အမေရိကန်ရဲ့ ယူကရိန်းအိပ်မက်
အမေရိကန်ရဲ့ ယူကရိန်းအိပ်မက် မြစမ်းအေး ယူကရိန်းတန်ပြန်ထိုးစစ် ရှုံးနိမ့်သွားပြီ။ ထိုးစစ်အစပိုင်းမှာ အချက်အလက် မပြည့်စုံတာကြောင့် ခန့်မှန်းဖို့ခက်ခဲသော်လည်း၊ ယခုအခါမှာ ယူကရန်းစစ်တပ်ဟာ ရှေ့တန်းစစ်မျက်နှာစာမှာ ဆက်လက်တိုက်ခိုက် နေသေးသော်လည်း မထိန်းချုပ်နိုင်တော့ဘူးဆိုတာ ထင်ရှားလာပါတယ်။ ကိဖ် Kyiv အစိုးရဟာ ဒွန်းဘတ်စ်ရုရှားခံစစ်ကြောင်း ပထမစည်းကိုပင် မချဉ်းကပ်နိုင်ပဲ လူသူလက်နက် အမြောက်အမြား ဆုံးရှုံးသွားပါတယ်။ အနောက်အုပ်စုဟာ ယူကရိန်းပြည်သူတွေရဲ့ အသက်ကို ထည့်မတွက်ဘူး။ ကိဖ်(ယူကရိန်း)အစိုးရကလည်း ငွေကြေးနဲ့ စစ်လက်နက် ဆုံးရှုံးမှုကိုသာတွက်ချက်ပြီး လူ့အသက်တွေ ဆုံးရှုံးတာကို စာရင်းထဲမထည့်ဘူး။ ဇွန် ၁၉ Bloomberg News ဖော်ပြချက်အရ ဥရောပသမဂ္ဂ EU မှ ယူကရိန်းသို့ ဘဏ္ဍာရေးအထောက်အပံ့ နောက်ထပ် ယူရို ၅၀ ဘီလီယံ (ဒေါ်လာ ၅၅ ဘီလီယံ) ပေးဖို့ရှိတယ်လို့ဆိုတယ်။ ဥရောပသမဂ္ဂအနေနဲ့ သူတို့အပေါ် ဝန်မိမှာကိုရှောင်ရှားတဲ့အနေနဲ့ အထောက်အပံ့၊ ဦးစားပေးချေးငွေ၊ အာမခံ စတဲ့ပုံစံများနဲ့ ပေးမှာဖြစ်ပါတယ်။ မဟာမိတ်ဥရောပနိုင်ငံတွေ စီးပွားရေးနွံနစ်နေသော်လည်း အမေရိကန်အဖို့ အခြေအနေကောင်းနေတာ မဟုတ်ပါဘူး။ အမေရိကန်ဘီလီယံနာနဲ့ ကွန်ဆာဗေးတစ်ခေါင်းဆောင် ဒေးဗစ်ဆက်စ်… Read More »