Category Archives: Uncategorized

(၂၈) ကြိမ်မြောက် ရှစ်လေးလုံးအရေးတော်ပုံအထိမ်းအမှတ်အခမ်းအနားအတွက် သဝဏ်လွှာပေးပို့ခြင်း

to-ABSDF

ကျေးရွာ စည်းရုံးရေးတာဝန်ခံ

စခန်းမှ နေ့ဝက် ခြေကျင်ခရီးလောက်ဝေးသော တဲစုတစုမှာ စပါးကူရိတ်ပေးရာမှ စခန်းသို့ ပြန်အရောက်တွင် ခရိုင်အတွင်း ရေးမှူးက ကျွန်တော့်ကို တာဝန်ပေးသည်။ ကျောက်တောင်ရွာ စည်းရုံးရေးတာဝန်ခံအဖြစ်ဆောင်ရွက်ရန်ဖြစ်သည်။ “ကျွန်တော်တို့မှာ ခင်ဗျားသိတဲ့အတိုင်း ဒီရွာတရွာပဲ ရှိတော့တယ်။ အဲဒီရွာကို ကျွန်တော်တို့ စနစ်တကျ တည်ဆောက် ရ မယ်” ဟုလည်းပြောပါသည်။ (၁၉၉၁)ခုနှစ် မိုးဦးကျတွင် ရန်သူက ကျွန်တော်တို့ပါတီနယ်မြေတွင် ဖြတ်လေးဖြတ် စစ်ဆင်ရေးစခဲ့သည်။ စစ်ဆင်ရေးကို ရေပက်စစ်ဆင်ရေးဟု ခေါ်ကြောင်း သိရသည်။ ငါးနှင့်တူသော ကျွန်တော်တို့တပ် အသက်မရှင်နိုင်အောင် ရေနှင့်တူသော ကျွန်တော်တို့၏ အခြေခံဒေသ ပြည်သူများကို သူတို့ မျက်စိအောက် နေရာသို့ အတင်းအဓမ္မ ရွှေ့ပြောင်းစေခဲ့ခြင်းပင် ဖြစ်သည်။ နိုင်သလောက်ပစ္စည်းမျှသာ ယူဆောင်ပြီး၊ ချက်ချင်း ပြောင်းရွှေ့ခိုင်းခြင်း တနည်းအားဖြင့် ရွာများမှ နှင်ထုတ်၊ မောင်းထုတ်ခြင်းပင်။ အသုဘအိမ် ကိုပင် အလောင်း မြေမြှုပ် သင်္ဂြိုဟ်ခွင့်မပေးချေ။ ဆောင်းလယ်လောက်မှာ သည်နယ်သို့ ကျွန်တော် ရောက်လာခဲ့ခြင်းဖြစ်ရာ၊ လူသူကင်းမဲ့သော ရွာများကို ဖြတ်လာခဲ့စဉ်က စိတ်ထဲမှာ ကြေကြေကွဲကွဲ နာနာကြည်းကြည်း… Read More »

အလုပ်သမားသပိတ်အရေး ပြည်သူသို့ အစီရင်ခံစာ(၃)

