Category Archives: ကဗ်ာ

“မွေးနေ့ အဓိဋ္ဌာန်”

“မွေးနေ့ အဓိဋ္ဌာန်” (ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် အထိမ်းအမှတ် အရေးတော်ပုံဂျနယ်မှာ ထည့်သွင်းဖော်ပြမယ့် ကဗျာ) ၈၅ နှစ် ပြည့် မွေးနေ့ မဟာမှာ အာဇာနည် အထောင်အသောင်းကို ဦးခိုက်မိတယ် အကြိမ်ကြိမ် ငြိမ်သက်ချိန် မရှိလောက်အောင် တိုက်ပွဲဝင် စွမ်းအားများ သင်တို့ထံမှ ငါ ရ၏။ ရန်တကာရဲ့ ဖိနှိပ် ရက်စက်မှုများ ငါ့ ပြည်သူအကြား မုန်ယိုဆင်ရိုင်းလို မွှေနှောက်နေလည်း သွေးသားသစ် ကလပ်စည်းများ မပြတ်…စဉ်ဆက် ဖြစ်တည်တိုးပွား သံမဏိသားနှယ် ကြံ့ခိုင်တယ်။ ငါ့ရဲ့ ရှင်သန်ခြင်းမှာ လေ‌ပြေညှင်းရဲ့ ညနေခင်းမရှိခဲ့။ မုန်တိုင်းနဲ့ လေနီကြမ်း အကြမ်းဖက်ချေမှုန်းသမျှ နေ့ , ည မပြတ်ခဲ့။ ငါ ဟာ မုန်တိုင်းကြားမှာ သမိုင်းသစ်များ ရေးခဲ့ဘူးတယ်။ နောက်ထပ် မုန်တိုင်းထဲမှာ ရဲရင့် နီစွေးတဲ့ သမိုင်းသစ်ကို ရေးပြပါဦးမယ် ပြည်သူ့အကျိုးဆောင်ရွက်ရင်း ပြည်သူများနဲ့အတူ အောင်ပွဲခံရင်းပေါ့။ ။ A D 13th Aug 2024

မိခင်ကြယ်နီ

မိခင်ကြယ်နီ -အနာဂတ်ကို မျှော်တွေး ၁၃၀၀ပြည့် အတွေ့ကြုံ သင်ခန်းစာ ပြုရင်း တော်လှန်သော အတွေးခေါ် ပါတီတခု တိုးတက်သော ခေါင်းဆောင်မှုကို အသိပြုရင်း အောင်ဆန်း ဗဟိန်း သန်းထွန်း ဇင် ချစ် ဗသိန်းတင် တို့ခေါင်းဆောင်မှုနှင့် အတွေးခေါ်သစ် ရပ်တည်ချက်မှန်မှန် လူထုကို ဗဟိုပြု ဖက်ဆစ်ကို မြေလှန် နယ်ချဲ့ကို သဂြိုလ်ပစ်ရေး မာ့က်စ်လီနင် မော်အတွေး ဦးထိပ်ပန်ရင်း သွေးသစ်တွေလောင်း တိုက်ပွဲထဲက ပါတီ လူထုထဲက ပါတီ ဖေါက်ပြန်သူတို့ အကြံယုတ်နှင့် ဟန်လုပ်ပြီး ဝါဒတွေဖြန့် ကြံကြံခံတဲ့ လူထုပါတိ လူထုအတွက် မြေအောက်မှာရပ် ဖေါက်ပြန်တဲ့ ကျော်ငြိမ်း ဗဆွေ မောင်နုတို့ကို ဆန့်ကျင် တဖန်လည် စစ်အာဏာကို အံတု စစ်အာဏာရှင် လူထုပါတီအင်အားကို တုန်လှုပ် ထိုးစစ်တွေထိုး ကြံ့ကြံ့ခံရင်း နေ၀င်း စန်းယု အပြုတ်တိုက်ရေး လမ်းစဉ်တွေချ ခေါင်းဆောင်မှုမှန်စွာ ယနေ့တိုင် မြေအောက်ရပ်တည် လူထုအကျိုးအတွက် မျိုးဆက်မပြတ် အဆင့်ဆင့် လက်ဆင့်ကမ်း သမိုင်းပေးတာ၀န် ကြယ်နီပေါ်ရေး… Read More »

