ဖောင်ပိတ်ဆောင်းပါး

ဖောင်ပိတ်ဆောင်းပါး အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၆) A.ငြိမ်း (၁) (ဆယ်ခါပြန် သတ်သင့်သူများ) ကုလသမဂ္ဂက စကစ သေဒဏ်ပေးထားတဲ့ လူစာရင်း ၁၃၀ တွေ့လို့ တုန်လှုပ်မိကြောင်း ထုတ်ပြန်တယ်။ သူ ထုတ်ပြန်ချိန်မှာ စာရင်းက ၁၄၀ ရောက်နေတယ်။ ခု ၁၅၀ နား ကပ်နေပြီ။ နှစ်ပေါင်း ၃၀ အတွင်း ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ လေးဦးကို လက်တွေ့ သတ်ပြလိုက်ပြီးနောက် ဇော်မင်းထွန်းက သတ်သင့်လို့ သတ်တာ၊ သူတို့ ပြစ်မှုတွေအရဆိုရင် ဆယ်ပြန်ဆယ်လီတောင် သတ်ဖို့ကောင်းတယ်လို့ ကြေညာခဲ့တယ်။ (ဒီလိုဆိုရင် မင်းအောင်လှိုင်အမှူးပြုတဲ့ စစ်ကောင်စီတသိုက်ကို ကော မသတ်သင့်ပေဘူးလား။ ပြည်သူ့ဆန္ဒအရ ပြောရရင် ဆယ်ပြန်ဆယ်လီဆိုတဲ့ ဒင်း(သင်း)ရဲ့ ကိန်းဂဏန်းဟာ သိပ်နည်းသွားလိမ့်မယ်ထင်တယ်။ ) (ပုစွန့်ဦးနှောက်များ) (ကြေးမုံ၊ မြန်မာ့အလင်းမှ ဖော်ပြချက်များ) ရေချွေတာရေးနည်းလမ်းများ။ – သွားတိုက်နေစဉ် ဘုံဘိုင်ခေါင်း ဖွင့်မထားပါနှင့်။ – ဘုံဘိုင်ခေါင်းကို ရေစက်ကျမနေစေရန် ကျပ်အောင် ပိတ်ပါ။ – သွားတိုက်လျှင် ရေဖန်ခွက်… Read More »

စာတည်းအဖွဲ့အမှာ

စာတည်းအဖွဲ့အမှာ အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ် (၆) စာတည်းအဖွဲ့အမှာ (အပိုင်း ၁) (နိဒါန်း) (မင်းအောင်လှိုင်တို့ရဲ့ သွေးခွဲနည်းပရိယာယ်ခြေလှမ်းတွေကို သတိထားနိုင်ဖို့ လျှို့ဝှက်ချက်တခုကို မိတ်ဆက်ပေးပါမယ်။ မင်းအောင်လှိုင်က ကျွန်တော်တို့ပါတီဆီကို စိတ်ချရတဲ့ ပုဂ္ဂိုလ်တဦးကတဆင့် အတွင်းစကားတခု ပို့ဖူးတယ်။ “ကျွန်တော်တို့အတွင်းမှာ ဒီငါတကောကော လုပ်တဲ့မိန်းမကြီးနဲ့တော့ အလုပ်တွဲလုပ်သွားလို့ မဖြစ်တော့ဘူး”တဲ့။ (အေး-မင်းပြောတာတွေ ငါကတော့ ပါတီကို အစီရင်ခံရမှာပဲ)ဆိုတော့ “ခင်ဗျားတို့ပါတီ သိစေချင်လို့ ပြောတာပဲ”တဲ့။ ဒါဟာ ကြောင်လက်နဲ့ ပြာပူ အယက်ခိုင်းတဲ့ ကိစ္စ၊ လမ်းစဉ်မတူကြလို့ NLD နဲ့ CPB သဟဇာတမဖြစ်၊ ကွဲနေတာကို တည်ပေးလိုက်တာ ဖြစ်တယ်။ ဒီပြဿနာ ပွထလာရင် ပထမဆုံး ကျွန်တော်တို့ရဲဘော်ရဲ့ လျှို့ဝှက်ရေး လုံခြုံရေး ထိခိုက်မယ်။ မင်းအောင်လှိုင်ကတော့ ငါ့ရန်သူရဲ့ရန်သူဟာ ငါ့မိတ်ဆွေ ဖြစ်တယ်ဆိုတဲ့ လောဂျစ်ကို ကိုင်စွဲပြီး ခပ်တိမ်တိမ် တွက်ပုံရတယ်။ သိပ်မကြာလိုက်ပါ။ ဒီဝေါဟာရဟာ တပ်နဲ့ အရပ်ထဲ ပြန့်လာခဲ့တယ်။ ခုတော့ ကျွန်တော်တို့ ရဲဘော်ကွယ်လွန်သွားတာလည်း ကြာပါပြီ။ နောက်… Read More »

