ဘာလဲဥပေဒနဲ့အညီ
(သတင်းနှင့်မှတ်ချက်) ဘာလဲဥပေဒနဲ့အညီ မောင်သန်းမြရွှေ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက (၈ ဇန္နဝါရီ ၂၀၂၁ သတင်းစာရှင်းလင်းပွဲမှာ) လစ်ဘရယ်ရင်ကြားစေ့အစိုးရ ကိုယ်စားပြုပြောသွားရာမှာ (နိုင်ငံရေးအကျဉ်းသမားဆိုတာ နိုင်ငံရေးခံယူချက်အရ ဥပဒေနဲ့အညီ ဆန္ဒပြလို့ ဖမ်းခံရသူ) လို့ အဓိပ္ပာယ်ဖွင့်ဆိုသွားတယ်။ ဒါဟာ (မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ) ဆိုတာနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သွားပြီ။ ပြောင်းပြန်ဖြစ်သွားပြီ။ (မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ ဆိုတာကိုစွန့်လွှတ်ပြီး အမိန့်အာဏာ အဝန်းအဝိုင်းထဲ ရောက်သွားတာနဲ့ ယခုလို ပြောင်းပြန်ပြောဆိုချက်တွေ ပြောင်းပြန်လုပ်ရပ်တွေ တရစပ် ထွက်ပေါ်လာတော့တာပါပဲ။) အဓိပ္ပါယ်က စစ်တပိုင်းအစိုးရကို ၂၀၀၈ အောက် ဥပဒေနဲ့အညီဒူးထောက်ကြဖို့နဲ့ ဒူးမထောက်ရင် နှိပ်ကွပ်ဖို့ လှုံ့ဆော်သွားတာပါ။ သမိုင်းမှာ နယ်ချဲ့ဆန့်ကျင်ရေး ပဒေသရာဇ်တော်လှန်ရေး သမားကြီးတွေကအစ၊ ဆရာစံ သခင်ဖိုးလှကြီး ဗိုလ်အောင်ကျော် ဗိုလ်အောင်ဆန်းအလယ်၊ ဖုန်းမော် ၊ မဝင်းမော်ဦး.. စတဲ့ ယနေ့ခေတ်အာဇာနည်များအဆုံး အားလုံးဟာ (လစ်ဘရယ်များအလိုအရ) rule of law ကိုချိုးဖောက်ကြသူများ ဥပဒေနဲ့မညီသူများ သာမန်ရာဇဝတ်သားများ ဖြစ်သွားကြပြီ။ ဥပဒေဆိုတာ လွှမ်းမိုးနေတဲ့လူတန်းစားရဲ့ အတွေးအခေါ်ကနေ ဆင်းသက်လာတာပါ။ လစ်ဘရယ်ဘူဇွာများရဲ့… Read More »