Category Archives: စိန်ရတုအထိမ်းအမှတ်

အမေရိကန်ဘဏ်ပြိုလဲမှုနှင့် စီးပွားရေးဝေါဟာရအချို့

အမေရိကန်ဘဏ်ပြိုလဲမှုနှင့် စီးပွားရေးဝေါဟာရအချို့ နီထွန်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ နဲ့ မေလဆန်းအတွင်း အမေရိကန်နိုင်ငံမှာ ဘဏ်အကျပ်အတည်း (ဝါ) ဘဏ်ပြိုလဲ မှု (collapse) တွေဖြစ်ခဲ့ပါတယ်။ ဒီလိုဖြစ်ခဲ့ရတဲ့ အကြောင်းရင်းတွေနဲ့ စီးပွားရေးဆိုင်ရာဝေါဟာရ တွေကို အဓိက ထားတင်ပြပါမယ်။ ဘဏ်တွေကို အမျိုးအစားခွဲရင် ကူးသန်းရောင်းဝယ်ရေးဘဏ်(commercial) ရင်းနှီးမြှုပ်နှံမှုဘဏ် (investment) ငွေစုဘဏ် (savings) အာမခံလုပ်ငန်းလုပ်ကိုင်သည့်ဘဏ် (insurance) နဲ့ အခြားသက် ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် ဆောက်လုပ်ရေး၊ လယ်ယာ၊ စက်မှု၊ ရေလုပ်ငန်း၊ ထုတ်ကုန်သွင်းကုန် (Construction, Agricultural, Industrial, Fishery, Export Import) စသဖြင့်ရှိပါမယ်။ အခုပြိုလဲသွားတဲ့ SVB (Silicon Valley Bank) ဟာ ရင်းနှီးမြှုပ်နှံမှုဘဏ်အမျိုးအစားမှာပါပါတယ်။ သူက အဓိက အားဖြင့် ကွန်ပျူတာနဲ့ အဆင့်မြင့်နည်းပညာနယ်ပယ်မှာ ထူထောင်စ လုပ်ငန်းငယ်လေး (Startups) တွေကို အရင်းအနှီးထုတ်ပေးတဲ့ဘဏ်ပါ။ အမေရိကန်မှာ အဆင့် ၁၆ ရှိတဲ့ဘဏ်ဖြစ်ပါတယ်။ အခုဘဏ်ပြိုလဲမှုဟာ ၂၀၀၇-၂၀၀၈ ဘဏ်အကျပ်အတည်းနဲ့မတူပါ။ SVB… Read More »

ဘဏ္ဍာအရင်းရှင်စနစ်အတွင်းမှအမေရိကန်ဘဏ်များပြိုလဲမှု

ဘဏ္ဍာအရင်းရှင်စနစ်အတွင်းမှအမေရိကန်ဘဏ်များပြိုလဲမှု ကြည်ဝင်း တကြော့ပြန် ဘဏ်ပြိုလဲမှုများ ဒီနှစ်မတ်လ၈ရက်နေ့မှာကာလီဖိုးနီးယားအခြေစိုက်ဆီးလ်ဗားဂိတ်ဘဏ် (Silvergate)စပြိုပါတယ်။အဲဒီဘဏ်ကခရစ်တိုကာရင်စီ(crypto currency)လို့ခေါ်တဲ့လျှို့ဝှက်ငွေကြေးစနစ်အတွက်ဝန်ဆောင်မှုပေးတာကိုအဓိကထားလုပ်ကိုင်တဲ့ဘဏ်ဖြစ်တယ်။နောက်၂ရက်အကြာမှာတော့ဆီလီကွန်တောင်ကြားဘဏ် (Silicon Valley Bank)ပြိုလဲပါတယ်။ဒီဘဏ်ကရင်းနှီးမြှုပ်နှံမှုဘဏ်အမျိုးအစားဖြစ်ပြီးသူ့ပိုင်ဆိုင်မှုတန်ဖိုး (assets)က၂၀၆ဘီလျံရှိပြီးအမေရိကန်ဘဏ်တွေထဲမှာအဆင့်၁၆ရှိတဲ့ဘဏ်ဖြစ်တယ်။ဒီဘဏ်ကနည်းပညာဆိုင်ရာအစပျိုးလုပ်ငန်းတွေ (startups)ကိုအရင်းအနှီးထုတ်ချေးတာမျိုးတွေအဓိကထားလုပ်ပါတယ်။၂၀၀၈ခုနှစ်ကပြိုလဲခဲ့တဲ့ (assets)တန်ဖိုးအမေရိကန်ဒေါ်လာ၃၀၇ဘီလျံရှိဝါရှင်တန်အကျိုးတူဘဏ် (Washington Mutual)နောက်ပိုင်းဒုတိယအကြီးဆုံးဘဏ်ပြိုလဲမှုပဲဖြစ်ပါတယ်။တတိယပြိုလဲတဲ့ဘဏ်ကတော့ Signature Bankဖြစ်ပါတယ်။သူ့အက်ဆက်တန်ဖိုးကအမေရိကန်ဒေါ်လာ၁၁၈ဘီလျံရှိပြီးအမေရိကန်သမိုင်းမှာတတိယအကြီးဆုံးပြိုလဲတဲ့ဘဏ်ပဲဖြစ်ပါတယ်။ဒီဘဏ်ကလည်းခရစ်တိုငွေကြေးလုပ်ငန်းတွေနဲ့ဆက်စပ်လုပ်ကိုင်မှုများတယ်။ ခရစ်တိုက ဘဏ်စနစ်ကို ကျော်ခွနိုင်သလား ကိုဗစ်၁၉ကပ်ဘေးမတိုင်မီနဲ့ကပ်ဘေးကာလအတွင်းမှာအမေရိကန်ဘဏ်ကြီးတွေအတော်များများဟာခရစ်တိုငွေကြေးနဲ့ခရစ်တိုငွေကြေးနဲ့ပတ်သက်တဲ့လုပ်ငန်းကြီးတွေမှာမြှုပ်နှံမှုတွေလုပ်ခဲ့ကြတာတွေ့ရတယ်။ ခရစ်တိုငွေကြေးဆိုတာဒစ်ဂျစ်တယ်ငွေကြေးဖြစ်တယ်။ရွေးချယ်စရာငွေကြေးတမျိုးလို့ဆိုတယ်။ဘဏ်တွေမလို၊အစိုးရထိန်းချုပ်မှုမရှိတဲ့ငွေကြေးလို့ဆိုကြတယ်။ငွေချေ၊ငွေလွှဲရာမှာဘဏ်တွေကိုဖြတ်သန်းစရာမလိုတော့ဘူးလို့ဆိုတယ်။ တကယ့်လက်တွေ့မှာခရစ်တိုငွေကြေးကိုင်မယ်ဆိုရင်ကိုယ့်မှာရှိတဲ့ဒေါ်လာနဲ့ခရစ်တိုငွေကိုဝယ်ရတယ်။ဥပမာခရစ်တိုငွေကြေးဖလှယ်ရေးလုပ်ငန်းကြီးတခုဖြစ်တဲ့ FTXမှာဝယ်ပြီးခရစ်တိုငွေစာရင်းဖွင့်နိုင်တယ်။ကိုယ့်ငွေဒေါ်လာကိုဘဏ်ကထုတ်ပြီးဝယ်တယ်။ FTXကခရစ်တိုငွေကြေးရောင်းလိုက်လို့ရလာတဲ့ဒေါ်လာကိုဘဏ်မှာပဲပြန်အပ်တာ၊ဒါမှမဟုတ်စတော့ဝယ်တာစသဖြင့်လုပ်တာပါ။အများစုကတော့ဘဏ်မှာအပ်တာ၊အစိုးရငွေချေးစာချုပ်တွေဝယ်ကြတာပါ။ခရစ်တိုသုံးပြီးငွေပေးချေတာ၊ငွေလွှဲတာတွေလုပ်တဲ့အခါမှာလည်းခရစ်တိုကုမ္ပဏီကြီးတွေကဘဏ်တွေကိုပဲပြန်သုံးကြတာများတယ်။ဒါကြောင့်ခရစ်တိုငွေကြေးသုံးသူတွေဟာသူစွန့်ခွာလာခဲ့တယ်လို့ထင်ထားတဲ့ဘဏ်တွေဆီမှာပဲပြန်ရောက်နေတာဖြစ်ပါတယ်။ ခရစ်တို ဖလှယ်ရေး ကုမ္ပဏီများ အားထားတဲ့ ဘဏ် တကယ်တော့ခရစ်တိုငွေကြေးဟာအလွန်ကြီးမားတဲ့ငွေမဲခဝါချတဲ့ဖြစ်စဉ်ကြီးပါ။ဘဏ်တွေနဲ့အစိုးရငွေကြေးတွေကိုရှောင်ရှားလိုက်တာဆိုတဲ့စိတ်ကူးယဉ်မှုဖြစ်ပြီးလက်တွေ့မှာတော့ခရစ်တိုကိုဘဏ်တွေနဲ့အစိုးရငွေကြေးတွေကပဲနောက်ကပံ့ပိုးပေးနေတာဖြစ်ပါတယ်။ ခရစ်တိုငွေကြေးဖလှယ်ရေးကုမ္ပဏီ FTXကိုထူထောင်သူဆမ်ဘန့်ခ်မင်းဖရိုက် (Sam Bankman-Fried)ဟာလိမ်လည်မှုတွေလုပ်ခဲ့တယ်လို့နာမည်ထွက်လာပြီးနောက်ဖောက်သည်တွေကသူတို့ရဲ့ခရစ်တိုငွေကြေးတွေပြန်လည်ထုတ်ယူကြရာကနေ၂၀၂၂ခုနှစ်နိုဝင်ဘာလမှာ FTXဟာဒေဝါလီခံလိုက်တယ်။ (Silvergate)ဘဏ်ဟာ၁၉၈၈ခုနှစ်စထောင်စဉ်ကငွေစုငွေချေးလုပ်ငန်းတွေနဲ့စတင်ခဲ့တာဖြစ်တယ်။၂၀၁၀ခုနှစ်တွေမှာတော့ခရစ်တိုငွေကြေးဈေးကွက်မှာဝင်ကစားနေကြသူတွေကိုဘဏ်ဝန်ဆောင်မှုစပေးခဲ့တယ်။၂၀၂၂ခုနှစ်စတုတ္ထ၃လပတ်မှာဘဏ်အပ်နှံငွေ၉၀%ဟာခရစ်တိုငွေကြေးနဲ့ဆက်စပ်နေတယ်။အပ်နှံငွေအမေရိကန်ဒေါ်လာ၁ဘီလျံကျော်ဟာ FTXထူထောင်သူဆမ်ဘန့်ခ်မင်းဖရိုက် (Sam Bankman-Fried)နဲ့သက်ဆိုင်နေတယ်။ (Silvergate)ဘဏ်ဟာငွေလွှဲပြောင်းမှုတွေပိုမိုလျင်မြန်လွယ်ကူစွာလုပ်ပေးနိုင်တဲ့ Silvergate Exchange Networkကိုအကောင်အထည်ဖော်ခဲ့တယ်။ငွေလွှဲပြောင်းမှုနှိုင်းယှဉ်ချက် အရလျင်မြန်တဲ့အတွက်ဒီဝန်ဆောင်မှုကိုခရစ်တိုငွေကြေးကုမ္ပဏီအတော်များများကအသုံးပြုလာကြတယ်။ (Silvergate)ဘဏ်ဟာလုပ်ငန်းအများစုကိုခရစ်တိုငွေကြေးကုမ္ပဏီတွေနဲ့လုပ်ကိုင်ပေမယ့်အပေါင်ပါစာချုပ်နဲ့အစိုးရငွေချေးစာချုပ်တွေကိုဘဏ်အပ်ငွေအများစုနဲ့ဝယ်ယူထားတာပါ။၂၀၂၁ကနေ၂၀၂၃အတွင်းငွေဖောင်းပွမှုဖြစ်လာလို့ဗဟိုဘဏ်ကဘဏ်တိုးနှုန်းတွေမြှင့်တင်လိုက်တဲ့အခါအဲဒီစာချုပ်တွေရဲ့လက်ငင်းဈေးကွက်တန်ဖိုးကျဆင်းသွားတယ်။သက်တမ်းပြည့်အထိထားရင်ဆုံးရှုံးမှုမရှိပေမယ့်ချက်ချင်းရောင်းရင်တော့ဆုံးရှုံးမှုများတယ်။ ခရစ်တို ဖလှယ်ရေး ကုမ္ပဏီပြိုလဲမှုက ဆက်စပ်ဘဏ်ကို ဆွဲခေါ်သွား FTXခရစ်တိုငွေကြေးလုပ်ငန်းကြီးဒေဝါလီခံသွားပြီးနောက်ခရစ်တိုငွေကြေးနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေရဲ့ (Silvergate)ဘဏ်မှာအပ်ငွေဟာ၆၈%ကျဆင်းသွားတယ်။သူ့ဖောက်သည်တွေကဘဏ်ကနေအမေရိကန်ဒေါ်လာ၈ဘီလျံအထိထုတ်ယူခွင့်ပေးဖို့တောင်းဆိုလာကြတယ်။ဘဏ်မှာထုတ်ပေးဖို့အဲဒီလောက်ငွေမရှိတာမို့သူပိုင်တဲ့ငွေချေးစာချုပ်တွေအရှုံးခံထုတ်ရောင်းရတယ်။၂၀၂၂ခုနှစ်စတုတ္ထသုံးလပတ်မှာအမေရိကန်ဒေါ်လာ၇၁၈သန်းဆုံးရှုံးခဲ့ရတယ်။ငွေချေးစာချုပ်တွေအရှုံးခံရောင်းခဲ့ရာက၂၀၂၃ခုနှစ်မတ်လ၈ရက်နေ့မှာဘဏ်ကိုဆန္ဒအရပိတ်သိမ်းကြောင်း၊အပ်နှံငွေအားလုံးကိုပြန်ထုတ်ပေးသွားမယ်ဖြစ်ကြောင်းအများသို့အသိပေးစာထုတ်ပြန်ခဲ့တယ်။ ငွေချေးစာချုပ် အရှုံးပေါ်တဲ့ သတင်းကြောင့် သတင်းကြောင့် အပ်နှံငွေ စုပြုံလာထုတ်တာ ကြုံရတဲ့ ဘဏ် ဒုတိယပြိုလဲတဲ့ဘဏ်ကဆီလီကွန်တောင်ကြားဘဏ်ဖြစ်တယ်။ကိုဗစ်၁၉ကပ်ဘေးကာလမှာနည်းပညာကဏ္ဌနဲ့ဆိုင်တဲ့လုပ်ငန်းတွေကြီးထွားမှုရှိလာတာကြောင့်ဆီလီကွန်တောင်ကြားဘဏ် (Silicon Valley Bank)မှာအပ်နှံငွေတိုးလာခဲ့တယ်။အပ်နှံငွေဒေါ်လာ၅၀ဘီလျံရှိရာကနေ၂၀၂၂ခုနှစ်အဆုံးမှာ၂၀၀ဘီလျံဖြစ်လာတယ်။အဲဒီတိုးများလာတဲ့ဘဏ်အပ်ငွေတွေနဲ့၂၀၂၁ခုနှစ်မှာအမေရိကန်အစိုးရဗဟိုဘဏ် (Federal Reserve)ရဲ့ကာလရှည်ချေးငွေစာချုပ်တွေဝယ်ခဲ့တယ်။ ၂၀၂၁ -၂၀၂၃အတွင်းမှာဗဟိုဘဏ်ကငွေကြေးဖောင်းပွမှုကိုလျှော့ချဖို့ဆိုပြီးအတိုးနှုန်းတွေမြှင့်တင်ခဲ့တယ်။ဘဏ်တိုးနှုန်းမြင့်လာတာကြောင့်စီးပွားရေးမှာချေးငှားရတဲ့ကုန်ကျစရိတ်တွေလည်းတက်လာခဲ့တယ်။အဲဒါကြောင့်ငွေလိုလာတဲ့ဆီလီကွန်တောင်ကြားဘဏ်ရဲ့ဖောက်သည်တချို့ဟာအပ်နှံငွေတွေထုတ်ယူလာကြတယ်။ငွေထုတ်ပေးနိုင်ဖို့အတွက်မတ်လ၈ရက်နေ့မှာအမေရိကန်ဒေါ်လာ၂၁ဘီလျံတန်ဖိုးရှိငွေချေးစာချုပ်တွေထုတ်ရောင်းခဲ့ရကြောင်း၊အမေရိကန်ဒေါ်လာ၁၅ဘီလျံချေးခဲ့ပြီးနောက်ထပ်ဒေါ်လာ၂.၂၅ဘီလျံရဖို့စတော့ရှယ်ယာတွေထုတ်ရောင်းမယ့်အကြောင်းဆီလီကွန်ဘဏ်ကကြေညာချက်ထုတ်ခဲ့တယ်။အဲဒီကြေညာချက်ထွက်ပြီးနောက်တရက်မှာဘဏ်ကငွေတွေအလုအယက်ထုတ်ယူမှု (bank… Read More »

(ဗမာပြည်ကွန်မြူနစ်ပါတီပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းနဲ့ အင်တာဗျူး)