စစ်အုပ်စုကိုကယ်ပေါက်မပေးနဲ့ အချောင်သမားတွေကို လွှတ်မထားနဲ့

စစ်အုပ်စုကိုကယ်ပေါက်မပေးနဲ့ အချောင်သမားတွေကို လွှတ်မထားနဲ့ ရဲဘော်အောင်သော် (အရေးတော်ပုံဂျာနယ်၊ အတွဲ (၃) အမှတ်(၆) မှာ ဖော်ပြမယ့်ဆောင်းပါး) စစ်အုပ်စုဟာ သူတို့အကျပ်အတည်းကြီးကြီးမားမားကြုံတိုင်း ရွေးကောက်ပွဲနဲ့ ထွက်ပေါက်ရှာတယ်။ ၁၉၈၈ ခုနှစ်မှာ စစ်အုပ်စုထွက်ပေါက်ပိတ် အကျပ်ဆိုက်တယ်။ လူထုက စစ်အုပ်စုကို အသေရရ အရှင်ရရ အမိဖမ်းဖို့ တိုက်ပွဲဆင်နေတယ်။ စစ်အုပ်စုက ၈၈ စက်တင်ဘာမှာ လူပေါင်းများစွာကို ရက်ရက်စက်စက်သတ်ဖြတ်နှိမ်နင်းတယ်။ လူထုရဲ့ မကျေနပ်မှုအစိုင်အခဲဟာ ပိုပြီးကြိတ်ခဲကြီးထွားလာတယ်။ နောက်တကြိမ်ထပ်မံပေါက်ကွဲဖို့ အသင့်ဖြစ်နေတဲ့ ယမ်းပုံကြီးပဲ။ အဲဒီအချိန်မှာ လူထုရဲ့ဒေါသကို ဖြေလျှော့ပြီး အတုအယောင်မျှော်လင့်ချက်ပေးဖို့ ရွေးကောက်ပွဲဖန်တီးခဲ့တယ်။ ၁၉၉၀ ပြည့်ရွေးကောက်ပွဲပေါ်လာတယ်။ အာဏာလုံးဝမလွှဲခဲ့ဘူး။ ၂၀၀၇ ခုနှစ်မှာ သံဃာ၊ ကျောင်းသားနဲ့တကွ ပြည်သူလူထုကြီးတရပ်လုံးနိုးထလာတယ်။ သံဃာတွေကို စစ်အုပ်စုကသတ်တယ်။ ကျောင်းသားတွေကို စစ်အုပ်စုကသတ်တယ်။ ရဟန်းသံဃာတွေကို ပစ်ခတ်သတ်ဖြတ် နှိပ်စက်ညှဉ်းပန်းပြီးနောက်မှာ စစ်အုပ်စုထဲတောင် အက်ကြောင်းထင်လာတယ်။ ထုံးစံအတိုင်း ပြည်သူလူထုကို မျှော်လင့်ချက်အမှားပေးဖြေလျှော့ဖို့ ရွေးကောက်ပွဲဟာ သူတို့တွက် ကယ်ပေါက် (ဂယ်ပေါက်) အဖြစ်လိုလာပြန်တယ်။ ဒါပေမဲ့ ၁၉၉၀ သင်ခန်းစာကိုပြန်ဆန်းစစ်ထားတဲ့ စစ်အုပ်စုဟာ ရွေးကောက်ပွဲပြီးနောက်ပိုင်း… Read More »

