ရွှေအိုးမထမ်းရဘဲ သန်းရွှေပေးတဲ့ဒုက္ခအိုး ထမ်းနေရတဲ့ခေတ်(နီအောင်ဝေ)
ရွှေအိုးမထမ်းရဘဲ သန်းရွှေပေးတဲ့ဒုက္ခအိုး ထမ်းနေရတဲ့ခေတ် (နီအောင်ဝေ) စစ်အုပ်စုက ဒီမိုကရေစီ လမ်းပြမြေပုံ (၇) ချက်နဲ့ တဆင့်ပြီးတဆင့် ‘ဒီမိုကရေစီ အခင်းအကျင်း’ တခုကို ဦးတည်ပုံဖော်ခဲ့ပါတယ်။ ပြည်သူတွေက အညာမခံပါဘူး။ ၂၀၀၇ မှာ လူထုတိုက်ပွဲနဲ့ဖျက်သိမ်းပစ်ဖို့ကြိုးစားပါတယ်။ လူထုအုံကြွမှုကို ပြင်းပြင်းထန်ထန်ဖိနှိပ်ဖြိုခွဲပြီး တနှစ်မပြည့်ခင် ၂၀၀၈ နာဂစ်ကာလမှာ သူတို့စိတ်ကြိုက်ရေးထားတဲ့ အခြေခံဥပဒေကို အဓမ္မအတည်ပြုလိုက်တယ်။ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ စစ်တပ်ပါတီကြံ့ဖွံ့ကို အာဏာလွှဲပြီးတဲ့အခါ လမ်းပြမြေပုံအတိုင်း သူတို့လိုရာပန်းတိုင်ကို ရောက်သွားပါပြီ။ လမ်းပြမြေပုံရဲ့နောက်ဆုံးအဆင့်ဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးဆိုတာဟာ သူတို့ရဲ့ပန်းတိုင်ပါ။ ဒါပေမဲ့ အဲဒီလို သူတို့တည်ဆောက်ထားတဲ့ ဒီမိုကရေစီအရေခြုံ နိုင်ငံတော်သစ် မပြိုလဲအောင် ထိန်းသိမ်းဖို့၊ ကာကွယ်စောင့်ရှောက်ဖို့လိုပါသေးတယ်။ စစ်အုပ်စု ထူထောင်ပေးတဲ့ ဒီမိုကရေစီ နိုင်ငံတော်ဆိုတာကို ကြံ့ဖွတ်အစိုးရလို စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရတွေနဲ့တင် ရေရှည်တည်မြဲအောင် လုပ်လို့မရပါဘူး။ ရွှေရည်စိမ်ဆိုတာ အရောင်ကျွတ်မှာပါ။ ပုံမှန် အရောင်ပြန်တင်ပေးဖို့လိုပါတယ်။ ရွေးကောက်ပွဲတွေက ငါးနှစ်တခါ ရွှေရည်စိမ်တဲ့အလုပ်ကို လုပ်တာပါ။ တစညလို ကြံ့ဖွံ့လိုပါတီတွေနဲ့ပြည်သူကို ဆက်ပြီးညာချဖို့မလွယ်တာ သူတို့သိပါတယ်။ ဒါကြောင့် အတုအယောင် ပြည်သူ့ဘက်သားတွေ၊ အင်အားစုတွေ ဖန်တီးပါတယ်။ ထိပ်တန်း စစ်ဗိုလ်ချုပ်ကစလို့… Read More »