Category Archives: ပါတီစိန္ရတု

အာဏာကိုလက်မလွှတ်ဘူးလို့ စစ်အုပ်စုကကြေညာပြန်တဲ့ဥပဒေ

အာဏာကိုလက်မလွှတ်ဘူးလို့ စစ်အုပ်စုကကြေညာပြန်တဲ့ဥပဒေ ရဲဘော်ဖိုးသံချောင်း တပြည်လုံးအနှံ့ဖြစ်ပွားနေတဲ့ စစ်မြေပြင်တွေမှာ အရှုံးနဲ့ချည့်ရင်ဆိုင်နေရတဲ့ မအလတို့ရဲ့စစ်အုပ်စုဟာ သူတို့တတွေနှာခေါင်းကျည်ပွေ့တွေ့နေတာတွေ သက်သာလိုသက်သာငြား အကောက်ကြံလိုက်ပြန်ပါပြီ။ အဲဒါကတော့ သူတိုစစ်အာဏာရှင်တွေကထုတ်ပြန်မယ်လုပ်ပြီးမှ ပြည်သူလူထုရဲ့တခဲနက်ဆန့်ကျင်မှုကြောင့်ပြန်သိမ်းထားရပြီး တနေ့ကမှကြေညာလိုက်တဲ့ “စစ်မှု မထမ်းမနေရဥပဒေ” ဆိုတာကြီးပါပဲ။ သူတို့အာဏာတည်မြဲရေးမှာ အဓိကအကျဆုံးလက်နက်လည်းဖြစ်၊ ဓနစုဆောင်းရာလမ်းလည်းဖြစ်တဲ့ပြည်တွင်းစစ်မှာ အိမ်ကြက်ချင်းအိုးမည်းသုတ်ခွပ်ခိုင်းတဲ့၊ အကောက်ဉာဏ်တမျိုး ထပ်ဆင်လိုက်တာသာဖြစ်ပါတယ်။ ဗိုလ်သန်းရွှေနာမည်နဲ့ထုတ်ခဲ့တဲ့ ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလ၊ ၄ရက် နေ့ နေ့စွဲတပ်ထားတဲ့ အဲဒီအမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၁၀ဆိုတာကြီးကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၁၀ရက်နေ့မှာပဲ စတင်အာဏာတည်စေရမယ်လို့ ဗိုလ်မင်းအောင်လှိုင်က အာဏာရှင်လေသံ အပြည့်နဲ့ ပြန်အသက်သွင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒီလို အာဏာရှင်လေသံနဲ့ ထုတ်ပြန်လိုက်ပေမယ့် ဒီနေ့လို တော်လှန်ခေတ်မှာ ဒီဥပဒေရဲ့အာဏာစက်ဟာ သူတို့မျှော်မှန်းသလို အပြည့်အဝသက်ရောက်မှာ မဟုတ်ဘူးဆိုတဲ့အချက်ကလည်း အတော်သေချာနေပါတယ်။ ဘာလို့လဲဆိုတော့ မျက်မှောက်မှာ ဗိုလ်မင်းအောင်လှိုင်နဲ့သူတို့စစ်အုပ်စုရဲ့ အာဏာစက်ဖြန့်ကျက်ရာနေရာ အတော်များများဟာ အာဏာစက်ပျက်တဲ့နေရာပျက် ပြယ်တဲ့နေရာပြယ်ဖြစ်နေလို့ပါပဲ။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းသိမ်းအုပ်ချုပ်ထားရာနေရာတွေမှာ ဒီဥပဒေဟာ ဘယ်လိုမှ အာဏာတည်စရာအကြောင်းမရှိတဲ့အပြင် အဲဒီဒေသက တိုင်းရင်းသားပြည်သူတွေအနေနဲ့ကတော့ ဒီဥပဒေကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် သဘောထားနေကြမှာ မဟုတ်ပါဘူး။… Read More »

သို့ PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တပ်မှူးတပ်သားများသို့

ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းနှင့် အလွတ်သတင်းထောက် (ကို)သက်ထွေးနိုင် ဆက်သွယ်မေးမြန်းချက်

ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းနှင့် အလွတ်သတင်းထောက် (ကို)သက်ထွေးနိုင် ဆက်သွယ်မေးမြန်းချက် THN ။ ။ ဗမာပြည်မှာ သက်တမ်းအရှည်ကြာဆုံး ပါတီဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီက အခုဗမာပြည်ရဲ့ နောက်ဆုံး နိုင်ငံရေးဖြစ်စဉ်၊ ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် အကျယ်ပြန့်ဆုံး ပေါ်လာတဲ့ နွေဦးတော်လှန်ရေးဖြစ်စဉ်မှာ ပါတီအနေနဲ့ ဘယ်လိုအခန်းကဏ္ဍမှာ ပါဝင်နေတယ်ဆိုတာ အရင်ဆုံး သိလိုပါတယ်ဗျ။ ရဲဘော်ဖိုးသံချောင်း။ ။ ကျနော်တို့အနေနဲ့ ဒီ နွေဦးတော်လှန်ရေး ဖြစ်ပေါ်လာပြီဆိုကတည်းက ထောက်ခံတယ်ဆိုတဲ့သဘောထား ဖော်ပြခဲ့ပါတယ်။ ကျန်တဲ့သူတွေကိုလည်း အဲလိုပဲ ပြောခဲ့ပါတယ်။ တတ်နိုင်သလောက် ပါဝင်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ လက်နက်ကိုင်အင်အားစုဖြစ်တဲ့ PLA ကလည်း တတ်နိုင်တဲ့အခန်းကဏ္ဍကနေ တတ်နိုင်တဲ့ နေရာဒေသတွေမှာ ပါဝင်လှုပ်ရှားနေတာပါပဲ။ ကျနော်တို့က အကုန်လုံး အစီအစဉ်ရှိရှိ၊ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာပါ။ THN ။ ။ တချိန်က ပါတီသမိုင်းကို နည်းနည်းသွားချင်ပါတယ်။ ပါတီရဲ့ အဓိက အလှည့်အပြောင်းကြီးဖြစ်ခဲ့တဲ့ ၁၉၈၉ ခု ပါတီပြိုကွဲခဲ့တယ်လို့ အများအားဖြင့် ပြောကြတာပေါ့။ အဲဒီနောက်ပိုင်း ပါတီအနေနဲ့ ဘယ်လိုပုံစံ ရှင်သန်ခဲ့လဲ၊… Read More »

“ဒီဘက်ကလည်း ကြည့်ပေးပါ။”

“ဒီဘက်ကလည်း ကြည့်ပေးပါ။” လှသောင်း အတွေးအမြင်တရပ် ကို တိုတိုနဲ့ ယေဘုယျကျကျပဲ တင်ပြပါရစေ။ အစ္စရေး အစိုးရ အနေနဲ့ ပါလက်စတိုင်းနယ်မြေ ပြည်သူများ အပေါ် တလျှောက်လုံး ဘက်စုံ ထိန်းချူပ်လာခဲ့ တိုက်ခိုက်လာခဲ့ရာမှ၊ အခုတခါ သမိုင်းတွင်လောက်တဲ့ အချီကြီးအဖြစ်၊ ဂါဇာဒေသ ကို လူမျိုးတုံး တိုက်ခိုက်မှုဆန်တဲ့ ရက်စက်တဲ့ နည်းတွေနဲ့ အကုန်ဖျက် အကုန်သတ် အကုန်မောင်းထုတ် လုပ်နေတယ်၊ ဒီစစ်ကို အမေရိကန်နဲ့နေတိုးရဲ့ ကိုယ်စားလှယ်ထားတိုက်တဲ့ ယူကရိန်း Proxy war နဲ့ နှိုင်းယှဉ်ချိန်ထိုး ကြည့်တာထက် ဗမာပြည်စစ်အုပ်စု က ပြည်သူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်တာကို အဆက်မပြတ် တလျှောက်လုံးကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲဖြစ်တဲ့တဲ့ ပြည်တွင်းစစ်နဲ့ နှိုင်းယှဉ်သင့်တာ ပိုဆီလျော်ပါလိမ့်မယ်။ ကမ္ဘာ့အရင်းရှင်စနစ် အကျပ်အတည်း ကို အမေရိကန်နဲ့ နေတိုး နယ်ချဲ့အင်အားများက စစ်လှုံ့ဆော် ဆင်နွှဲတဲ့ နည်းနာသုံးပြီး ဖြေရှင်းဖို့ ကြိုးစားလာရခြင်း ဆိုတဲ့ နောက်ခံပေါ်မှာ၊ အဲဒီလို ပြည်သူလူထု အသေအကျေ အပျက်အစီး များပြားလှတဲ့ စစ်ပွဲတွေ… Read More »

