စစ်အာဏာရှင်တွေမျက်လှည့်ပြဖို့ပြင်နေပြန်ပြီ
စစ်အာဏာရှင်တွေမျက်လှည့်ပြဖို့ပြင်နေပြန်ပြီ (ရဲဘော်ဖိုးသံချောင်း) ပြီးခဲ့တဲ့ဧပြီလ ၂၂ရက်နေ့က ဗိုလ်မင်းအောင်လှိုင်က မြဝတီရုပ်သံလွှင့်ရာကနေပြီး တိုင်းရင်းသားခေါင်းဆောင်တွေနဲ့တွေ့မယ်၊ EAO ခေါင်းဆောင်တွေကို သူကိုယ်တိုင်လက်ခံ တွေ့မယ်၊ ဆွေးနွေးပြောဆိုချင်တယ်လို့ ကြေညာသွားပါတယ်။ အမှန်ပါပဲ။ သူ့ရဲ့ပြောစကားနဲ့လုပ်ရပ်ကြောင့် ဗမာပြည်နိုင်ငံရေးနယ်ပယ်မှာအတော် လှုပ်ရှားသွားပါတယ်။ “သို့လော၊ သို့လော”ပေါင်းများစွာ ပေါ်ထွက်လာပါတယ်။ သူပြောတာနဲ့တပြိုင်တည်းလိုလို ဒီတိုင်းပြည်အတွင်းမှာမြည်ဟည်း-ကြားနေရတာကတော့ တောင်ပေါ်နဲ့ မြေပြန့် မကျန် အနယ်နယ်အရပ်ရပ်က သေနတ်သံ၊ ဗုံးသံတွေပါပဲ။ နောက်ပြီး ပြည်သူလူထု တွေရဲ့ အော်ဟစ်ငိုမြည်သံနဲ့ တက်ခေါက်သံတွေပါ။ ဒီလိုအချိန်မျိုးမှာမှ စစ်အာဏာရှင်တွေက လေသံပျော့ပျော့၊ မျက်နှာရဲရဲနဲ့ပြောလာ တော့ တလောလေးကမှသူတို့က ပီဒီအက်ဖ်လိုပုန်ကန်သူတွေကို အပြတ်နှိမ်နင်းမယ်လို့ ကြုံးဝါးခဲ့တာကိုအားလုံးပြန်သတိရမိကြပါတယ်။ ဗိုလ်မင်းအောင်လှိုင်နဲ့တကွ စစ်အုပ်စုဝင်တွေရဲ့ ဒီလိုလုပ်ရပ်နဲ့စကားတွေကိုနားလည်ဖို့ဆိုရင် သူတို့ပြောသမျှကြေညာသမျှနဲ့ နားလည်ယူလို့မဖြစ်ဘူးဆိုတာ ဗမာပြည်နိုင်ငံရေး အကြောင်းသိတဲ့လူတိုင်းသဘောပေါက်ကြပါတယ်။ အခုအခါမှာ သင်းတို့တတွေ စစ်ရေး အရ နယ်စပ်မှာရော မြေပြန့်မှာပါ အထိနာနေ၊ သူတို့ရဲ့တပ်သားနဲ့အဆင့်အသီးသီးဗိုလ်တွေ CDM လုပ်တာတွေနဲ့ဆက်စပ်စဉ်းစားရမှာပါ။ ဗမာပြည်သားတွေကတော့ စစ်အုပ်စုထိပ်သီးတွေ ပါးစပ်ဟလိုက်တာနဲ့ အူတွေဘယ်လိုလိမ်ကောက်နေတယ်ဆိုတာကို မြင်ပြီးသားဖြစ်ပါ တယ်။ အခုဒီခြေလှမ်းဟာ သင်းတို့တတွေအားကြီးလို့(သဘောထားကြီးလို့လို့မဆိုပါ) လှမ်း တဲ့ခြေလှမ်းမဟုတ်ဘဲ စိုးရိမ်စရာအခြေအနေတွေနဲ့… Read More »