Category Archives: ဆောင်းပါး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဌာနချုပ်ဗမာပြည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်။ သို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဌာနချုပ်ဗမာပြည်။ အကြောင်းအရာ။ ။ ရဲဘော်တို့၏ပါတီတည်ထောင်ခြင်း ၃၅ နှစ်ပြည့်မြောက်ခြင်းအတွက် သဝဏ်လွှာပေးပို့ခြင်း။ ရဲဘော်များခင်ဗျား- ဗမာပြည်၏ ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့်အတူ ပေါ်ထွက်လာခဲ့သော သင်တို့၏လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခဲ့သည်မှာ (၃၅) နှစ် တင်းတင်းပြည့်ပြီဖြစ်ကြောင်းသိရသောကြောင့် ဦးစွာအားဖြင့် ကျွန်တော်တို့အနေဖြင့် ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့် လက်ရှိနွေဦးတော်လှန်ရေးကြီးအတွင်း ပုံစံအမျိုးမျိုးဖြင့်ပါဝင်ခဲ့ကြသော သင်တို့အားလည်းကောင်း၊ ဗမာပြည် ပြည်သူလူထုကြီးအားလည်းကောင်း လေးစားစွာဖြင့် ဂုဏ်ပြုနှုတ်ခွန်းဆက်သလိုက်ပါသည်။ ဆိုးဝါး၊ ယုတ်မာ၊ ရက်စက်လှသော စစ်အာဏာရှင်များ၏ ဖိနှိပ်အုပ်ချုပ်မှုအောက်၌ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ယခုကဲ့သို့ (၃၅) နှစ်မျှ ရပ်တည်လှုပ်ရှားနိုင်ခဲ့ခြင်းကို အသိအမှတ်ပြု၊ ချီးကျူးအပ်ပါသည်။ ကောက်ကျစ်ယုတ်မာသော စစ်အာဏာရှင်များသည် သူတို့က ရက်ရက်စက်စက်သတ်ဖြတ်နေသည့်အကြားက ပေါ်ထွက်ထွန်းပြောင်လာခဲ့သော သင်တို့၏ပါတီကို မည်မျှအညှိုးထား၊ မုန်းတီးမည်ဆိုသည်မှာ အထူးပြောဖွယ်မရှိပင် ဖြစ်သည်။ သို့တိုင်အောင် အခက်အခဲကိုမကြောက်၊ ရက်စက်မှုကို ထီမထင် ဆက်လက်ချီတက်နေကြခြင်းမှာ ရဲဘော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဂုဏ်လက္ခဏာတစ်ရပ်ဟုပင် မဖုံးမကွယ်အသိအမှတ်ပြုရပါမည်။ ထို့နည်းတူ ရဲဘော်တို့ပါတီအနေဖြင့် မိမိတို့အလံနှင့်အခန်းကဏ္ဍကို ဆက်လက် ထိန်းသိမ်းရွက်ဆောင်ကာ ပြည်သူလူထုကြီးနှင့်အတူ ချီတက်ကြမည်ဟုလည်း… Read More »

စစ်အာဏာကို စွဲချက်တွေနဲ့ ကာကွယ်နေတဲ့ အာဏာသိမ်း စစ်အုပ်စု

စစ်အာဏာကို စွဲချက်တွေနဲ့ ကာကွယ်နေတဲ့ အာဏာသိမ်း စစ်အုပ်စု ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်ရန်နိုင်စိုးတို့ကို ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ချသည်။ စစ်အုပ်စုရဲ့ စစ်ခုံရုံးက နိုင်ငံတော်သစ္စာဖောက်မှု၊ အကျင့်ပျက်ခြစားမှုစွဲချက်များဖြင့် ပြစ်ဒဏ်စီရင်ခြင်းဖြစ်သည်။ စစ်အုပ်စုအဆက်ဆက်သည် စစ်အာဏာကာကွယ်ဖို့အတွက် သူတို့ စစ်အုပ်စုအဖွဲ့ဝင်အပါ စစ်အရာရှိများကိုဖယ်ရှားဖို့ စွဲချက်တင်ရာ၌ အကျင့်ပျက်ခြစားမှုနှင့် စီးပွားရေးမသမာမှုများကို အကြောင်းပြလေ့ရှိတတ်သည်။ ဗိုလ်ခင်ညွန့်တုန်းကလဲ ဒီလိုပဲ။ ဒီတခါလဲ ဒီလိုပဲ။ ဒါပေမဲ့ စီးပွားရေးအကြောင်းပြချက်ဖြစ်တဲ့ အကျင့်ပျက်ခြစားမှုနဲ့ တကယ်တမ်းအရေးယူမည်ဆိုလျှင် စစ်အုပ်စုတခုလုံး လွတ်လမ်းမမြင်။ ဒီတခါ သူတို့ ဖြုတ်ထုတ်- ပြစ်ဒဏ်ချမှုရဲ့ အဓိကအကြောင်းရင်းက သူတို့စစ်အုပ်စုတခုလုံးရဲ့အကျိုးစီးပွားကို ထိခိုက်သွားမှာစိုး၍ ရှင်းပစ်လိုခြင်းဖြစ်သည်။ ဒါအပြင် ဒီတခေါက်စွဲချက်တင်ရာမှာ နိုင်ငံတော်သစ္စာဖောက်မှုဟူသောစွဲချက်ကို မဖုံးမကွယ်ဖော်ပြလာသည်။ နိုင်ငံတော်သစ္စာဖောက်မှုဆိုတာက စစ်အုပ်စုကိုသစ္စာဖောက်ဖို့ကြံရွယ်ခြင်းကို ဆိုလိုသည်။ သူတို့ပြောနေတဲ့ နိုင်ငံတော်ဆိုတာ တကယ်တမ်းမှာ စစ်အုပ်စုသာဖြစ်သည်။ နောက်တခုမြင်သာသည်က သူတို့ လက်ကိုင်တုတ်စစ်တပ် အားနည်းယုတ်လျော့လာခြင်းနှင့်အတူ သူတို့စစ်အုပ်စုတွင်း အက်ကြောင်းရာတွေဖြစ်ထွန်းလာခြင်းပင် ဖြစ်သည်။ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းဆိုတာ စစ်ကောင်စီအဖွဲ့ဝင်တဦးပဲ မဟုတ်လား။ စစ်ဖက်ထဲကသာမက၊ သူတို့အာဏာထိပါးနိုင်သည်ဟု သူတို့ထင်နေသူများကို ဘယ်သူ့မဆို ဘယ်ပါတီအဖွဲ့အစည်းမဆို သူတို့က ဉာဏ်နီဉာဏ်နက်အမျိုးမျိုးထုတ်ပြီး… Read More »

