Category Archives: သတင္း

ကိုဗစ်၊ ရွေးကောက်ပွဲ၊ မင်းရဲသိင်္ခသူနဲ့ ဗိုလ်ချုပ်ရုပ်ရှင်(မြစမ်းအေး)

ကိုဗစ်၊ ရွေးကောက်ပွဲ၊ မင်းရဲသိင်္ခသူနဲ့ဗိုလ်ချုပ်ရုပ်ရှင် (မြစမ်းအေး) ဗိုလ်မင်းအောင်လှိုင်ရဲ့ ရေငုပ်သင်္ဘောပြပွဲသတင်းဖတ်ရတော့ ဗိုလ်နေဝင်းရဲ့(လွှတ်တော်)သင်္ဘော ရေချပွဲကို သွားသတိရမိတယ်။ ၁၉၇၄ မဆလ တပါတီရွေးကောက်ပွဲ အောင်ပွဲနဲ့အတူ ဆင်မလိုက်သင်္ဘောကျင်းမှာ ပြည်တွင်းဖြစ် (လွှတ်တော်)ဆိုတဲ့ သင်္ဘောကြီးတစင်း ရေချပွဲအကြောင်း မဆလသတင်းစာများရဲ့မျက်နှာဖုံးသတင်း ဖော်ပြလာတယ်။ ရယ်စရာကောင်းတာက အဲဒီ(လွှတ်တော်)သင်္ဘောဟာ အခွံချည်းဖြစ်ပြီး အင်ဂျင်မပါဘူး။ သမ္မတကြီးဦးနေဝင်း အလိုကျအောင် ဟန်ပြရေချပြီး နောက်နေ့မှာ ဒေါက်ပေါ်ပြန်ဆွဲတင်ထားရတာ ဖြစ်တယ်။ ယခုလည်း ၂၀၂၀ရွေးကောက်ပွဲအမီ ရေချပြတဲ့ မင်းရဲသိင်္ခသူ ရေငုပ်သင်္ဘောကို တပ်မတော် မှန်/ပြန်အဖွဲ့မှ ချီးမွမ်းခန်းဖွင့် ဋီကာချဲ့ ပြနေတယ်။ ၁၉၈၀မှာ သက်တမ်းကုန်နေတဲ့ ဒီဇယ်စွမ်းအင်သုံး ရုရှားလုပ်အဟောင်းကြီးကို အိန္ဒိယမှာမွမ်းမံပြီး ဗမာကို ပြန်ရောင်းပေးတာ ဖြစ်တယ်။ ဘယ်ဈေးပေးရလဲတော့ မဖော်ပြဘူး။ ဘာမဆိုင်ညာမဆိုင် ဘင်္ဂလားဒေ့ချ်ထက် အပြတ်အသတ် သာကြောင်းလည်း ပြောလိုက်သေးတယ်။ ရွေးကောက်ပွဲအမီ ကြည်းရေလေ စစ်ရေးပြအခမ်းအနားကျင်းပပြီး အားပြလိုပေမယ့် ကိုဗစ်ကြောင့်ကော ရခိုင်စစ်ပွဲ အခြေမလှတာကြောင့်ပါ မလုပ်ဖြစ်တော့တဲ့အတွက် (မင်းရဲသိင်္ခသူ နဲ့ပဲ) နှစ်သိမ့်လိုက်ရတာဖြစ်တယ်။ ဘင်္ဂလားဒေ့ချ်ကို ရန်လုပ်နေတာကတော့ မင်းအောင်လှိုင်စစ်တပ်မှ စစ်သုံ့ပန်းနှစ်ဦး ICJ နိုင်ငံတကာတရားရုံးမှာ သက်သေထွက်ဖို့ရောက်သွားတဲ့အပေါ် မခံချိမခံသာဖြစ်သွားလို့ပါ။ အလားတူပဲ ဒီချုပ်ကလည်း ဗိုလ်ချုပ်ရုပ်ရှင်ကို… Read More »

နာဂစ်နဲ့ကိုဗစ်-၁၉(စောအယ်ထူး)

