ဝဘ်ဆိုဒ်စာမျက်နှာအသစ် www.cp-burma.org လွှင့်တင်ခြင်း

By | December 31, 2013

ရဲဘော်များ၊ မိတ်ဆွေများ၊ ပြည်သူများခင်ဗျာ

မင်္ဂလာနှစ်သစ် (၂၀၁၄) ပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။

ယနေ့မှစတင်ပြီး ကျနော်တို့ပါတီရဲ့ ဝဘ်ဆိုဒ်စာမျက်နှာအသစ် www.cp-burma.org ကို လွှင့်တင်လိုက်ပြီဖြစ်ပါတယ်။
ကျနော်တို့၏ အတတ်ပညာချို့ငဲ့မှုကြောင့် ယခင်ဝဘ်ဆိုဒ် ကာလအတန်ကြာရပ်ဆိုင်းသွားခဲ့ရသည့်အတွက်လည်း ရဲဘော်များ၊ မိတ်ဆွေများ၊ ပြည်သူများအား အနူးအညွတ်တောင်းပန်ပါတယ်။

ဝဘ်ဆိုဒ်စာမျက်နှာအသစ်ပေါ်မှနေ၍ ပြည်တွင်းပြည်ပ၌ ပေါ်ပေါက်ဖြစ်ပွားနေသည့် ဖြစ်စဉ်ဖြစ်ရပ်များအပေါ် ကျနော်တို့ပါတီ ရဲ့သဘောထားအမြင်များကို ဖြစ်ပေါ်နေသည့်အချိန်အခါ၊ အခြေအနေတို့နှင့်တပြေးညီ ရေးသားဖော်ပြသွားမှာဖြစ်ပြီး၊ ပါတီဗဟိုဝါဒဖြန့်ချိ ရေးဌာနနှင့် ပါတီဗဟိုသုတေသနဌာနတို့က အခါအားလျော်စွာထုတ်ဝေသည့် စာစောင်စာတမ်းများ၊ ဂျာနယ်များ၊ လေ့လာရေး စာတမ်း များကို ဤဝဘ်ဆိုဒ်စာမျက်နှာမှတဆင့် ရဲဘော်များ၊ မိတ်ဆွေများ၊ ပြည်သူများထံ ရေးသား၊ တင်ပြ၊ အစီရင်ခံသွားမှာ ဖြစ်ပါတယ်။

ထို့အပြင်လတ်တလောဖြစ်ပေါ်လာသည့် သတင်းအချက်အလက်များ၊ဖြစ်စဉ်ဖြစ်ရပ်များအပေါ်ကျနော်တို့ပါတီ၏ သဘောထား မှတ်ချက်များကို “သတင်းနှင့်မှတ်ချက်ကဏ္ဍ” မှ သတင်းအချက်အလက်နှင့် ဖြစ်စဉ်ဖြစ်ရပ်တစ်ခုချင်းအလိုက် ရေးသားတင်ပြသွားမှာလည်း ဖြစ်ပါတယ်။

Admin
www.cp-burma.org
၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်။

Leave a Reply

Your email address will not be published. Required fields are marked *