ကျားနှင့်မိကျောင်း နှစ်ကောင်ကြားက ထိုင်းနိုင်ငံရေး

ကျားနှင့်မိကျောင်း နှစ်ကောင်ကြားက ထိုင်းနိုင်ငံရေး ရဲရင့်သံလွင် အပိုင်း(၃) ၁၉၇၆ အောက်တိုဘာလ သွေးမြေကျအစုလိုက်အပြုံလိုက်လူသတ်ပွဲကြီး အပြီးမှာ အင်ဒိုချိုင်းနားကနေ အမေရိကန်တပ်တွေဆုတ်ခွာချိန် အတွင်း ကွန်မြူနစ်နှိမ်နင်းရေးနဲ့ နိုင်ငံကိုပိုတင်းတင်းကျပ်ကျပ်အုပ်စိုးဖို့ စစ်အာဏာသိမ်းပွဲ တစ်ခု ဖြစ်ပေါ်လာခဲ့တယ်။ အရပ်သားအစိုးရအုပ်စိုးမှု တွေကလဲ မတည်မငြိမ်ဖြစ်လိုက်၊ ညွန့်ပေါင်းအစိုးရအမျိုးမျိုးပြောင်းလဲဖွဲ့စည်းလိုက်ဖြစ်နေသလို အရပ်သားအစိုးရကိုခဏနားစေပြီး စစ်တပ်က လွှတ်တော်ဖျက်သိမ်း မာရှယ်လောထုတ် ဥပဒေကဲ့သို့အမိန့်တွေနဲ့အုပ်ချုပ်ကြပြန်တယ်။ ၁၉၉၇ ခြေဥကတော့အစိုးရအာဏာကို ထိန်းကျောင်းဖို့ အထိန်းအထေဥပဒေတွေ၊ အခြေခံဥပဒေခုံရုံးတွေ၊ အုပ်ချုပ်ရေးကိုထိန်းကျောင်းတဲ့ ခုံရုံးတွေ၊ သီးခြားစီခွဲပြီး ရွေးကောက်ရတဲ့ ဆီးနိတ်စနစ်တွေ၊ ရွေးကောက်ပွဲကြီးကြပ်ထိန်းသိမ်းရေးကော်မတီတွေဖွဲ့စည်းစေခဲ့တယ်။ ဒီခြေဥအောက်မှာ အရပ်သားအစိုးရနှစ်ဆက်လောက် တည်ငြိမ်စွာအုပ် စိုးလာတုံး ၁၉၉၁ မှာ စစ်အာဏာသိမ်းပွဲပေါ်လာပြီး စစ်အစိုးရက NPKC ဆိုတဲ့ငြိမ်းချမ်းရေးထိန်းသိမ်းရေးကောင်စီအဖြစ်နဲ့ အုပ်စိုးလိုက်တယ်။ နောက်တော့ ဘုရင့်အမိန့်နဲ့ အရပ်သားအများစုပါတဲ့ ကြားဖြတ်အစိုးရတစ်ခုကိုဖွဲ့ပြီး ၁၉၉၂ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြန်တယ်။ ရွေး ကောက်ပွဲကျင်းပတယ်ဆိုပေမယ့် ဒီရွေးကောက်ပွဲမှာ အနိုင်ရသူတွေက ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆူချင်ဒါကို ဝန်ကြီးချုပ်အဖြစ် တင် မြှောက် လိုက် ကြတယ်။ ဒီအခါမှာ လူထုကြီးက ငြိမ်မခံတော့ဘဲ လမ်းပေါ်ထွက်လာကြတယ်။… Read More »

ကျားနှင့်မိကျောင်း နှစ်ကောင်ကြားက ထိုင်းနိုင်ငံရေး

ကျားနှင့်မိကျောင်း နှစ်ကောင်ကြားက ထိုင်းနိုင်ငံရေး ရဲရင့်သံလွင် အပိုင်း(၂) ဘန်ကောက်တမြို့ထဲမှာတောင် တိုက်ခန်း လွတ် ၅ သိန်းလောက်ဖြစ်လာတယ်။ မိသားစုကြီးတွေကတော့ ဘဏ်တွေကအလွယ်တကူချေးငွေတွေရပြီး ဆောက်လုပ်ရေးတွေတိုးချဲ့နေဆဲ ဖြစ်ပါတယ်။ အမှန်တော့ ထိုင်းဘဏ်တွေဟာ ဗဟိုဘဏ်ရဲ့တင်းကျပ်တဲ့စည်းမျဉ်းနဲ့ ချုပ်ကိုင်ထားတဲ့ဘဏ်တွေဖြစ်ပါတယ်။ ဒါပေမဲ့အဲဒီမိသားစု ကြီး ၅ ခုမှာ နိုင်ငံရေးနဲ့ဆက်နွယ်နေတဲ့ အာဏာတွေရှိနေကြတော့ ထိုင်းဗဟိုဘဏ်လဲ ချေးငွေကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူး။ ငွေတွေဖော ချင်း သောချင်းလိုသလောက်ရနေတော့ အဲဒီအိုလီဂါ့ဘီလီယံနာတွေဟာ စီးပွားရေးနယ်ပယ်အသီးသီးမှာ လက်ဝါးကြီးအုပ်ပြီး ဘဏ်ကချေးငွေ ကိုအသုံး ပြုတဲ့ အတိုးအမြတ်ယူတဲ့လုပ်ငန်းတွေ ငှားရမ်းခတွေ အခွန်အခတွေကို ထုတ်ယူလို့လဲရနေကြတယ်။ သူတို့လက်ဝါးကြီး အုပ်မှုကို မ လှန်နိုင်တဲ့ အလတ်စားနဲ့ အငယ်စားလုပ်ငန်းလေးတွေ အထောင်အသောင်း စီးပွားပျက်ကုန်ကြတယ် ။ ထိုင်းနိုင်ငံက အိမ်ထောင်စု တစ်ခု တိုင်းတင် ရှိနေတဲ့ ကြွေးမြီပမာဏဟာ ထိုင်းတနိုင်ငံလုံး GDP ရဲ့ ၇၉% ရှိနေချိန်မှာ အဲဒီလုပ်ငန်းစုကြီး ၅ ခုဟာ မြို့တော်မှာရော အခြားမြို့ကြီး တွေမှာပါ လက်လီ ကုန်တိုက်တွေ ဈေးဝယ်စင်တာတွေ အလုံးအရင်းဖွင့်လှစ်နေကြတယ်။… Read More »

