Category Archives: သတင်းနှင့်မှတ်ချက်

ဒီမိုကရေစီကို သင်းသတ်ခြင်း

သဲကုန်း လယ်သမား သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲခံလိုက်ရပြန်ပြီ။ မအူပင် မလက်တိုကျေးရွာအုပ်စုတွင် လယ်သူမအမျိုးသမီးများကို သွေးထွက်သံယို ရိုက်နှက်နှိမ်နင်းမှု၊ လက်ပံတောင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော သံဃာတော်များအား မီးလောင်ဗုံးဖြင့် ရက်စက်စွာ ပစ်ခတ်နှိမ်နင်းမှု၊ သင်္ဃန်းကျွန်း- မိကျောင်းကန်မှာ လက်မရွံ့ရှပ်နက်တပ်သားများဖြင့် အကြမ်းဖက် ရိုက်နှက်ဖယ်ရှားမှု၊ မိုးထိမိုးမိ အလုပ်သမား ဆန္ဒပြပွဲကို နည်းမျိုးစုံသုံးပြီး ဖယ်ရှားမှု၊ သမီးကလေးကျေးရွာ ပြည်သူ့အိုးအိမ်အား စစ်တပ်မှ မီးရှို့ဖျက်ဆီးခြင်း၊ ဘူဒိုဇာနှင့် ဖြိုလှဲခြင်း စသော အကြမ်းဖက်မှုများ။ ယခု သဲကုန်း လယ်သမားသပိတ်စခန်းအား အကြမ်းဖက်မှု စသည်တို့ကို အစိုးရအာဏာပိုင်များက ကျူးလွန်ခဲ့ကြသည်။ ပြည်သူ့လယ်ယာမြေ၊ အိုးအိမ်ပိုင်ဆိုင်မှုနှင့် အသက်စည်းစိမ် လုံခြုံမှု တနေ့တခြား ပိုမိုကင်းမဲ့လာပြီ။ ဗမာပြည်မှာ လယ်သမားနှင့် ပြည်သူတွေ၏ လယ်ယာမြေများကို စစ်အာဏာပိုင်များနှင့် ခရိုနီများက မတရားလုယူသိမ်းပိုက်လာခဲ့ကြတာ နှစ်တွေ ကြာခဲ့ပြီ။ ဗမာပြည်၏ လယ်ယာမြေအတော်များများ စစ်အာဏာပိုင်များနှင့် ခရိုနီများ လက်သို့ ရောက်ကုန်ပြီ။ ထို့ကြောင့် စစ်အာဏာပိုင်များ၏ မတရားမှုများကို နှစ်ကာလ ရှည်ကြာစွာ ခံစားလာကြရသော ဗမာပြည်တဝန်းမှ… Read More »