ဗမာပြည် ပြည်တွင်းရေးနှင့် တရုတ်အစိုးရ သဘောထားအပေါ်

ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းနှင့် RFA (ဦးခင်မောင်စိုး) ဆက်သွယ်မေးမြန်းချက် ဗမာပြည် ပြည်တွင်းရေးနှင့် တရုတ်အစိုးရ သဘောထားအပေါ် ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းနှင့် RFA (ဦးခင်မောင်စိုး) ဆက်သွယ်မေးမြန်းချက် ဗမာပြည် ပြည်တွင်းရေးနှင့် တရုတ်အစိုးရ သဘောထားအပေါ် ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းနှင့် RFA (ဦးခင်မောင်စိုး) ဆက်သွယ်မေးမြန်းချက် မေး။ ။ဗမာပြည်ကွန်မြူနစ်ပါတီက အခု ဘာတွေများ ဆောင်ရွက်နေပါသလဲခင်ဗျ။ ရဲဘော်ဖိုးသံချောင်း။ ။ ကျနော်တို့ ဗမာပြည်ကွန်မြူနစ်ပါတီက အခုချိန်မှာ အဓိကလှုပ်ရှားတဲ့သဏ္ဌာန်က မြေအောက်သဏ္ဌာန်တွေမို့ မြေအောက်ကိစ္စတွေကို ဒီပေါ်မှာ ပြောလို့မဖြစ်ဘူးခင်ဗျ။ မပြောသင့်ဘူးလို့ ထင်ပါတယ်။ အဲတော့ အဲဒါတွေတော့ ကျနော် မပြောလိုဘူး။ မပြောတာကိုလည်း နားလည်ကြလိမ့်မယ်လို့ ထင်ပါတယ်။ အဲလိုပဲ သဘောပေါက်ပါတယ်။ ကျနော်တို့ ခုလောလောဆယ် လုပ်နေတာကတော့ ပါတီရဲ့ တတိယအကြိမ် ကွန်ဂရက်က ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း “စစ် ၃ စစ်”လို့ ပြောကြတဲ့ “စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရက်ယန္တယား” အဲဒါတွေကို ဖျက်သိမ်းရေး၊ စစ်အာဏာရှင်စနစ်တခုလုံးကို… Read More »

ဗမာပြည်ကွန်မြူနစ်ပါတီပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းကို TM MEDIA မှ အင်တာဗျူး