ကျားနှင့် မိကျောင်း နှစ်ကောင်ကြားက ထိုင်းနိုင်ငံရေး

ကျားနှင့် မိကျောင်း နှစ်ကောင်ကြားက ထိုင်းနိုင်ငံရေး ရဲရင့်သံလွင် အပိုင်း(၁) ၁။ ဟောင်ကောင်မဟာ့မဟာ အရောင်းအဝယ်ပွဲ ၂၀၁၄ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒုတိယအကြိမ်အဖြစ်ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲကို ၂၀၂၃ မေလတွင်ကျင်းပခဲ့ပြီး ရလဒ် ကိုလည်းရှင်းရှင်းလင်းလင်းသိခဲ့ကြပါပြီ။ အောက်လွှတ်တော်အမတ်နေရာ ၅၀၀ အနက် အာဏာလက်ရှိ ကာချုပ်တဖြစ်လဲ ဝန်ကြီးချုပ် ပရာ ယွတ်ချန်အိုချားပါတီက ၃၆ နေရာနှင့် သူ့မဟာမိတ် ဗိုလ်ချုပ်ကြီး ပရာဝစ်ဝန်ဆူးဝမ်ရဲ့ ပါတီက အမတ် နေရာ ၄၀ ပဲ ရကြပြီး မျက်နှာသစ် ဖြစ်တဲ့ ရှေ့သို့ချီပါတီ Move Forward က အမတ် ၁၅၁ နေရာ၊ ယခင်အတိုက်အခံဟောင်း ရှပ်နီ ဖွေထိုင်းပါတီ PhueThai က အမတ် ၁၄၁ နေရာရရှိခဲ့ကြတယ်။ အဲဒီရွေးကောက်ပွဲရလဒ်ကိုကြည့်ရုံနဲ့ ရှေ့သို့ချီပါတီနဲ့ ဖွေထိုင်းပါတီ နှစ်ခုပေါင်း အမတ်နေရာ၂၉၂ နေရာဟာ အမတ် ၅၀၀ အောက်လွှတ်တော်မှာ အပြတ်အသတ်အများစုအင်အားအဖြစ် တန်းသိနိုင်တယ်။ သူတို့ ၂ ပါတီအပြင် တခြားတိုးတက်တဲ့ပါတီ ၅ ခု… Read More »