ဆိုရှယ် ဒီမိုကရက် ဘာလဲ

ဆိုရှယ် ဒီမိုကရက် ဘာလဲ ရဲဘော်ဖိုးသံချောင်း (အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၆) မှာ ဖော်ပြမယ့်ဆောင်းပါး) အရင်က ဗမာပြည်နိုင်ငံရေးလောကမှာသိပ်မကြားရဖူးတဲ့ နိုင်ငံရေးအယူအဆ(ဝေါဟာ ရ)နဲ့အဲဒီအယူအဆကိုကိုင်စွဲသူတွေ ခုတလောပေါ်လာတာကို သတိထားမိကြမယ် ထင်ပါ တယ်။ အဲဒါကတော့ ဆိုရှယ်ဒီမိုကရက်ဆိုတဲ့ဝေါဟာရပါ။ ပဒေသရာဇ်မင်းတွေမရှိတော့တဲ့ နောက် နိုင်ငံရေးအင်အားစု နဲ့လှုပ်ရှားမှုအမျိုးမျိုး လူးလွန့်လှုပ်ရှားလာခဲ့တဲ့နောက် ဗမာပြည် နိုင်ငံရေးလောကထဲကို ဆိုရှယ်လစ် ဆိုတဲ့ဝေါဟာရကို လူအမျိုးမျိုးပါးစပ်က ပုံစံအမျိုးမျိုးနဲ့ ကြားလာကြရပါတယ်။ ရုရှားကအောက်တိုဘာ တော်လှန်ရေးကြီးအောင်ပွဲခံလိုက်တဲ့ နောက် သူ့ခေါင်းမှာလည်းသပြေညို၊ ငါ့ခေါင်းမှာလည်း သပြေညို ဖြစ်ကုန်ကြတာထင်ပါရဲ့။ ဆိုရှယ်နီ၊ ဆိုရှယ်ဝါ၊ ဖဆပလထဲကဆိုရှယ်လစ်အင်အားစု စသဖြင့် ခွေးလှေးပျားတော အနှံ့ ပေါချင်တိုင်းပေါနေခဲ့တဲ့ ဆိုရှယ်လစ်စကားကို စစ်အာဏာရှင်ထိပ်သီးကြီး ဗိုလ်နေဝင်း ကနေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်လို့လုပ်လိုက်တော့မှာ အားလုံးအော်ဂလီဆန် ကုန်ကြ တော့တာဖြစ် ပါတယ်။ ဒီလိုနဲ့စစ်အုပ်စုက ပဉ္စမအကြိမ်မြောက် အာဏာသိမ်းလိုက်တဲ့နောက် မှာ ဆိုရှယ်ဒီမိုကရက်ဆိုတာကြီး ပိုမြည်ဟည်းလာတာဖြစ်ပါတယ်။ ( ဒီအရင်ကတည်းက SD ဆိုတာ ပြောနေတာပါ။ သဘောတရားအရတော့ သိပ် မပြောနိုင်ပါဘူး။) ဒီတော့ ဆိုရှယ်ဒီမိုကရက်ဆိုတာ… Read More »