တောင်းပွဲတိုက်ပွဲ

ဖဆပလ အစိုးရလက်ထက်ကနေ ယနေ့ ဦးသိန်းစိန်စစ်အစိုးရအထိ ဖောက်ပြန်ရေးအစိုးရအဆက်ဆက်ဟာ ပြည်သူ့လှုပ်ရှားမှု ကြီးထွားလာမှာကို ကြောက်ရွံ့တဲ့အခါတိုင်း ဒီလှုပ်ရှားမှုတွေကို ကွန်မြူနစ်တံဆိပ် ကပ်ပေးလေ့ရှိကြတယ်။ အုပ်စိုးသူ အဆက်ဆက် အရိုးစွဲလာတဲ့ ဒီအကျင့်ဟောင်းကို ဦးသိန်းစိန်အစိုးရကလည်း ဖော်ပြနေတာ တွေ့ရတယ်။ လက်ပံတောင်းတောင် လှုပ်ရှားမှုကို ဦးအောင်သောင်းက ကွန်မြူနစ်တံဆိပ် ကပ်ပေးလိုက်တဲ့အချိန်မှာ အတော်လေး ပွဲဆူသွားခဲ့တယ်။ ဒါကို မမှတ်သေးဘဲ ပြောလာပြန်ပြီ နောက်တယောက်။ ဒီတခါ ပြောလာတဲ့သူက ကာချုပ် ဗိုလ်မင်းအောင်လှိုင်ပါ။ သိပ်မကြာသေးတဲ့အချိန်က စစ်သင်တန်းဆင်းပွဲတခုမှာ ပြောခဲ့တယ်။ ကာချုပ်ဆိုတဲ့အတိုင်း နှစ်ပေါင်း ၆၀ အတွင်းလောက် မပြောင်းလဲအောင် ရေးထားတဲ့ ဥပဒေဆိုပြီး ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်ရင်းက ပြောသွားတဲ့စကားပါ။ “တောင်းမယ် တိုက်မယ်ဆိုတာ ကွန်မြူနစ်စနစ် ဖြစ်လာတာ” -တဲ့။ သူ့စကားက ဦးအောင်သောင်းစကားထက် ပိုဆိုးပါတယ်။ ဦးအောင်သောင်းက လက်ပံတောင်းလှုပ်ရှားမှုလောက်ကိုပဲ ပြောတာပါ။ ဗိုလ်မင်းအောင်လှိုင်ကတော့ အခြေခံဥပဒေ ပြင်ဖို့ တောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ကအစ ကိုယ့်မြေကိုယ့်ယာ အလုယက်ခံထားရလို့ ပြန်တောင်းကြတဲ့ တပြည်လုံး နေရာအနှံ့အပြားက လယ်သမားတွေအဆုံး… Read More »

နောက်ကွယ်က ကိုင်ထားသော ကြိုးများ

ရှုပ်နေတာတွေကို ရှင်းအောင် ခွဲပြီး ကြည့်ရမှာပါ။ ငြိမ်းချမ်းရေးစကားပြောနေချိန် စစ်ပွဲတွေ တခြိမ်းခြိမ်း။ သေနတ် အမြောက်သံတွေ တအုန်းအုန်း။ မြေလုထားသူတွေက စစ်အာဏာပိုင်တွေ၊ သူတို့အဆွယ်အပွားတွေချည်း။ ဘယ်မြေကိစ္စကိုမျှ အလွယ်တကူ လျှော့ပေးတာ လိုက်လျောတာ မရှိ။ မြေကြီးဆိုရင် လက်ထဲ ဆုပ်မိရင် ဖုန်မှုန့်လေး တမှုန်ကအစ ပြန်မစွန့်နိုင်တဲ့ သူတွေ။ အာဏာစွန့်ဖို့ဆိုရင် ဝေလာဝေး။ သူတို့ကိုယ်တိုင် လုယက်နေတဲ့ ကိစ္စကို ပြောမနေနဲ့ မိုးထိမိုးမိမှာ လုပ်ငန်းပိုင်ရှင်နဲ့ အလုပ်သမားတွေကိစ္စမှာ လုပ်ငန်းပိုင်ရှင်နဲ့ အာဏာပိုင်တွေ ပူးပေါင်းပြီး အတိဒုက္ခရောက်နေတဲ့ အလုပ်သမားမိသားစုတွေကို မညှာတာ မထောက်ထား ဘယ်လို ညစ်ပတ်ဒုက္ခပေးနေကြသလဲ ဆိုတာကြည့်။ နယ်လှည့်ပါးရိုက်တဲ့ ဝန်ကြီးရဲ့ (ဖက်ဆစ်ဆန်တဲ့စကား) နဲ့ ပွဲဆူအောင်လုပ်ထားပြီးသမီးကလေးကျေးရွာမှာ (ဖက်ဆစ်ဆန်တဲ့) လုပ်ရပ်တွေ တဆင့်တိုးလုပ်ဖို့ ပြင်လာကြတယ်။ တပြည်လုံးကို သူတို့ကိုယ်တိုင်က ဆူဆူပူပူ ဖြစ်တဲ့ အခြေအနေ ဖန်တီးရင်းက သမ္မတက နိုင်ငံရေးအင်အားစုတွေက ဆူပူအောင် ဖန်တီးနေတယ်ဆိုတာမျိုး ပြောထွက်လာတယ်။ ဘုရင့်နှုတ်ထွက်စကား (ဆုံးမလိုက်) ဆိုတာ ပါးကွက်သားတွေအတွက်(သတ်စေ) ဆိုတဲ့ အမိန့်တော်အဖြစ်… Read More »