ဗမာပြည်ကွန်မြူနစ်ပါတီ ၈၄ နှစ်မြောက် ပါတီနေ့အတွက် သစ္စာအဓိဋ္ဌာန်

ဗမာပြည်ကွန်မြူနစ်ပါတီ ၈၄ နှစ်မြောက် ပါတီနေ့အတွက် သစ္စာအဓိဋ္ဌာန် (ဗမာပြည် ပြည်တွင်းပြည်ပရှိ ဗမာပြည်ကွန်မြူနစ်ပါတီဝင်များနဲ့ စစ်ဒေသအသီးသီးရှိ PLA တပ်ဖွဲ့ဝင်များအတွက်) • ငါတို့သည် မာ့က်စ်ဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်းအတွေးအခေါ်အပေါ် ထာဝစဉ်သစ္စာရှိပါမည်။ • ဂုဏ်ရောင်ပြောင်သော ဗမာပြည်ကွန်မြူနစ်ပါတီ၏ သမိုင်းအစဉ်အလာကို ဆက်ခံထိန်းသိမ်းပြီး ပါတီအလံတော်ကို မြင့်မြင့်မားမား လွှင့်ထူသွားပါမည်။ • ဥက္ကဋ္ဌသခင်သန်းထွန်း၊ ဥက္ကဋ္ဌသခင်ဇင်၊ အတွင်းရေးမှူး သခင်ချစ် ၊ ဥက္ကဋ္ဌ သခင်ဗသိန်းတင်၊ အတွင်းရေးမှူး ရဲဘော်ထွန်းနှင့်တကွ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးတိုက်ပွဲအ တွင်း ကျဆုံးသွားသော အာဇာနည်ရဲဘော်များအပေါ် သစ္စာရှိပါမည်။ • ငါတို့သည် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး၊ ဆိုရှယ်လစ်တော်လှန်ရေး… ထိုမှတဆင့် ကွန်မြူ နစ်စနစ် ထူထောင်ရေးအထိ မျှော်မှန်း၍ ရာသက်ပန်တော်လှန်ရေးသမားအဖြစ် ခံယူကာ လုံးပန်းအားထုတ် တိုက်ပွဲဝင်သွားပါမည်။ • ငါတို့သည် – ဥက္ကဋ္ဌသခင်သန်းထွန်း၏ ဇွဲလုံ့လကို အတုယူသွားပါမည်။ – ဥက္ကဋ္ဌ၏ စွန့်လွှတ်မှုနဲ့ အကျင့်သိက္ခာသန့်စင်မှုကို အတုယူသွားပါမည်။ – ဥက္ကဋ္ဌကဲ့သို့ သေရဲ၊ တိုက်ရဲ၊ အနိုင်ယူရဲသည့် စိတ်ဓာတ်ကို… Read More »

အမေရိကန်အကျ

အမေရိကန်အကျ မြစမ်းအေး အနောက်အုပ်စု အူမြူးနေတဲ့ Wagner ဝက်ဂနာကြေးစားတပ် ပုန်ကန်မှုဟာ မှေးမှိန်ပျောက်ကွယ် သွားပါပြီ။ ပုန်ကန်မှုဟာ ရှရှားစစ်တပ် ခေါင်းဆောင်ပိုင်းအတွင်းမှ အားပြိုင်မှုဖြစ်ပြီး၊ ပူတင်အနေနဲ့ အားလျော့တာ အားကြီးတာ ဖြစ်မှာမဟုတ်ပါဘူး။ စစ်မြေပြင် အခြေအနေလည်း ပြောင်းလဲမသွားပါဘူး။ ဝက်ဂနာခေါင်းဆောင်ရဲ့ မန်တက်မှုအပေါ် ယူကရိန်းမှ အမြတ်မထုတ်နိုင်ခဲ့ပါ။ ရုရှားခံစစ်ကို ထိုးဖောက်ပြီး အဇော့ပင်လယ် Sea of Azov ကို အရှေ့တောင်ဘက်မှ ချဉ်းကပ်ကာ ခရိုင်းမီးယားသို့ ဆက်သွယ်ရာလမ်းကြောင်းကို ဖြတ်တောက်ဖို့ဆိုတဲ့ (ယူကရိန်း)ရည်မှန်းချက်ဟာ မဖြစ်နိုင်တော့တာ ထင်ရှားလာပါတယ်။ ဒါကြောင့် ယူကရိန်းစစ်အတွင်း အရေးအကြီးဆုံးအရာဟာ ယူကရိန်းနိုင်ငံနှင့် နိုင်ငံသူနိုင်ငံသားများရဲ့ ကံကြမ္မာပဲဖြစ်တယ်ဆိုတဲ့ အခြေခံပဋိပက္ခအပေါ် ပြန်လည်အာရုံစိုက်လာပါတယ်။ စစ်ရေးထိပ်တိုက်တွေ့မှုဟာ စတင်ဖြစ်ပွားပြီး သီတင်းပတ်အချို့အကြာမှာ ပြီးဆုံးဖို့ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မနှစ်က မတ်လထဲမှာ ပူတင်နဲ့ဇာလင်စကီးတို့အကြား၊ ရုရှားတပ်များရုပ်သိမ်းဖို့နဲ့ အပြန်အလှန်အားဖြင့် ယူကရိန်းဟာ ထာဝရကြားနေနိုင်ငံအဖြစ် ဖွဲ့စည်အုပ်ချုပ်ပုံထဲမှာ ထည့်သွင်းရေးဆွဲဖို့ ဆိုတာကို သဘောတူလုနီး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကိဖ်(ယူကရိန်း)ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ကိုယ်တိုင် ရေးဆွဲကာ လက်မှတ်ရေးထိုးထားတဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်ကို… Read More »