ရွှေစွန်ညိုသင်္ဘောတိုက်ပွဲ အမှတ်တရများ

“ရွှေစွန်ညိုသင်္ဘောတိုက်ပွဲ အမှတ်တရများ” ငြိမ်းမောင်ဦး (အရေးတော်ပုံဂျာနယ်၊ အတွဲ(၃)၊ အမှတ်(၆) မှာ ဖော်ပြမယ့်ဆောင်းပါး) နှစ်ပေါင်း(၅၀)တိုင်ခဲ့ပြီ…… ။ စစ်တွေနှင့်ပလက်ဝ ကုလားတန်မြစ်တလျှောက်စုန်လိုက်ဆန်လိုက်ဖြင့် လွန်းပြန်ပြေးနေသော ရွှေစွန်ညိုသင်္ဘောနှင့်ကျွန်တော်…ရေစက်ဆုံခဲ့ဖူးသည်။ ကာလတချို့..သူဖြတ်သွားတိုင်း မြစ်ကမ်းနဖူးမှ ငေး မောကြည့်ခဲ့ဖူးသော်လည်း …သူ၏နောက်ဆုံးခရီး ..ရေလွှာအောက်သို့လောင်ကျွမ်းနစ်မြုပ်ဝပ်စင်းသွားခဲ့ သည့် ဇာတ်သိမ်းခန်းတွင် ထဲထဲဝင်ဝင်ပါဝင်ခဲ့ရလိမ့်မည်ဟု..စိုးစဉ်းမျှ မျှော်လင့်မထားခဲ့မိပါ။ ဓမ္မတာပင်…..နှစ်တွေကြာလာတော့ ရွှေစွန်ညို ဇာတ်လမ်းကို တချို့က မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြသည်။ တချို့ကတော့…ပါးစပ်ပုံပြင်လေးအဖြစ် ရှားရှားပါးပါးကျန်ရစ်သည်။ ကျွန်တော့်အဖို့ကတော့…နှလုံးသားထဲအထိနက်နက်ရှိုင်းရှိုင်းခံစားခဲ့ရသော အမှတ်တရအဖြစ် ဘယ်တော့မှမေ့မရနိုင်တော့ပါ။ လွန်ခဲ့သောနှစ်ငါးဆယ် ၁၉၇၂-ခုနှစ်ကအဖြစ်အပျက်တွေမို့ တချို့ပုံရိပ်များက မထင်မရှား …လှုပ်ရှားနေသောရုပ်ပုံလွှာများအဖြစ် ဖမ်းဆုပ်ရန်ခက်ခဲလှသည်။ …တချို့ကတော့ နှလုံးသား၏အနက်ရှိုင်းဆုံးနေရာအထိ.ရင်ထဲမှာတလှပ်လှပ်နှင့် ခံစားနေရဆဲ….အဟောင်းတွေအသစ်ဖြစ်လို့ အမှတ်ရနေဆဲ…..။ ကျောက်တော်မြို့နှင့်ပလက်ဝမြို့အကြား ကုလားတန်မြစ်အနောက်ဖက်ကမ်းရှိ “ ကွမ်းဇေး” ဆိုသောရွာကလေးတွင် …၁၉၇၂ခုနှစ်မေလမှနိုဝင်ဘာလထိ ခြောက်လခန့်မျှ ကျွန်တော့်ရဲ့တော်လှန်ရေးဘဝ ပထမစာမျက်နှာများကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ဖြတ်သန်းခဲ့ရသည်။ ဘဝက ..အထီးကျန်ဆန်လွန်းလှပါသည်။ အကြောင်းအ မျိုးမျိုးကြောင့် အချိန်မကြာသင့်ဘဲကြာခဲ့ရပြီး မျှော်လင့်မထားသောဒုက္ခမျိုးစုံနှင့်ကြုံတွေ့ခံစားခဲ့ရသော်လည်း မရေရာသောအနာဂတ်ကို စိတ်ရှည် လက်ရှည် စောင့်စားရင်းဖြင့် အခက်အခဲ မျိုးစုံကို ဆုံးဖြတ်ချက်ရှိရှိ ဖြင့် ကျော်လွှားနိုင်ခဲ့ပါသည်။ ကောက်စိုက်ပေါင်းသင်… Read More »

ကျွန်မဆက်၍ရေးဖြစ်ခဲ့သော ဖေဖေအကြောင်းများ။

ကျွန်မဆက်၍ရေးဖြစ်ခဲ့သော ဖေဖေအကြောင်းများ။ လှကျော်ဇော အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၆) မှာ ဖော်ပြမယ့်ဆောင်းပါး။ ၂၀၂၂-အောက်တိုဘာ(၁၀)ရက်နေ့ဖေဖေကွယ်လွန်တာ (၁၀)နှစ်ရှိသွားပါပြီ။ ဖေဖေရဲ့ကိုယ်တိုင်ရေးအတ္ထုပွတ္တိ–ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့—ဆိုတဲ့စာအုပ်ကိုလည်း ပြည်ပမှာ (၂၀၀၇)ကတကြိမ်၊ပြည်တွင်းမှာ(၂၀၁၂-၂၀၁၆) နှစ်ကြိမ် ထုတ်ဝေပြီးပါပြီ။ အဲဒီစာအုပ်အကြောင်းအရာတွေထဲမှာမပါဖြစ်ခဲ့တဲ့အကြောင်းတွေကို ကျွန်မက– ကျွန်မဆက်၍ရေးချင်သောဖေဖေ့အကြောင်းများ။–ဆိုတဲ့ခေါင်းစဉ်နဲ့ဆောင်းပါးဆက်များကိုဖေဖေရှိစဉ်ကတည်းကရော၊ကွယ်လွန်ပြီးမှရော၊ရေးလာတာဆောင်းပါးအမှတ်(၅၅)ထိရောက်နေပါပြီ။အရေးတော်ပုံဂျာနယ်မှာတောက်လျှောက်ထည့်ခဲ့ပြီး၊ပြည်တွင်းမှာလည်းထုတ်ဝေပေးသူများရှိတဲ့အတွက် စာအုပ်အတွဲတွေလည်းထုတ်ပြီးပါပြီ။ ပြည်တွင်းနိုင်ငံရေးအခြေအနေအတက်အကျအလိုက် အခွင့်အရေးရရင်ရသလို ဖေဖေအရင်ကရေးသားထုတ်ဝေဖူးတဲ့ စာအုပ်စာတမ်းများ၊ခေတ်အဆက်ဆက် အခမ်းအနားများမှာပြောခဲ့တဲ့ မိန့်ခွန်းပေါင်းချုပ်များ၊သတင်းမီဒီယာအမျိုးမျိုးနဲ့ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းများ၊စတာတွေလည်းပြည်တွင်းမှာထုတ်ဝေပြီးပါပြီ။ ဖေဖေကွယ်လွန်ပြီးမှ ဖေဖေအတွက် ရည်စူးတဲ့ ဆောင်းပါးများကဗျာများ စုစည်းပြီး၊စာအုပ်တွေလည်းအတော်များများထုတ်ပြီးပါပြီ။ အခုနောက်ဆုံး၊ ၂၀၁၉-ဒီဇင်ဘာမှာ ဖေဖေရာပြည့်အတွက် အမှတ်တရ စာအုပ်များ ၁။ဗိုလ်ကျော်ဇော၏စစ်ရေးအမြင်များ။အတွဲ(၁)။ ၂။ဗိုလ်ကျော်ဇောရာပြည့်။မောင်စွမ်းရည်နှင့်။ (၂)အုပ်ထုတ်ခဲ့ပါတယ်။ အဲဒီကာလက ဗမာပြည်တွင်းနိုင်ငံရေးအခြေအနေအရ တစုံတရာ အခွင့်သာနေလို့ရာပြည့် အထိမ်းအမှတ်ပွဲလေးလည်းရန်ကုန်မှာ ကျင်းပနိုင်ခဲ့ပါတယ်။ ကျွန်မဒါတွေရေးပြနေတာအကြောင်းရှိပါတယ်။ ၁၉၈၉ခုနှစ် ကျွန်မတို့ပါတီ အကွဲကွဲအပြဲပြဲဖြစ်သွားပြီးနောက် ပါတီရဲ့ အသက်အရွယ်ကြီးတဲ့ ဗဟိုခေါင်းဆောင်များအနားယူဖို့ ပါတီ ဗဟိုက ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ ကျွန်မက တဖက်နိုင်ငံသွားအနားယူရမယ့် (အသက်(၇၀)ရွယ်) မိဖနှစ်ပါးကိုလိုက်စောင့်ရှောက်ရဖို့ဖြစ်လာပါတယ်။ ၁၉၉၀ခုနှစ်မေလ(၁၆)ရက်နေ့ ခရီးစထွက်ရတော့မယ့် ကျွန်မတို့သားအမိသားအဖ(၃)ယောက်ကိုလာနှုတ်ဆက်တဲ့(ပါတီကို ဆက်ခေါင်းဆောင်ဖို့ကျန်ခဲ့တဲ့)ရဲဘော်ထွန်းက ကျွန်မကိုဒီလိုမှာလွှတ်ပါတယ်။ —–ရဲဘော်ဦးတင်(ဖေဖေပါတီတွင်းအမည်)ရဲ့နိုင်ငံရေးသေ မသွားအောင် ခင်ဗျားကြိုး စားပါ။—တဲ့။ ဒီတော့… Read More »