နီပေါကွန်မြူနစ် အာဇာနည်ကဗျာဆရာနဲ့ သူ့ရဲ့ကဗျာ

(နီပေါကွန်မြူနစ် အာဇာနည်ကဗျာဆရာနဲ့ သူ့ရဲ့ကဗျာ) (ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့် နိုင်ငံတကာကဗျာ) ဂျယ်ဘမ်းကို အလေးပြုခြင်း ခရစ်သျှနားစံ “အစ်ချွတ်” (နီပေါ ကွန်မြူနစ် အာဇာနည် ကဗျာဆရာ၊ စာရေးဆရာ ခရစ်သျှနားစံ “အစ်ချွတ်” ရဲ့ ကဗျာကို အင်္ဂလိပ်ဘာသာမှ ပြန်ဆိုထားခြင်း ဖြစ်ပါတယ်။) ဂျယ်ဘမ်း လာဘန်ယမ်း၏ထိပ်ဖျားမှာ ရပ်လျက် အဝေးကို မျှော်ငေး လွတ်မြောက်ရေး မိုးကုပ်စက်ဝိုင်းရှိရာ အချုပ်အခြာမြင့်မား တောင်တန်းများကား မားမားရပ်လျက် ပူဆွေးမှုအတွက် ငြိမ်သက် ကြီးမြတ်သည့် စစ်သည်တော် ငါးယောက်အား ယခုပင် အလေးအမြတ်ပြုနေကြ၏ ခေါင်ဖျားပေသိ လှုပ်ရှားနိုးကြား ရွာငယ်များ၊ တောင်ကုန်းများနှင့် လွင်ပြင်များ တသီတတန်း ညီညာလှမ်းလျက် လွတ်မြောက်ရေးဆီ အဆုံးမဲ့ခရီးချီရာ လေးနက်သစ္စာဖြင့် ဆင်ခြင် တိုးတက်သော စိတ်ပင် ဖြစ်၏။ အရပ်ရှစ်မျက်နှာအား ခံစားမှုဖြင့် ငဲ့ကြည့် စာနာ လူထု၏ ကြေကွဲစရာ ဖြစ်ရပ်များသာ သတိရ မထိမ်းနိုင်သည့် ငါ ငိုချလိုက်မိ ရှစ်ခွင်တိုင်းမှ မိုးကုပ်စက်ဝိုင်းကား… Read More »

စစ်ကျန် အတိုအစများ

စစ်ကျန် အတိုအစများ မြင့်ဆွေ (ဗမာပြည်ကွန်မြူနစ််ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် အဖြစ် ထုတ်ဝေတဲ့ အရေးတော်ပုံဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ကဗျာ) စစ်အတွင်းမှာ ကွဲကွာသွားကြရတာတွေ စစ်အတွင်မှာ ကြုံဆုံခဲ့ကြရတာတွေ လူသားချင်း တူးတူးခါးခါးတွေ လူသားချင်း နှစ်နှစ်ကာကာတွေ တောင်တန်းပြာပြာ တောစိမ်းစိမ်းတွေ စမ်းချောင်းလေး နံဘေးမှာ တောပန်းလေးတွေလည်း ပွင့်ပါတယ်။ – တယောက်က အသက်နဲ့ရင်းပြီး ရောက်လာ၊ တယောက်က ဘဝနဲ့ရင်းပြီး ရောက်လာ၊ နောက်တယောက်က အားလုံး အသစ်က ပြန်စဖို့တဲ့….. – ရဲဘော်ချေရဲ့ အဆိုအမိန့်တွေ အလွတ်ကျက်ထားသူက တော်လှန်ရေးဆိုတာ ကြီးမြတ်တဲ့ အချစ်ပါပဲတဲ့။ – ဘယ်သူများ မနာမကျင်ဘဲ ချစ်လို့ရခဲ့ဖူးလို့လဲ? – ခြေတဖက် မရှိတော့တဲ့ ရဲဘော်လေးက သူက တဝက်အာဇာနည်ပါတဲ့ ရယ်ရယ်မောမော အရွှန်းဖောက်တယ်။ – တံတိုင်းများ၊ စည်းရိုးများကို ငါမတည်ဆောက်လို၊ ဝါးတံတားငယ်မှာ နှီးတပင်အဖြစ်သာ အသုံးဝင်လိုခဲ့ပါတယ်တဲ့။ – မေးခွန်းကို ပြဿနာလို့ ငါမတွေး အဖြေက ပြဿနာဖြစ်လာမှာသာ စိုးရိမ်မိတာပါ၊ ကလေးတွေ… Read More »

