ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီ၏ ပါတီစိန်ရတုထုတ်ပြန်ကြေညာချက်

သံမဏိပန်းတပွင့်ရဲ့ ၇၅ နှစ်ခရီး

  သူဟာ မုန်တိုင်းလည်းမကြောက် လေကြမ်းလည်း မရမ်းတဲ့ သံမဏိပန်းတပွင့် ကြွားကြွားဝင့်ဝင့် ပွင့်ဖူး ထူးလှတဲ့ စိန်ရတုတိုင် သူ မယိုင်လဲခဲ့ဘူး။   သူဟာ သမိုင်းဆရာ အဘိဓမ္မာဆရာ ရာဇဝင်ထဲက ကဗျာတပုဒ် နာနာသင်မှတ်ခဲ့ရတဲ့ ကျမ်းစာအုပ်လည်း ဖြစ်ရဲ့။   သူဟာ အရုဏ်ဦးရဲ့သစ္စာ မိုးသောက်ကြယ် ရိုးမတွေရဲ့အထက်အောက်ကနေ မီးပွားတွေ လွှင့်ထုတ် အမိုက်အမှောင်ကို တွန့် ဆုတ်စေခဲ့။   သူဟာ လွတ်မြောက်ရေးတရားဟောသလို ထွက်ရပ်လမ်းကိုလည်း ကိုယ်တိုင်ဖောက် တပ်ဦးကိုပဲ အမြဲရောက်ခဲ့။   သူဟာ တော်လှန်တဲ့ဓားတလက် စူးရှထက်မြက် ကလောင်သွားတလက် ဒါနဲ့များ သူဟာ မီးကျိုးမောင်းပျက်တဲ့လားလေ။   သေချာတာတော့ သူ့ လက်ချက်မှာ ရန်သူ အသက်ထွက်မယ် ဆိုတာပါပဲ ဒါ အနုပဋိလောမတရား သမိုင်းစကားပေါ့။   ဖိနှိပ်သူဟာ ကျဆုံးရမြဲ သွေးစုပ်သူဟာ ကျရှုံးရမှာပဲ မဟုတ်ပါလား။   သူဟာ ဂျိုးမကပ်သလို လက်ကျန်လည်းမဟုတ် အုပ်စိုးသူလူတန်းစားကို ဖြုတ်ချ တော်လှန်တဲ့ ပစ္စည်းမဲ့အာဏာကို… Read More »

The Fire Next Time

The Fire Next Time​ by Maung Shwe Oh​ Many an anniversary we have marked over the past six decades and more, not just 8888, but 7th July and Bo Aung Gyaw Day too, and most recently the Saffron Revolution.  They were all characterized by our tragic losses and ​ or defeat. It begs the question: when and how soon are we going to see victory for the people? More to… Read More »

မုန်တိုင်းထဲက ဝါးပင်ပျို

အဖိုးကြီး ခင်ဗျားလည်း အသက်ကြီးပြီနော် အသက်ကြီးပြီသာဆို တောင်ဝှေးလည်းမလိုသေးပါလား။   ခင်ဗျားမှာတော့ သွေးထဲမှာ မအိုဆေးတွေ စီးဆင်းနေလေသလား။   ခင်ဗျားမတော့ဗျာ အလန်းဇယား*တွေလို လမ်းသလားနေလိုက်တာ ခင်ဗျာ့လက်တွေခြေတွေမှာ မော်တာတပ်ထားလေရော့သလား။   လမ်းမတွေကတော့ အသက်ရှူကျပ်နေတုန်းပဲဗျ ကြွက်စုတ်တွေကမှန်ဘီလူးထုတ်ပြီး ဗိုလ်ချုပ်လမ်းပေါ်မှာသန်းရှာကြတယ်။ လမ်းမလျှောက်ရဲသူတွေကတော့ စကားကို မပီကလာပီကလာပြောကြတယ်။ ဟောဒီလို တရားမျှတမှုတွေ အိပ်မောကျနေဆဲညဥ့်သန်းခေါင်ကြီးမှာ ဆိုင်ကယ်စီးဓါးသမားတွေ လမ်းသလားနေကြတယ်။ မျက်နှာမဖော်ဝံ့သူတွေက ရီမုတ်ကွန်ထရိုး** ကိုင်ပြီး အဆက်ဆင်*** ဂိမ်းကို ကစားကြတယ်။   ခင်ဗျားကတော့ လူတွေကြားမှာ တပေါင်းလေလို ဝှစ်ကနဲရောက်လာပြီး ဘယ်သူမှ ဖမ်းဆုပ်ဖို့ မတွေးမိသေးခင်မှာ ရွေ့ကနဲပျောက်သွားပါရောလား။   ခင်ဗျားရဲ့အသံကိုသာ ကျုပ်တို့ကြားလိုက်ရတယ်။ နှင်းဆီရနံ့သာ လွင့်ကနဲပျံ့သွားတယ်။ ခင်ဗျားအရိပ်ကိုမှ ကျုပ်တို့မမြင်လိုက်ရပါကလား။ ဒါပေမဲ့ သူဆင်းရဲတို့ တောက်ခေါက်ချိန်မှာ ခင်ဗျားလည်း ရှိနေမှာပဲလို့ ကျုပ်ယုံတယ်လေ။   တကယ်တန်း ခင်ဗျား သွေးတွေ ဘယ်နရီနဲ့ ခုန်နေသလဲဆိုတာကိုတော့ အရေးတော်ပုံဂျာနယ်ထဲမှာပဲ ကျုပ်တို့ရှာဖတ်ကြရတယ်။   ခင်ဗျားဟာ လွန်ခဲ့တဲ့ နှစ် ၆၀… Read More »

