နှစ် ၁၅၀ မြောက် ပဲရစ်ကွန်မြွန်း တော်လှန်ရေးပုံစံပြာ (မြစမ်းအေး)
နှစ် ၁၅၀ မြောက် ပဲရစ်ကွန်မြွန်း တော်လှန်ရေးပုံစံပြာ (မြစမ်းအေး) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ် -၅ မှာ ဖော်ပြမယ့်ဆောင်းပါး ကွန်မြွန်း(ဘုံအဖွဲ့)အဓွန့်ရှည်ပါစေဆိုတဲ့ မိုးခြိမ်းသံနဲ့အတူ မတ်လ ၁၈ (၁၈၇၁) မှာ ပဲရစ်ဟာ နိုးထလာတယ်။ သာမန်အလုပ်သမားများဟာ အုပ်စိုးသူအခွင့်ထူးခံလူတန်းစားရဲ့ သဘာဝအရစိုးမိုးမှုဆိုတာကို ပထမဆုံးအကြိမ် ချိုးဖျက်အန်တုလိုက်တဲ့အခါ … မြို့တော်ခန်းမထက်မှာလွင့်ပျံနေတဲ့ အလုပ်သမားသမ္မတနိုင်ငံတော်ရဲ့သင်္ကေတ အနီရောင်အလံတော်အောက်မှာ ကမ္ဘာဟောင်းဟာ ကြောက်လန့်ချောက်ချား အလူးလူးအလဲလဲ ဖြစ်သွားတယ်။ (ကားလ်မာ့က်စ်၊ ပြင်သစ်ပြည်တွင်းစစ်)” ပြင်သစ်-ပရပ်ရှား(ယခုဂျာမနီ)စစ်ပွဲ ပြီးဆုံးတဲ့ကာလပိုင်း ၁၈၇၁ မတ်လ ၁၈ ရက်နေ့ ပဲရစ်မှာဖြစ်ပွားတဲ့အုံကြွမှုဟာ ၁၉ရာစု ဥရောပအရင်းရှင်လူ့အဖွဲ့အစည်းရဲ့အဆောက်အအုံကို ဖောက်ခွဲလိုက်ပါတယ်။” ၇၂ ရက်ကြာ လူမှုအုံကြွမှုကြီးဟာ အလုပ်သမားများရဲ့တော်လှန်ရေးအတွက် စံနမူနာ ပုံစံပြာ ဖြစ်ခဲ့ပါတယ်။ “နောင် ၄၆ နှစ်အကြာမှာ ပေါ်ပေါက်လာပြီး ၂၀ရာစု လူတန်းစားတော်လှန်ရေးသမိုင်းကို လွှမ်းမိုးခဲ့တဲ့ ၁၉၁၇ ရုရှားတော်လှန်ရေးအတွက် အခြေခံတွေကို ပဲရစ်ကွန်မြွန်းသင်ခန်းစာများက ချမှတ်ပေးခဲ့ပါတယ်။ ၁၇၈၉ ပြင်သစ်တော်လှန်ရေးအတွင်း ပြင်သစ်ပဒေသရာဇ်များအားကွပ်မျက်တာ ပြည်နှင်တာတွေဖြစ်ပွားပြီးနောက်၊ အရင်းရှင်လူတန်းစားအတွက် နိုင်ငံရေးအာဏာ… Read More »