၂၀၂၁ ဖေဖော်ဝါရီ ပြည်သူ့အရေးတော်ပုံကြီး အောင်ပွဲခံနိုင်ပါစေ။ (ညိုစိန်ဝင်း)
၂၀၂၁ ဖေဖော်ဝါရီ ပြည်သူ့အရေးတော်ပုံကြီး အောင်ပွဲခံနိုင်ပါစေ။ညိုစိန်ဝင်း အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၅) မှာ ဖော်ပြမယ့်ဆောင်းပါး ၂၀၂၁ ဖေဖော်ဝါရီ ပြည်သူ့အရေးတော်ပုံကြီးသည် ဗိုလ်မင်းအောင်လှိုင်စစ်အုပ်စု၏ စစ်အာဏာသိမ်းမှု စတင်သည်နှင့် မကြာမီအချိန်အတောအတွင်း ဆရာဝန်များက အလုပ်မတက်ဘဲ အာဏာဖီဆန်မှုဖြင့် သပိတ်မှောက်ခြင်း၊ ဗမာပြည်တဝန်း ပြည်သူအသီးသီးက မိမိတို့အိမ်တွင်းမှနေ၍ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း သံပုံးတီး၍ ဆန့်ကျင်သပိတ်မှောက်ခြင်းတို့ဖြင့် စတင်လိုက်ပေသည်။ သည့်နောက်များမကြာမီပင် ရန်ကုန်မြို့တွင် အလုပ်သမား၊ ကျောင်းသားလူငယ်၊ တိုင်းရင်းသားလူငယ်တို့က လမ်းပေါ်ထွက်ဆန္ဒပြမှု စတင်ဖောက်ခွဲလိုက်သည်နှင့် လူထုသပိတ်သည် တောမီးပမာ တပြည်လုံးသို့ အလျင်အမြန် ပျံ့နှံ့သွားကာ တပြည်လုံးလက္ခဏာဆောင်သော သပိတ်ကြီးအဖြစ် ကြီးထွားလာခဲ့တော့သည်။ ဤသို့နှင့် အာဏာသိမ်းစစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်ကို တခဲနက်ဆန့်ကျင်သော ဗမာပြည် ပြည်သူလူထုကြီး၏ တိုက်ပွဲဝင်လှုပ်ရှားမှုသည် နိုင်ငံတကာမှ မျက်ခြည်မပြတ် စောင့်ကြည့်လာရသော ပြည်သူ့အရေးတော်ပုံကြီးတရပ်အဖြစ် ပေါ်ထွန်းလာခဲ့ရပေသည်။ ဤအရေးတော်ပုံကြီးသည် ဗမာပြည် လူတန်းစားလူ့အလွှာအသီးသီး၏ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးစိတ်ဓာတ်ကို အထင်အရှား ဖော်ပြလိုက်ခြင်းဖြစ်သည်။ စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုကို ကာလရှည်ကြာစွာခံစားလာရသော အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ မြို့နေဆင်းရဲသား၊ ဌာနအသီးသီးဝန်ထမ်းများ၊… Read More »