နာဂစ်နဲ့ကိုဗစ်-၁၉ (စောအယ်ထူး) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး ဗမာပြည်မှာ ပြည်သူလူထုတရပ်လုံး အမျိုးသားအကျိုးစီးပွားကိုဦးထိပ်ထားပြီးရေးဆွဲခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ၁၉၄၇ ခုနှစ်ကရေးဆွဲခဲ့တဲ့ အခြေခံဥပဒေပဲဖြစ်တယ်။ အဲ့ဒီတုန်းက လူမျိုးစုံပြည်သူတရပ်လုံး၊ တမျိုးသားလုံးဟာ လွတ်လပ်ရေးကိုပဲ အာရုံစိုက်သလို နိုင်ငံရေးအင်အားစုအားလုံးဟာလည်း လွတ်လပ်ရေးအတွက် ဦးတည်လုံးပမ်းကြတာပဲဖြစ်တယ်။ လွတ်လပ်တဲ့အမျိုးသားတရပ်ရဲ့အကျိုးအတွက် ရေးဆွဲခဲ့တဲ့အခြေခံဥပဒေဖြစ်တော့ ပြည်သူလူထုတရပ်လုံးအကျိုးရှိတဲ့ အခြေခံဥပဒေဖြစ်ပါတယ်။ အခြေခံဥပဒေမှာ ထပ်မံဖြည့်စွက် ပြင်ဆင်ချင်တဲ့ကိစ္စတွေအနည်းအပါးရှိတာကလွဲပြီး အခြေခံဥပဒေအကျပ်အတည်းမရှိပါ။  ဒါကြောင့် အဲ့ဒီအခြေခံဥပဒေအရရွေးကောက်ပွဲတွေဟာလည်း အကျပ်အတည်းမရှိပါ။ နိုင်ငံရေးအင်အားစုတွေရွေးကောက်ပွဲမှာ မသမာမှုတွေလုပ်ကြပေမယ့် ရွေးကောက်ပွဲဟာ ပြည်သူလူထုအတွက် အကျပ်အတည်းမဖြစ်စေခဲ့ပါ။ ပြည်သူလူထုက ကြိုက်တဲ့အင်အားစုကို မဲပေးနိုင်သလို မဲမပေးဘဲလည်း နေနိုင်ပါတယ်။ ၁၉၇၄ အခြေခံဥပဒေဟာ စစ်အုပ်စုကအာဏာသိမ်းတာကို တရားဝင်စေဖို့ရေးဆွဲတဲ့အခြေခံဥပဒေဖြစ်တယ်။ ဟန်ပြလူထုဆန္ဒခံယူပွဲတွေလုပ်ပြီး အခြေခံဥပဒေကို ရေးဆွဲခဲ့တာဖြစ်တယ်။ လူထုကမကြိုက်လည်း အဲဒီဥပဒေကိုအတည်ပြုတာပဲ။ အဲ့ဒီတုန်းက ဥပဒေတွင်းနိုင်ငံရေးအင်အားစုအားလုံးကို ဖျက်သိမ်းထားတာဖြစ်တယ်။ မီဒီယာဆိုတာတွေဟာလည်း အားလုံးလိုလို “ပြည်သူပိုင်”တွေဖြစ်ပါတယ်။ မဆလတပါတီတည်း တရားဝင်တည်ရှိစေတဲ့ အခြေခံဥပဒေဖြစ်တယ်။ စစ်အာဏာရှင်စနစ် တည်မြဲအခြေခိုင်စေဖို့နဲ့ ပြည်သူလူထုကြီး ဒုက္ခဆင်းရဲရောက်စေမယ့်အခြေခံဥပဒေဖြစ်တယ်။ အဲဒီအခြေခံဥပဒေအရ ရွေးကောက်ပွဲလုပ်တဲ့အခါ လူထုက မဆလပါတီကိုထောက်ခံမဲပေးရင် ပေး၊ မပေးရင်ကန့်ကွက်မဲပေးရတယ်။ လူထုကကန့်ကွက်သည်ဖြစ်စေ၊ ထောက်ခံသည်ဖြစ်စေ မဆလတပါတီအာဏာရှင်စနစ်ပဲအနိုင်ရတော့ လူထုကြီးမှာမဆလပါတီရော၊ ရွေးကောက်ပွဲတွေအပေါ်မှာပါ ဘာမျှော်လင့်ချက်မှ မထားတော့တာတွေဖြစ်လာပါတယ်။ လူထုဟာ ကျဉ်းကျပ်မှုကိုခံစားလာရပါတယ်။ ဒါကြောင့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးမှာ လူထုကြီးက လူထုနည်းနဲ့ လူထုသဘောထားကို အဖြေပေးလိုက်တော့တာပဲ။ မဆလပါတီလည်းပျက်၊ ၇၄… Read More »