အလုပ်သမားသပိတ်ကို ဖြိုခွဲနှိမ်နင်းမှု အဆင့်ဆင့် ဆွေးနွေးညှိနှိုင်းမှုများ အလုပ်သမားများသည် စစ်ကိုင်းစက်ရုံရှေ့တွင် ရက်ပေါင်း ၆၀ ကြာ သပိတ်မှောက်ခဲ့ကြသည်။ ဆင်းရဲ ဒုက္ခအမျိုးမျိုးနှင့် တွေ့ခဲ့ကြရသည်။ မီးဖွားကာစ ကလေးများ သေဆုံးခဲ့ရသည်။ မိုးသီးဒဏ်ကြောင့် မိန်းကလေးတယောက် ဆေးရုံပို့ခဲ့ရသည်။ သို့သော် အလုပ်သမားများ၏ ဒုက္ခကို မည်သူမျှ အရေးလုပ်ဖြေရှင်းပေးခြင်း မရှိခဲ့။ ထို့ကြောင့် အခြားရွေးစရာမရှိတော့သော အလုပ်သမားများသည် ဧပြီလကုန်ပိုင်းတွင် နေပြည်တော်သို့ ကားဖြင့် ထွက်ခွာခဲ့ကြသည်။ ဝမ်းတွင်းမြို့အရောက် မြတ်ညီနောင် ဘုရားအနီးတွင် အာဏာပိုင်တို့က တားဆီးခဲ့ကြသည်။ ထိုနေ့သည် ဧပြီလ ၂၆ ရက်နေ့ ဖြစ်သည်။ မြတ်ညီနောင် ဘုရားဝင်းအတွင်းတွင် ဝင်ရောက်ဆွေးနွေးခဲ့ကြရာ အာဏာပိုင်တို့က နှစ်ရက်အတွင်း ပြဿနာ ပြေလည်အောင် ဖြေရှင်းပေးပါမည်။ ဧပြီ ၂၇၊ ဧပြီ ၂၈ နှစ်ရက်စောင့်ဆိုင်းပါဟုပြောပြီး အလုပ်သမားများကို နောက်ပြန်ဆုတ်ခိုင်းခဲ့သည်။ စစ်ကိုင်း အလုပ်သမားများ အလွန်သဘောထားကြီးကြသည်။ ရက် ၆၀ ကာလတွင် မည်သူကမျှ အရေးမလုပ်ခဲ့သော် လည်း ယခု ၂ ရက်စောင့်ပါဆိုသောအခါ ညှိနှိုင်းချက်ကို… Read More »

ဗမာပြည်အလုပ်သမားထုနှင့်အတူ မေဒေးကို ဂုဏ်ပြုခြင်း

လွတ်လပ်ရေးရပြီး ၆၈ နှစ်ကြာ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့နိုင်ငံ၊ ၅၄ နှစ်ကြာ စစ်ဗျူရိုကရက် အာဏာရှင်စနစ်အောက် ကျရောက်နေတဲ့နိုင်ငံ၊ ခေတ်နောက်ကျတဲ့ ပဒေသရာဇ်တပိုင်းစီးပွားရေးထဲမှ ရုန်းမထွက်နိုင်သေးတဲ့ နိုင်ငံဟာ ယခုအခါ လူးလွန့်လှုပ်ရှား နိုးထလာမှုနှင့်အတူ ကမ္ဘာက အာရုံစိုက်မှုကို ရရှိလာတယ်။ ဈေးကွက်အသစ်ကလေးဖြစ်လို့၊ နိုဘယ်လ်ဆုရှင်ဦးဆောင်တဲ့ အရပ်သားတပိုင်းအစိုးရ ပေါ်ပေါက်လာလို့၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဆိုတာထက် ပထဝီနိုင်ငံရေး ပထဝီစီးပွားရေးအရ စိတ်ဝင်စားကြတာက အဓိကကျပါတယ်။ ခေတ်က ဘဏ္ဍာအရင်း ကမ္ဘာဖြန့်ကြက်နေတဲ့ ကမ္ဘာမှုခေတ်ဖြစ်တယ်။ ထုတ်လုပ်ရေး ကိရိယာသစ်တွေ ဆန်းသစ်လာတဲ့ နည်းပညာခေတ် ဖြစ်တယ်။ အရင်းရှင်စီးပွားရေးကပ် နာတာရှည်ဖြစ်ကာ ဆင်းရဲချမ်းသာ ကွာဟမှု နက်ရှုင်းလာတဲ့ ခေတ်ဖြစ်တယ်။ ကမ္ဘာ့နိုင်ငံရေး စီးပွားရေး စည်းစနစ်ဟောင်းတို့ ဖရိုဖရဲဖြစ်ကာ ဧကဝန်ရိုးကမ္ဘာလည်းမဟုတ် ဗဟုဝန်ရိုးကမ္ဘာလည်း မပီပြင်သေးတဲ့ တောင်မရောက် မြောက်မရောက်ကမ္ဘာကြီး ဖြစ်နေတယ်။ အရင်းရှင်စနစ်ရဲ့ ထုတ်လုပ်ရေးမင်းမဲ့လက္ခဏာဆောင်မှုနဲ့ ဖြစ်ပေါ်တိုးတက်မှုမညီညာမှုတို့နှင့်အတူ နိုင်ငံကြီးများဟာ ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒကို တဖက်က ကျင့်သုံးရင်း စီးပွားရေးကပ်ဒဏ်ကို ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးများပေါ် ပုံချနေကြတယ်။ ဘာသာရေး၊ လူမျိုးရေး… Read More »