“၈၄” ဒိုင်ယာရီ

“၈၄” ဒိုင်ယာရီ ( ဗမာပြည် ကွန်မြူနစ်ပါတီ ၈၄ နှစ်မြောက် သို့ ဂုဏ်ပြုခြင်း) ခေတ်သစ်သမိုင်းကို မုန်တိုင်းကြားမှာ ငါတို့ ရေးသားခဲ့ ရေးသားဆဲ မို့ ဖြတ်သန်းခဲ့တဲ့ မှတ်တမ်းများ စမ်းတဝါးဝါးနဲ့ မကျန်ရစ်စေရ ။ ငါတို့ မွေးဖွားခဲ့တဲ့ ရက် ရက် ရာဇာ၊ ပြဿဒါး မရှိ,မသိ နိုင်ငံရေးအသိကပဲ အဓိက လက်သည်ဖြစ်ခဲ့တယ်။ နယ်ချဲ့ရဲ့ ထမ်းပိုးအောက်မှာ အသက်ဗီဇဖြစ်တည်လာ။ ဖက်ဆစ်ဓားအောက်မှာ ပြားပြားမမှောက်ဘဲ ရှင်သန် ထမြောက်လာ တပြည်လုံး လွတ်မြောက်စေရေးမှာ ရှေ့ တန်းက ငါတို့ ပါရှိခဲ့။ နယ်ချဲ့ နဲ့ ဖက်ဆစ်စနစ်တို့ ခေတ်ရဲ့ တော်လှန်ဒီရေလှိုင်းက နေ့မဆိုင်း ညမဆိုင်း မောင်းထုတ်နိုင်ခဲ့ပြီ။ ငါတို့ လွတ်လပ်တဲ့ တိုင်းပြည် ဖြစ်တည်လာခဲ့။ ငါတို့ ပြည်တွင်းစစ်ပွဲ ဆက်လက်ဆင်နွှဲရ။ ရှောင်မရ၊ တားမရတဲ့ လူတန်းစားတိုက်ပွဲများ စဉ် ဆက် မပြတ်ဆင်နွှဲရင်း ငါတို့ ရဲ့ ရှင်သန်မှုဟာ ပြည်တွင်းစစ်မီးလျှံကြားမှာ သံမဏိသား အနှစ်ကျစေခဲ့တယ်လေ။… Read More »