အရေးတော်ပုံဂျာနယ် အတွဲ (၂ ) အမှတ် (၂ )

aydb2-2

စိန်ရတုအထိမ်းအမှတ် အမှာစာ

ရဲဘော်များ၊ မိတ်ဆွေများ၊ ပြည်သူများခင်ဗျား – ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၁၅ ရက်သည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ မွေးနေ့ဖြစ်သလို ၇၅ နှစ် ပြည့်မြောက်သည့် နေ့လည်းဖြစ်သည်။ -၂ဝ၁၄ ခုနှစ် တနှစ်လုံးကို ပါတီအနေနှင့် “ဗမာပြည်ကွန်မြူနစ်ပါတီ၏ စိန်ရတုအခါသမယ” လို့ သတ်မှတ်ထားပါသည်။ – ယင်းကာလအတွင်း စိန်ရတုသဘင်အထိမ်းအမှတ်ပြုသည့် စာစောင်၊ စာတမ်းများ ထုတ်ဝေသွားရန် စီစဉ်ထားသည်များ ရှိကြောင်း ပြောလိုသည်။ ကျွန်တော်တို့ထံတွင် သမိုင်းဝင် စာမူစာတမ်းများ၊ မိန့်ခွန်းများ၊ ဓာတ်ပုံများ၊ သီချင်းခွေများအပြင် ခေါင်းဆောင်များ၊ ပါတီဝင်များ၊ ပါတီလိုလားသူများ၏ စာမူမြောက်မြားစွာ (ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးနဲ့ အဓိဌာန်ပြုချက်များ) လက်ခံရရှိ စုဆောင်းထားပြီးဖြစ်သည်။

သဘာဝအနီနဲ့ ထာဝရအနီ

တမျိုးရှိုးထုတ်ကာ မကြွားလိုသော်လည်း ဟိုး မိုးကုတ်က ပတ္တမြားဆိုတာ ဒို့လူထုနဲ့သာဆိုင်ရာ သဘာဝရတနာဖြစ်ကြောင်း ကမ္ဘာသူ ကမ္ဘာသားအပေါင်း သိကြပါတယ်။   သဘာဝပတ္တမြားဟာ မြေသားများအောက်ရော ကျောက်လွှာအထပ်ထပ်တွင်ပါ ဓာတ်အင်အားများစွာပေါင်းပြု နှစ်ထောင်သောင်းသိန်းသန်း စုစည်း ဖြစ်တည်ပြီး လာခဲ့တာပါ။   ဤအနီကျောက်များထဲမှ ငမောက်မည်ခေါ် ပြည်တော်တန်လို့မှတ်ထား ပတ္တမြားနီခဲ ရွဲရွဲလဲ့လဲ့ကို နယ်ချဲ့ရဲ့ဗိုလ် ခိုးယူသွားခဲ့တယ်။ ဗိုလ်စလေဒင်သက်သက်လား နယ်ချဲ့လက်ချက်လား အငြင်းပွားရန်မလိုပါ။   ယခင်တချိန်တခါက ဦးမကောင်း ကင်းဝန်ဟာ အင်္ဂလန်မှာရောက်စဉ် ဟိုဘုရင်ကို ပြောပြလိုက်ရာ လွန်စွာအံ့သြ လိုချင်ဇောကပ်ခါ စာချုပ်တွေ ချုပ်ခဲ့ကြတယ်။   နိုင်ငံတော်လည်း ပြန်ရောက်ရော မင်းသီပေါထံ လျှောက်ထားတင်ပြ ဘုရင်သီပေါမင်း ဒေါသစိတ်ဝင် ဟင် – နင်ဘာတွေ လုပ်ခဲ့တာလဲ ငါဟာ နင့်ကို ဘာအာဏာပေးခဲ့လို့လဲ စိတ်မထိန်းနိုင်တော့ဘဲ ငေါက်လိုက်တယ်။   ထိုမှတဆင့် ဘုရင့်သဘောကျ ယောအတွင်းဝန် ဦးဘိုးလှိုင်ဟာ တာဝန်ယူခဲ့ကာ နယ်ချဲ့ကိုယ်စားလှယ်အား သွားခေါ်စေခိုင်းလို့ရောက်လာ ဆွေးနွေးပါတော့တယ်။   ဆွေးနွေးပွဲပြုကြရာတွင် နန်းစဉ်ငယ်ပတ္တမြား ထုတ်ပြသွားပြီးကာ… Read More »