လွှမ်းမိုးလာတဲ့နိုင်ငံ ။ယူကရိန်းက စက်မှုအရင်းရှင်စနစ် ဖွံ့ဖြိုးတဲ့ အလယ်အလတ်ဆင့် ဥရောပနိုင်ငံ။ ဗမာပြည်က ဖွံ့ဖြိုးမှုအနိမ့်ဆုံး စာရင်းဝင် ခေတ်နောက်ကျတဲ့ လယ်ယာစိုက်ပျိုးရေး အာရှနိုင်ငံ။ယူကရိန်းက NATO စစ်အုပ်စု အရှေ့ဘက်တိုးချဲ့ရင်း ရုရှားလုံခြုံရေးကို ခြိမ်းခြောက်လာမှုနဲ့အတူ အမေရိကန်-ရုရှား ထိပ်တိုက်တိုးရာက အနေမတတ်လို့ ဓားစာခံဖြစ်ရတဲ့ အခြေအနေ။ ဗမာပြည်မှာ အိမ်နီးချင်းနိုင်ငံတွေ ဘယ်သူ့ဘယ်သူမှ စစ်ဖြစ်နေတာမဟုတ်ဘူး။ နှစ်ပေါင်းများစွာ ဘန်ဒေါင်းမူအရ… Read More »