(ဗမာပြည်ကွန်မြူနစ်ပါတီပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းနဲ့ အင်တာဗျူး) စာသားဖြင့် တင်ပြခြင်း။ အမေး – မတ်လ ၂၈ ရက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီလက်နက်ကိုင်တော်လှန်ရေးလုပ်လာတာ ၇၅ နှစ်ရှိပါပြီ၊ လက်နက်ကိုင်တော်လှန်ရေးကို ဘယ်လိုပြန်သုံးသပ်ပါသလဲ။ မှန်သလား။ မှားသလား။ အဖြေ – ကျနော်ပြောချင်တာက ကျနော်တို့တတွေ လက်နက်ကိုင်တော်လှန်ရေးသာ မလုပ်ခဲ့သော် ဆိုတဲ့ စဉ်းစားမှုမျိုးက ကျနော်တို့ တော်လှန်ရေးရဲ့အကွေ့အကောက်တွေအများကြီးထဲမှာ ခဏခဏ စဉ်းစားခဲ့ကြတဲ့ဟာတွေပါ။ ဘယ်အချိန်မှာ စဉ်းစားတိုင်း စဉ်းစားတိုင်း “ငါတို့သာ လက်နက်ကိုင်တော်လှန်ရေးမလုပ်ခဲ့လို့ရှိရင် အခုချိန်မှာ ငါတို့ရှိမှာတောင်မဟုတ်တော့ဘူး” ဆိုတဲ့ အဲဒီအဖြေအထိ ထွက်တာပဲ။ ဒီနေ့ မင်းအောင်လှိုင်စစ်အစိုးရက သူတို့အာဏာသိမ်းတာ ၂ နှစ်ပြည့်တဲ့အချိန်မှာ “တိုင်းပြည်၏အခြေအနေသည် သာမန်အခြေအနေမဟုတ်” ဆိုပြိးတော့ ထုတ်ပြန်တာရှိတယ်။ အဲဒါအမှန်ပဲ။ ကျနော်တို့ တိုင်းပြည်ဟာ အခုကမ္ဘာပေါ်မှာ ဘက်ပေါင်းစုံမှာ ဟိုးအောက်ဆုံးရောက်နေပြီ။ အဲ့တာအပြင် သူတို့သတ်ခဲ့တဲ့လူဆိုတာ အရပ်သားကိုပဲ သုံးထောင်လောက် သတ်ပြီးပြီ။ သေဒဏ်ပေးတာကတော့ ၁၄၀ ကျော်နေပြီ။ အဲဒီတော့ သူတို့ရဲ့ ဝေ့လည်ကြောင်ပတ်၀န်ခံချက်တွေအရတောင်မှပဲ တိုင်းပြည်ရဲ့နယ်မြေအတော်များများကို သူတို့မထိန်းချုပ်နိုင်တော့ဘူးဆိုတာက ရှင်းလာတယ်။ အခုဆိုရင် မြို့နယ်… Read More »

ဗမာပြည်ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေး ၇၅ နှစ်ပြည့်ကာလကို အထိမ်းအမှတ်ပြုခြင်း

ဗမာပြည်ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေး ၇၅ နှစ်ပြည့်ကာလကို အထိမ်းအမှတ်ပြုခြင်း ရဲဘော်ဗလူ (၁) ဒီကနေ့ ၂၀၂၃ မတ်လ ၂၈ ရက်နေ့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်တဲ့ ဗမာပြည် ပြည်သူ့ ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေး ၇၅ နှစ် ပြည့်တဲ့နေ့ပါ။ ဒီ-ဗမာပြည် ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင် တော်လှန်ရေး ၇၅ နှစ်ပြည့်မြောက်တဲ့ နေ့ထူးနေ့မြတ်ကို အောက်ပါ စာတမ်းဖြင့် ဂုဏ်ပြုလိုက်ပါတယ်။ (၂) ဗမာပြည်ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးဆိုတာ နယ်ချဲ့စနစ်၊ ပဒေသရာဇ်မြေရှင်စနစ်၊ ဗျူရက်ကရက် အရင်းရှင် စနစ်ဆိုတဲ့ ဖောက်ပြန်တဲ့ စနစ်ဆိုးကြီး ၃ ရပ်ကို ကိုယ်စားပြုတဲ့ ဗမာပြည်ဖောက်ပြန်တဲ့ အုပ်စိုးသူလူ တန်းစားများကို ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်တဲ့ ဗမာပြည် အဖိနှိပ်ခံတိုင်းရင်းသား ပေါင်းစုံပြည်သူများပါဝင်တဲ့ လက်နက်ကိုင်တော်လှန်ပုန်ကန်တဲ့ တော်လှန်ရေးစစ်ပွဲကို ဆိုလိုတာဖြစ်ပါ တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီဆိုတာ ဗမာပြည်ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး၊ တိုင်းပြည်လွတ်လပ်ရေး သမိုင်းလှုပ်ရှားမှုအတွင်းက ပေါ်ပေါက်လာတဲ့ ဗမာပြည်အလုပ်သမားလူတန်းစားရဲ့ တပ်ဦးပါတီဖြစ်ပါ တယ်။ မာ့က်စ်ဝါလီနင်ဝါဒ၊ မော်စီတုန်းအတွေးအခေါ်ကို မိမိတို့ရဲ့ လမ်းညွှန်သဘောတရားအဖြစ် စွဲကိုင် ထားတဲ့ ပါတီဖြစ်ပါတယ်။ အခုအခါ သက်တမ်းအားဖြင့် ၈၃ နှစ်ကျော်သွားရှိသွားပြီး၊… Read More »

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်မှူးတပ်သားအပေါင်းတို့

သို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်မှူးတပ်သားအပေါင်းတို့ ဒီနေ့ဟာ ပါတီမျှော်မှန်းထားတဲ့အတိုင်း တော်လှန်ရေးရုပ်ဘဝအခြေအနေ ရင့်မှည့်ပြည့်စုံလာတဲ့အခါမှာ PLA ပေါ်ထွန်းလာတာ ဖြစ်တယ်။ PLA ဟာ ပါတီရဲ့ အကြွင်းမဲ့ခေါင်းဆောင်မှုကို ခံယူပြီး ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေတဲ့ တပ်မတော်ဖြစ်တယ်။ တန်ဖိုးကြီးမားလှတဲ့ အသီးအပွင့်ဖြစ်တယ်။ ဒီရတနာပေါ်ထွန်းလာဖို့အတွက် တပါတီလုံး ဆယ်စုနှစ်အချို့ ကြိုးပမ်းအားထုတ်ခဲ့ရတယ်။ ၂ နှစ်အချိန်ယူ တိုက်ပွဲဝင်ပြီးတဲ့နောက် ခုဆို စစ်အုပ်စုလည်မျိုကို ရိုက်သွင်းထားတဲ့ သပ်တချောင်း ဖြစ်နေခဲ့ပါပြီ။ တိုက်ပွဲဝင်တဲ့အခါ နွေဦးတော်လှန်ရေးနဲ့ ချိတ်ဆက်ပြီး နည်းပရိယာယ်ကြွယ်ကြွယ်ဖြင့် PLA နံမည်အပြင် PDF ဖြစ်လိုက်၊ LPDF နံမည်သုံးလိုက်၊ တိုင်းရင်းသားတပ်မတော်တခုခုရဲ့ နံမည်အောက်မှာ ဝင်တိုက်လိုက်နဲ့ သွက်သွက်လက်လက် စစ်ကစားခဲ့ကြတယ်။ ဒီ ၂ နှစ်အတွင်း