ဒီနေ့အထိ မှန်ကန်နေတဲ့ မာ့က်စ်ရဲ့ပြောဆိုရေးသားချက်တွေ

(တစ်) စီးပွားရေးထိုင်းမှိုင်းမှုကြီး- အရင်းရှင်စနစ်ရဲ့ထိန်းမနိုင်သိမ်းမရလက္ခဏာ မာ့က်စ်ရဲ့ရေးသားချက်တွေထဲမှာ သန္ဓေအရကိုပဲ ထိန်းမနိုင်သိမ်းမရဖြစ်တတ်မှု၊ အကျပ်အတည်းတွေ ပြွမ်းတီးမှု လက္ခဏာတွေရှိတဲ့ အရင်းရှင်စနစ်အကြောင်းဟာ အဓိကအပိုင်းတခုဖြစ်ပါတယ်။ အမြတ်အစွန်းအတွက် မနားမနေ လုံးပမ်းမှုကနေ ကုမ္ပဏီတွေဟာ သူတို့ရဲ့အလုပ်ရုံတွေမှာ စက်တွေ တပ်ဆင်လာကြလိမ့်မယ်။ ဒီလိုနဲ့ တဖက်မှာ အလုပ်သမားတွေရဲ့ လစာတွေကို ဖြစ်ညှစ်ထားပြီး တဖက်မှာ ကုန်ပစ္စည်းတွေကို များသထက်များအောင် ထုတ်လိုက်တာ အလုပ်သမားတွေဟာ သူတို့ထုတ်လုပ်တဲ့ပစ္စည်းကို သူတို့ဝယ်လို့မနိုင်အောင်ဖြစ်လာမယ်လို့ သူကဆိုခဲ့ပါတယ်။ အမှန်ပါပဲ။ ခေတ်သစ်သမိုင်းရဲ့ ဖြစ်ရပ်တွေ- စီးပွားရေးကပ်ကြီး (၁၉၃၀ စုနှစ်များ) ကနေ ဒီနေ့ ဒေါ့ကွန်ဗူဗောင်း(dot.com bubble) ပြဿနာအထိ၊ ဒီဟာတွေရဲ့ဇာစ်မြစ်ကို မာ့က်စ်ရဲ့အသုံးအနှုန်းအရ “လက်တွေ့မတည်ရှိတဲ့ စိတ်ကူးထဲက အရင်းအနှီး (fictitious capital)”- ဘဏ္ဍာရေးကိရိယာတွေဖြစ်တဲ့ စတော့ခ်လက်မှတ်၊ ပြန်မဆပ်နိုင်တဲ့ ငွေပေးချေမှု- စတာ တွေမှာ ခြေရာခံလို့ ရပါတယ်။ ထုတ်လုပ်ပြီးရင်း ထုတ်လုပ်လိုက်တာ နောက်ကျတော့ ကိုယ့်ကုန်တွေကို ၀ယ်မယ့်လူ မရှိတော့ဘူး။ ဈေးကွက်အသစ်တွေလည်း မရှိတော့၊ ငွေချေးပေးတာလည်း မရှိတော့ဘူး။ ဒီသံသရာကြီးဟာ ကျွန်တော်တို့ မျက်စိရှေ့မှာပဲ… Read More »