သံမဏိပန်းတပွင့်ရဲ့ ၇၅ နှစ်ခရီး

  သူဟာ မုန်တိုင်းလည်းမကြောက် လေကြမ်းလည်း မရမ်းတဲ့ သံမဏိပန်းတပွင့် ကြွားကြွားဝင့်ဝင့် ပွင့်ဖူး ထူးလှတဲ့ စိန်ရတုတိုင် သူ မယိုင်လဲခဲ့ဘူး။   သူဟာ သမိုင်းဆရာ အဘိဓမ္မာဆရာ ရာဇဝင်ထဲက ကဗျာတပုဒ် နာနာသင်မှတ်ခဲ့ရတဲ့ ကျမ်းစာအုပ်လည်း ဖြစ်ရဲ့။   သူဟာ အရုဏ်ဦးရဲ့သစ္စာ မိုးသောက်ကြယ် ရိုးမတွေရဲ့အထက်အောက်ကနေ မီးပွားတွေ လွှင့်ထုတ် အမိုက်အမှောင်ကို တွန့် ဆုတ်စေခဲ့။   သူဟာ လွတ်မြောက်ရေးတရားဟောသလို ထွက်ရပ်လမ်းကိုလည်း ကိုယ်တိုင်ဖောက် တပ်ဦးကိုပဲ အမြဲရောက်ခဲ့။   သူဟာ တော်လှန်တဲ့ဓားတလက် စူးရှထက်မြက် ကလောင်သွားတလက် ဒါနဲ့များ သူဟာ မီးကျိုးမောင်းပျက်တဲ့လားလေ။   သေချာတာတော့ သူ့ လက်ချက်မှာ ရန်သူ အသက်ထွက်မယ် ဆိုတာပါပဲ ဒါ အနုပဋိလောမတရား သမိုင်းစကားပေါ့။   ဖိနှိပ်သူဟာ ကျဆုံးရမြဲ သွေးစုပ်သူဟာ ကျရှုံးရမှာပဲ မဟုတ်ပါလား။   သူဟာ ဂျိုးမကပ်သလို လက်ကျန်လည်းမဟုတ် အုပ်စိုးသူလူတန်းစားကို ဖြုတ်ချ တော်လှန်တဲ့ ပစ္စည်းမဲ့အာဏာကို… Read More »

မုန်တိုင်းထဲက ဝါးပင်ပျို

အဖိုးကြီး ခင်ဗျားလည်း အသက်ကြီးပြီနော် အသက်ကြီးပြီသာဆို တောင်ဝှေးလည်းမလိုသေးပါလား။   ခင်ဗျားမှာတော့ သွေးထဲမှာ မအိုဆေးတွေ စီးဆင်းနေလေသလား။   ခင်ဗျားမတော့ဗျာ အလန်းဇယား*တွေလို လမ်းသလားနေလိုက်တာ ခင်ဗျာ့လက်တွေခြေတွေမှာ မော်တာတပ်ထားလေရော့သလား။   လမ်းမတွေကတော့ အသက်ရှူကျပ်နေတုန်းပဲဗျ ကြွက်စုတ်တွေကမှန်ဘီလူးထုတ်ပြီး ဗိုလ်ချုပ်လမ်းပေါ်မှာသန်းရှာကြတယ်။ လမ်းမလျှောက်ရဲသူတွေကတော့ စကားကို မပီကလာပီကလာပြောကြတယ်။ ဟောဒီလို တရားမျှတမှုတွေ အိပ်မောကျနေဆဲညဥ့်သန်းခေါင်ကြီးမှာ ဆိုင်ကယ်စီးဓါးသမားတွေ လမ်းသလားနေကြတယ်။ မျက်နှာမဖော်ဝံ့သူတွေက ရီမုတ်ကွန်ထရိုး** ကိုင်ပြီး အဆက်ဆင်*** ဂိမ်းကို ကစားကြတယ်။   ခင်ဗျားကတော့ လူတွေကြားမှာ တပေါင်းလေလို ဝှစ်ကနဲရောက်လာပြီး ဘယ်သူမှ ဖမ်းဆုပ်ဖို့ မတွေးမိသေးခင်မှာ ရွေ့ကနဲပျောက်သွားပါရောလား။   ခင်ဗျားရဲ့အသံကိုသာ ကျုပ်တို့ကြားလိုက်ရတယ်။ နှင်းဆီရနံ့သာ လွင့်ကနဲပျံ့သွားတယ်။ ခင်ဗျားအရိပ်ကိုမှ ကျုပ်တို့မမြင်လိုက်ရပါကလား။ ဒါပေမဲ့ သူဆင်းရဲတို့ တောက်ခေါက်ချိန်မှာ ခင်ဗျားလည်း ရှိနေမှာပဲလို့ ကျုပ်ယုံတယ်လေ။   တကယ်တန်း ခင်ဗျား သွေးတွေ ဘယ်နရီနဲ့ ခုန်နေသလဲဆိုတာကိုတော့ အရေးတော်ပုံဂျာနယ်ထဲမှာပဲ ကျုပ်တို့ရှာဖတ်ကြရတယ်။   ခင်ဗျားဟာ လွန်ခဲ့တဲ့ နှစ် ၆၀… Read More »