ရဲဘော်တို့အနေနဲ့ များပြားလှတဲ့ အောင်ပွဲတွေ ခံယူနိုင်ခဲ့ကြသလို မနည်းလှတဲ့ အသက်သွေးချွေးတွေ စတေးခဲ့ကြရတယ်။ အောင်ပွဲနဲ့ စွန့်လွှတ်ပေးဆပ်ရခြင်းဆိုတာ အမြွှာညီနောင် ဖြစ်တယ်။ ဒါကို မမေ့ဖို့ လိုတယ်။ ဒီအာဇာနည်သူရဲကောင်းတွေကို ခုလို နေ့ထူးနေ့မြတ်မှာ မျိုးဆက်အဆက်ဆက် ခေါင်းဆောင်များ၊… Read More »

မျက်မှောက် တော်လှန်ရေးမှာ အဓိက အခရာအကျဆုံး အချက်ဟာညီညွတ်ရေးပဲ

မျက်မှောက် တော်လှန်ရေးမှာ အဓိက အခရာအကျဆုံး အချက်ဟာညီညွတ်ရေးပဲ ရဲဘော် ဖိုးသံချောင်း ဗမာပြည်စစ်အုပ်စုရဲ့ စတုတ္ထမျိုးဆက်ဖြစ်ကြတဲ့ ဗိုလ်မင်းအောင်လှိုင်တို့ရဲ့ စစ်ကောင်စီဟာ စစ်အုပ်စုရဲ့ အစဉ်အလာလုပ်ဟန်အတိုင်း အာဏာသိမ်းခဲ့တာ ၂နှစ်ပြည့်တဲ့အခါ နိုင်ငံရေးမီးရှူးမီးပန်းတွေ ဘယ်လိုများ ဖောက်ကြလိမ့်မလဲ၊ ဘယ်လိုများ အသားယူ လက်မထောင်ပြနေကြမလဲလို့ စောင့်ကြည့်နေကြသူတွေ အားလုံးကို စစ်ကောင်စီက မထင်မှတ်စရာ လုပ်ရပ်တွေ လုပ်ပြလိုက်ပါတယ်။ အဲဒါကတော့ တနိုင်ငံလုံးက အမှိုက်ပုံးထဲကို စွန့်ပစ်ခဲ့ကြတဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲက စာပိုဒ်တွေကို အမြီးအမောက်မတည့် ကိုးကားပြီး အာဏာထပ်သိမ်းလိုက်တာပါပဲ။ သင်းတို့တတွေ ဒီတလောမှာ ရွေးကောက်ပွဲစကားကို တဖောင်ဖောင်ပြောနေရာကနေ ပါတီတွေပြန်မှတ်ပုံတင်ဖို့ စည်းကမ်းဥပဒေသစ်တွေ၊ ဝန်ကြီးချုပ်မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ ဝန်ကြီးအဖွဲ့စာရင်းဆိုတာတွေကို ကြေညာပြီး မာရှယ်လော-စတာတွေ ကိုထုတ်ပြန်လိုက်ပါတယ်။ ဒါဟာလည်း လူလည်လုပ်တဲ့နည်းနဲ့ အရပ်သားပြည်သူလူထုလက်မှာ ကျန်ကောင်းလို့ကျန်တဲ့ တရားဥပဒေဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို စစ်တပ်ကသိမ်းလိုက်တာဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကိုသုံးသပ်လိုက်ရင် သမိုင်းမှာ အုပ်စိုးသူတွေဘက်ကချည်း လူထုအပေါ် ထိုးစစ်ကိုစတင်တယ်ဆိုတာ ထင်ရှားနေပါတယ်။ ဒါပေမဲ့ လူထုဘက်က ရဲရဲရင့်ရင့် ပြင်းပြင်းထန်ထန် ဇွဲရှိရှိနဲ့ ခုခံတာတွေ ရှိလာတဲ့အခါ၊ သင်းတို့တတွေ… Read More »