တောင်အာဖရိက သတ္တုတွင်း အလုပ်သမားများ သပိတ်။

ကမ္ဘာ့အကြီးဆုံး သတ္တုတွင်းလုပ်ငန်း ၃ ခုမှာ အလုပ်သမား တစ်သိန်းကျော်က ဆန္ဒပြကြတဲ့အတွက် တောင်အာဖရိကမှာ ပလက်တီနမ် ထုတ်လုပ်မှု ရပ်ဆိုင်းသွားပါတယ် ။ အင်ပလာ ပလက်တီနမ် ၊ အင်ဂလိုအမေရိကန် ပလက်တီနမ် ၊ လုံမင် သတ္တုတွင်းတွေက အလုပ်သမားတွေဟာ အနည်းဆုံးလစာ ဒေါ်လာ ၁၂၀၀ ပေးဖို့ တောင်းဆိုချက် အပယ်ချခံရတဲ့အတွက် အကန့်အသတ်မရှိတဲ့သပိတ်ကို ၂၃ ရက် ဇန်နဝါရီမှာ စတင်ခဲ့ပါတယ် ။ ဒေါ်လာ ၁၂၀၀ ဟာ လက်ရှိရနေတဲ့ လစာရဲ့ နှစ်ဆတိုးမြှင့်ပေးဖို့ တောင်းဆိုတာလည်း ဖြစ်ပါတယ်။ လုပ်ခလစာ အငြင်းပွားမှုက တောင်အာဖရိကသတ္တုတွင်း အလုပ်သမားနဲ့ ဆောက်လုပ်ရေး အလုပ်သမားများ သမဂ္ဂ (AMCU) တို့ကတဖက် သတ္တုတွင်း ကုမ္ပဏီကတဖက် ရင်ဆိုင်တွေ့စေတယ် ။ နှစ်ဘက်စလုံးမှာ အလျော့ပေးလို့ မရတဲ့ ကျဉ်းထဲကျပ်ထဲ အခြေအနေကို ရင်ဆိုင်နေကြရတယ်။ သပိတ်ရဲ့ ရည်မှန်းချက်ဟာ အလုပ်ရှင်တွေ တွေ့ဆုံဆွေးနွေးရေးစားပွဲဆီ ရောက်လာဖို့ ဖိအားပေးတာ ဖြစ်တယ်လို့ AMCU အထွေထွေ အတွင်းရေးမှူး… Read More »

အာရှအထည်ချုပ်အလုပ်သမားများ

ကမ္ဗောဒီးယားမှာ အထည်ချုပ်လုပ်ငန်း အလုပ်သမားတွေ သပိတ်မှောက်ကြပြန်ပါပြီ။ အထည်ချုပ်လုပ်ငန်းဆိုတော့ အားလုံးသိကြတဲ့အတိုင်း အမျိုးသမီးက ပိုများပါတယ်။ အမျိုးသားတွေလည်း မပါတော့ မဟုတ်။ တော်တော်ပါကြပါတယ်။ အခုသပိတ်ဟာ မကြာသေးခင်က ရပ်သွားတဲ့ ဆန္ဒပြပွဲကြီးရဲ့ အဆက်ပါ။ ပြီးခဲ့တဲ့ဆန္ဒပြပွဲကြီးမှာ တနိုင်ငံလုံးရှိ စက်ရုံပေါင်း ၅၀၀ လောက်က အထည်ချုပ်လုပ်သား ၃ သိန်းလောက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ လမ်းပေါ်တက်ပြီး ဆန္ဒပြတောင်းဆိုကြတာပါ။ အဓိက တောင်းဆိုကြတဲ့ အချက်က အနိမ့်ဆုံးလစာ တလကို ဒေါ်လာ ၁၆၀ ရရှိရေးပါ။ ဗမာငွေ ကျပ်နဲ့ တွက်ကြည့်ရင် တသိန်းခွဲကျော်လောက် ရှိပါလိမ့်မယ်။ လက်ရှိရကြတဲ့ လစာက ပျမ်းမျှ တလကို ဒေါ်လာ ၈၀ ကျော် ပတ်ဝန်းကျင်ရှိပါတယ်။ ကျပ်ငွေ ၈ သောင်း ဝန်းကျင်ဆိုပါတော့။ ဒီတော့ လစာ နှစ်ဆတိုးမြှင့်ရေး တိုက်ပွဲလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အစိုးရက သတ်မှတ်ပေးထားတဲ့ အနိမ့်ဆုံးလစာက ဆန္ဒမပြခင်မှာ ၆၁ ဒေါ်လာ ဖြစ်ပါတယ်။ ကျပ်ငွေနဲ့ဆိုရင် ၆ သောင်းကျော်ပါ။ ကျွန်တော်တို့… Read More »