တုတ်ဓားလက်နက်ကိုင်လူထုကို လေယာဉ်တွေနဲ့ ရင်ဆိုင်တိုက်နေတဲ့ စစ်ကောင်စီ

တုတ်ဓားလက်နက်ကိုင်လူထုကို လေယာဉ်တွေနဲ့ ရင်ဆိုင်တိုက်နေတဲ့ စစ်ကောင်စီ ညိုစိန်ဝင်း (အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အ မှတ်(၆) မှာ ဖော်ပြမယ့်ဆောင်းပါး) လူတွေကို ကြိုးနဲ့တုပ်ပြီး အစုလိုက်အပြုံလိုက် သတ်တယ်။ ကြိုးနဲ့တုပ်ပြီး အစုလိုက်မီးရှို့တယ်။ မြို့တွေပေါ်မှာဆိုရင် အစုလိုက် ကြိုးပေးသတ်တယ်။ ကျေးလက်တွေမှာ ရွာလုံးကျွတ်မီးရှို့တယ်။ အညာမြေတခွင်လုံး မီးလောင်ပြင်နဲ့ စစ်တလင်း ဖြစ်အောင်လုပ်တယ်။ (စကစ အာဏာသိမ်းပြီးကတည်းက လူထုအိမ် မီးရှို့တာ ၃ သောင်းကျော်ပြီ။ စစ်ကိုင်းတိုင်းမှာ,ကို ၂ သောင်းကျော်ရှိပြီ။) ကြွက်မနိုင်လို့ ကျီမီးရှို့ပေါ်လစီလား။ တော်လှန်ရေးသမားတွေကို မနိုင်လို့ လူထုကို မဲတာလား။) မဟုတ်သေးဘူး။ ဒါ့ထက် ပိုတယ်။ ပြည်သူလူထုကို စစ်ကောင်စီက ရန်သူအဖြစ် သဘောထားတာ ဖြစ်တယ်။ လူတွေအရှင်လတ်လတ် မီးရှို့တာတင် မကဘူး။ စပါးကျီတွေပါ မီးရှို့တယ်။ စစ်ရှောင်ပြည်သူ အသောင်းအသိန်းကို စပါးမရိတ်နိုင်အောင် လက်နက်ကြီးတွေနဲ့ ထုပြီး သတ်တယ်။ လူထုစိုက်တဲ့စပါးခင်းတွေကို စစ်ကောင်စီရဲ့ မိစ္ဆာတပ်နဲ့ ပျူစောထီးတွေက အတင်းဝင်ရိတ်တယ်။ လူထုကို ငတ်သေအောင် လုပ်တာပဲ။ (အညာဒေသရဲ့ စိုက်ခင်း… Read More »