ပြည်သူ့အာဏာဂျာနယ် အမှတ် (၃၉) (၂၀၁၆ ဇန်နဝါရီ)

pd39

ရဲဘော်စံသူရဲ့မာ့က်စ်ဝါဒအဘိဓမ္မာပို့ချချက်နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ ရှင်းလင်းချက်

ရဲဘော်စံသူရဲ့မာ့က်စ်ဝါဒအဘိဓမ္မာပို့ချချက်ကို လေ့လာရေးစာစောင်အဖြစ်လည်းကောင်း၊ သမိုင်းဆိုင်ရာ စာတမ်းတခုအဖြစ်လည်းကောင်း ထုတ်ဝေခဲ့ပါတယ်။ စာတမ်းနှင့်ပတ်သက်သော ဝေဖန်အကြံပြုချက်များ လက်ခံရရှိပါတယ်။ စိတ်ဝင်တစား ဝေဖန်အကြံပြုချက်များကို ကြိုဆိုပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ရဲဘော်စံသူ ပို့ချချက်ပြုစုရာတွင် သူ့မှတ်စုအဟောင်းတွေထဲက ထုတ်နုတ်အသုံးပြုလိုက်ပုံရပါတယ်။ လုပ်ငန်းတာဝန်တွေထဲ မြုပ်နေတာကြောင့် အသစ်တွေ့ရှိချက်ကို သူသတိမထားမိလိုက်တာ ဖြစ်နိုင်ပါတယ်။ ပန်ဆန်းကာလမှကတည်းက ရဲဘော်တချို့သတိထားမိပြီး ထောက်ပြခဲ့တာ ရှိပါတယ်။ ခုပြန်ထုတ်ဖို့ ဖြစ်လာတော့ စာတည်းအဖွဲ့က အကြောင်းကြောင်းကြောင့် အလုံးစုံ တည်းဖြတ်ပြင်ဆင်ချက်များ မပြုလုပ်ရသေးတဲ့ စာမူဟောင်းကိုပဲ တင်လိုက်မိတာ ဖြစ်သွားတယ်။ ဒါကြောင့် ချို့ယွင်းချက်တွေ၊ မှားယွင်းမှုတွေ ပါရှိသွားခဲ့ပါတယ်။ ဒီအတွက် တောင်းပန်ပါတယ်။ အခု ဒီအပိုင်းကို ဖြုတ်လိုက်ပါပြီ။ ဒီစာတမ်းအပါ အခြားလေ့လာရေးစာတမ်းတွေမှာ အလားတူ အခြင်းအရာများ ရှိနေနိုင်ပါတယ်။ စကားလုံးအသုံးအနှုန်း မှားယွင်း၊ မတိကျတာလည်း ရှိနိုင်ပါတယ်။ ဒီပို့ချချက်မှာ အဓိကပြောလိုတဲ့ အတွင်းသဘောဟာ တခုလုံးအရ ခြုံကြည့်ရင် မှန်ကန်ပါတယ်။ သိပ္ပံပညာနယ်ပယ်မှာ တွေ့ရှိချက်အသစ်များ၊ မှန်းဆချက်အသစ်များက အဟောင်းများကို ပြင်ဆင်ဖြည့်စွက်တဲ့သဘောဖြစ်ပြီး ဒါတွေဟာ အနုပဋိလောမရုပ်ဝါဒ၊ သမိုင်းရုပ်ဝါဒ အတွင်းသဘောကို ပိုမိုပြည့်စုံခိုင်မာလာစေပါတယ်။… Read More »

သူရဦးရွှေမန်း အဖြုတ်ခံရတာဟာ အာဏာပြဿနာဖြစ်တယ်

usdp crack