ကမ္ဘာပြားပြီလား

၂၀၀၅ ခုနှစ်မှာ ထွက်လာတဲ့ သောမတ်စ်ဖရိုက်မန်းရဲ့ “ကမ္ဘာပြားပြီ” ဆိုတဲ့စာအုပ်ဟာ ရောင်းအကောင်းဆုံးစာရင်းဝင်ခဲ့တယ်။ ဒီစာအုပ်မှာ ကမ္ဘာကြီးဟာ စီးပွားကုန်သွယ်ရောင်းဝယ်မှုမှာ တပြေးညီကစားကွင်းကြီး ဖြစ်သွားပြီလို့ သူက အဆိုပြုထားတယ်။ အင်တာနက်ချိတ်ဆက်မှုတွေ တဖြည်းဖြည်းတိုးပွားလာပြီမို့ ကမ္ဘာကြီးရဲ့ ဘယ်နေရာကမဆို ဒီကစားကွင်းကြီးထဲမှာ ၀င်ပါကစားနိုင်ပြီလို့ ဆိုပါတယ်။ ကမ္ဘာပြားရခြင်းအကြောင်းအဖြစ် အချက် (၁၀) ချက် တင်ပြတယ်။ ဘာလင်တံတိုင်းပြိုသွားတဲ့ အချက်ကလွဲပြီး ကျန်တာတွေက အင်တာနက်ဆက်သွယ်မှုနဲ့ သက်ဆိုင်တာတွေချည်း ဖြစ်ပါတယ်။ အခုလည်း အမှုဆောင်အရာရှိကြီးတွေ၊ ဥပဒေပြုအမတ်တွေနဲ့ စွန့်ဦးတီထွင်အရင်းရှင်ကြီးတွေက “တိုးပြီးချိတ်ဆက်မိလာတဲ့ ကမ္ဘာကြီးအကြောင်း” အမြှုပ်တစီစီထအောင် ပြောနေကြတာကို ကြားနေရပါတယ်။ သူတို့မပြောကြတာကတော့ ကမ္ဘာကြီးချိတ်ဆက်မိနေတဲ့ သူတွေဆိုတာ အင်တာနက်ဘရော့ဘင်ဖိုး တတ်နိုင်သူတွေသာ ဖြစ်တယ်ဆိုတာပါပဲ။ ဆင်းရဲတဲ့နိုင်ငံတွေ အသာထားပြီး ကမ္ဘာ့အချမ်းသာဆုံး၊ ရှေ့တန်းအရောက်ဆုံး အမေရိကန်နိုင်ငံကိုပဲ ကြည့်ရအောင်ပါ။ အမေရိကန်ရှိ အိမ်ထောင်စုစုပေါင်းရဲ့ ၄၆% ဟာ တနှစ်ဝင်ငွေ ဒေါ်လာ ၃၀,၀၀၀ အောက်ပဲရှိပြီး ပုံမှန်အင်တာနက် မတပ်ဆင်ထားနိုင်ကြပါဘူး။ အင်တာနက်ပုံမှန်မရှိတာကြောင့် အိမ်စာလုပ်ဖို့၊ အလုပ်လျှောက်ဖို့၊ အလုပ်လက်မဲ့ခံစားခွင့်နဲ့ ရိက္ခာထောက်ပံ့ရေးစတဲ့ အစိုးရစီမံကိန်းတွေ လျှောက်ဖို့တောင်… Read More »