၇၅နှစ်မြောက်လွတ်လပ်ရေး/ပြည်တွင်းစစ်

၇၅နှစ်မြောက်လွတ်လပ်ရေး/ပြည်တွင်းစစ် ရဲဘော်ဖိုးသံချောင်း အခုအခါ ဗမာပြည်သားများအနေနဲ့ ကမ္ဘာမှာဗမာကွရယ်လို့လက်မထောင်နိုင်တာဟာ ကမ္ဘာ့သမိုင်းမှာ သက်တမ်းအရှည်ဆုံးပြည်တွင်းစစ်ကြီး ဖြစ်နေတဲ့တိုင်းပြည်ဆိုတာပါပဲ။ လွတ်လပ်ရေးရတဲ့သက်တမ်းကြာလာတာနဲ့အမျှ ပြည်တွင်းစစ်ကပိုမိုးပြင်းထန်လာ လေ လေ၊ လူထုတွေပိုဒုက္ခတွေ့ရလေလေ၊ စီးပွားရေးပိုမိုကျဆင်းလေလေဖြစ်နေတာဟာ ဒီ ကမ္ဘာပေါ်မှာ ဗမာနိုင်ငံ သာပဲရှိတယ်ထင်ပါတယ်။ ဗမာပြည်လွတ်လပ်ရေးရတာနဲ့ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးတာဟာ သုံးနှစ်တောင် မခြားပါဘူး။ အဲဒီကာလတိုလေးအတွင်းမှာပဲ ဗမာပြည်တပြည်လုံးအလုပ်သမားသပိတ် တွေ၊ ကျောင်းသားသပိတ်တွေ၊ လယ်သမားအင်အားပြပွဲ(ညီလာခံ)တွေ၊ အမှုထမ်းအရာ ထမ်းသပိတ်၊ စာရေးစာချီသပိတ်စတာတွေအပြင် တခြားနိုင်ငံတွေမှာမကြားဖူးတဲ့ ပုလိပ် (ရဲ)သပိတ်စတဲ့ လူထုလှုပ်ရှားမှု(တိုက်ပွဲ)မျိုးစုံ စည်ညံဟိန်းနေခဲ့တာပါ။ အင်္ဂလိပ်ကိုလိုနီ အစိုးရနဲ့ သူတို့ရဲ့ယန္တရားကိုဦးတည်ထားတဲ့ဒီတိုက်ပွဲတွေကြောင့် အင်္ဂလိပ်ဟာဂျပန်ရဲ့ လက်ကနေဗမာပြည်ကိုပြန်သိမ်းပြီး သုံးနှစ်တောင်မကြာမီမှာပဲ လွတ်လပ်ရေးပေးခဲ့ရတာဖြစ် ပါ တယ်။ လွတ်လပ်ရေးပေးတယ်ဆိုတာ ကိုယ့်လက်ထဲမှာရှိတဲ့အာဏာကို လက်လွှဲပေးရတာဆို တော့ အဲဒီတုန်းကဗမာပြည်ရဲ့အခြေအနေအရ အင်္ဂလိပ်ဟာမတတ်သာလို့သာပေးရတယ်၊ သူပေးချင်တဲ့သူတွေကိုပေးမယ်၊ သူ့နိုင်ငံရေး၊ စီးပွားရေးသြဇာကိုဆက်လက်ထိန်းသိမ်းကာ ကွယ်မယ့်သူတွေကိုပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကိုကျေးဇူးအသိအမှတ်ပြုတဲ့ အနေနဲ့ ဆိုရှယ်လစ်ပါတီဦးကျော်ငြိမ်းကလည်း “ဗမာပြည်ရဲ့လွတ်လပ်ရေးဟာ ဗြိတိသျှ အစိုးရလေဘာပါတီရဲ့ကျေးဇူးကြောင့်ရခဲ့တာ”လို့ထုတ်ပြောပါတယ်။ ဒီလိုနဲ့အဲဒီတုန်းက ဗမာပြည်နိုင်ငံရေးအင်အားစုတွေထဲက လက်ယာအင်အားစုတွေဟာ ကိုလိုနီသခင်တွေရဲ့ အကြိုက်လိုက်ပြီး လက်ဝဲအင်အားစုတွေကို အပြတ်တိုက်ပြကြပါတော့တယ်။ သူတို့ဟာ အရင်းရှင်ကိုလိုနီအစိုးရတွေအတွက်… Read More »