ဗမာပြည်ကွန်မြူနစ်ပါတီပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းကို TM MEDIA မှ အင်တာဗျူး (စာသားဖြင့် ဖော်ပြချက်) မေးခွန်း။ ။PLA ရဲ့ စစ်ရေးနိုင်ငံရေးသင်တန်းတွေကို ဘယ်မှာပေးခဲ့သလဲ။ ဖြေဆိုချက်။ ။ PLA ရဲ့ စစ်ရေးသင်တန်းတွေကို အစပိုင်းက PLA ဖွဲ့စည်းတည်ထောင်မှုကို လက်ခံအားပေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတချို့တည်ရှိရာမှာ သင်တန်းပေးခဲ့ပါတယ်လို့ ယေဘုယျ ဖြေပါရစေ။ နောက်ပိုင်းမှာ မိမိရောက်ရှိရာဒေသတဝိုက်မှာ စစ်သင်တန်းတွေဖွင့်တာကို ကြိုးစားဆောင်ရွက်နေကြပါတယ်။ PLA ရဲ့နိုင်ငံရေးသင်တန်းတွေကိုတော့ စစ်ရေးသင်တန်းတက်ရောက်ချိန် အခွင့်သာတဲ့ဒေသမှာ သင်တန်းပေးပါတယ်။ ပြောရရင် PLA ကို နိုင်ငံရေးအရတည်ဆောက်ဖို့ နေရာဒေသမရွေး အခွင့်သာရင်သာသလို အခွင့်အလမ်းကို ဆုပ်ကိုင်ပြီး နိုင်ငံရေးသင်တန်းတွေပေးပါတယ်။ ပြောရရင် ရှေ့တန်းရန်သူ့စခန်းတွေနဲ့နီးကပ်တဲ့တောင်ကုန်းတွေမှာ ကြိုတင်နေရာယူထားတဲ့အချိန်မှာတောင် နိုင်ငံရေးသင်တန်းပေးခဲ့တာရှိပါတယ်။ စစ်ကိုင်းတိုင်းလို တိုက်ပွဲခွင်ဒေသထဲမှာလည်း အရက် ၂၀ ကျော် နိုင်ငံရေးသင်တန်းတခုကို ကြိုးစားပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ တချို့ PLA ရဲဘော်တွေဆိုရင် သင်တန်းအတွက် ဝေးကွာတဲ့ပြောက်ကျားစခန်းနေရာကနေ ခက်ခဲပင်ပန်းစွာ နေတိုင်းလာရောက်ပြီး သင်တန်းတက်ရောက်တာတွေ လုပ်ခဲ့ကြရပါတယ်။ မေးခွန်း။ ။ PLA နဲ့ပတ်သက်ပြီးဝေဖန်ကြတဲ့အထဲမှာ PLA ဆိုတဲ့နာမည်ဟာ… Read More »

“လက်နက်ကိုင်တော်လှန်ရေးမှာရော မြေပေါ်၊မြေအောက် လှုပ်ရှားမှုအနေနဲ့ရော ဗမာပြည်ကွန်မြူနစ်ပါတီက ပါဝင်နေတယ်”

ကိုချို/Myanmar Now စစ်အာဏာသိမ်းပြီးနောက် နိုင်ငံ၏အရှေ့မြောက်ပိုင်းဖြစ်သည့် ရှမ်းပြည်နယ်မောက်ပိုင်းတွင် ညီနောင်မဟာမိတ်တပ်ဖွဲ့များဦးဆောင်သည့်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများပြင်းထန်နေသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးမတိုင်မီခေတ်ကပင်ပေါ်ပေါက်ခဲ့ပြီး နိုင်ငံ၏လွတ်လပ်ရေးသမိုင်းတွင် ရှေ့တန်းက ဦးဆောင်ပါဝင်ခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ)၏ လက်နက်ကိုင်တပ်များသည်လည်း အရှေ့မြောက်ဒေသတိုက်ပွဲများတွင် ညီနောင်မဟာမိတ်တပ်များနှင့်အတူ တိုက်ပွဲဝင်နေကြသည်။ ၁၉၃၉ ခုနှစ်တွင်တည်ထောင်ခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ) သည် နိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၄၈ မှ စတင်ပြီး လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့သောပါတီဖြစ်သည်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်တွင် ဗ.က.ပ၏ လက်နက်ကိုင်တပ်ဖြစ်သည့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ကို ပြန်လည်တည်ထောင်ခဲ့ပြီး စစ်ကိုင်းတိုင်းတွင်းခြေကုပ်ယူပြီး ယခုဖြစ်ပွားနေသည့် နိုင်ငံ အရှေ့မြောက်ပိုင်းကစစ်ပွဲများတွင် PLA တပ်ဖွဲ့ဝင်များလည်း တိုက်ပွဲဝင်နေကြသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ) ၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းကို လူထုသတင်းစာတိုက်ပိုင်ရှင် လူထုဦးလှနှင့် လူထုဒေါ်အမာတို့က မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။ ကိုးကိုးကျွန်းပြန်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်ပြီး စာရေးဆရာတစ်ဦးလည်းဖြစ်သူ ဗမာပြည် ကွန်မြူနစ်ပါတီ (CPB) ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းကို နွေဦးတော်လှန်ရေးအပေါ် ဗ.က.ပ ၏ သဘောထား၊ လက်ရှိဖြစ်ပွားနေသည့် တရုတ်-မြန်မာနယ်စပ်ရှိစစ်များပွဲအရေး၊ တရုတ်နိုင်ငံ၏… Read More »