အချိန်ရောက်လို့သာ လုပ်ရတဲ့ ရွေးကောက်ပွဲနဲ့ ပြည်သူတွေရဲ့တုံ့ပြန်မှု(ရဲဘော်ဖိုးသံချောင်း)

အချိန်ရောက်လို့သာ လုပ်ရတဲ့ ရွေးကောက်ပွဲနဲ့ ပြည်သူတွေရဲ့တုံ့ပြန်မှု (ရဲဘော်ဖိုးသံချောင်း) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး  ရွေးကောက်ပွဲနီးလာတယ်ဆိုတာနဲ့ ဒါနဲ့ပတ်သက်တဲ့ သဘောထားတွေအမျိုးမျိုး၊ တုံ့ပြန်မှုတွေအမျိုးမျိုး ပေါ်လာကြပါတယ်။  ဗမာပြည်ကရွေးကောက်ပွဲလို အာဏာရသူတွေအချင်းချင်း လူလဲ၊ နေရာပြောင်းဖို့အတွက် မျက်လှည့်ပြတဲ့ ရွေးကောက်ပွဲလိုဟာကျတော့ တုံံ့ပြန်မှုတွေဟာ ပိုလို့တောင်များပါတယ်။ ဗမာပြည်သူလူထုဆိုတာ မဟုတ်မခံ၊ သန်းကောင်ထက်ညည့်မနက်၊ မိုးကိုတက်ပြီး ဒူးနဲ့တိုက်မယ် စတဲ့ကြွေးကြော်သံတွေနဲ့ လူလုပ်ကြသူတွေဖြစ်တော့ မျက်လှည့်ပွဲကို အသာလေးထိုင်ကြည့် လက်ခုပ်တီးတာမျိုး မလုပ်ပါဘူး။ နည်းမျိုးစုံနဲ့ဆန့်ကျင်ကြတော့တာပါပဲ။ အနည်းဆုံး အိမ်တွင်းကထမင်းဝိုင်းမှာ၊ လဘက်ရည်ဆိုင်တွေမှာ “ဒါမျိုးတွေနဲ့ ဒို့ကိုတော့လာမလုပ်နဲ့”ဆိုတာမျိုးပြောဖြစ်ကြမှာပါ။ ဒီလိုပြောကြရာကနေ “ဒါဖြင့် ငါတို့ ဘာလုပ်ကြမလဲ”ဆိုတဲ့မေးခွန်းမျိုး၊ အတွေးမျိုးတွေပေါ်လာမှာပါ။ ၂၀၀၈ ခြေဥအောက် ရွေးကောက်ပွဲဝင်ပြီး ဝင်ပြင်လမ်းကြောင်း၊ ရင်ကြားစေ့ရေးလမ်းကြောင်း လိုက်နေတာတွေကို လက်မခံလိုတော့ဘဲ ၂၀၀၈ ခြေဥ ဆန့်ကျင်တိုက်ဖျက်ရေးလမ်းကြောင်းကို ပြတ်ပြတ်သားလျှောက်လှမ်းဖို့ ပိုင်းဖြတ်လာကြတဲ့အင်အားစုတွေလည်း ရှိနေပါတယ်။ နိုးဗုတ်ဟာ ဒီလိုကနေပေါ်ထွက်လာတဲ့ လှုပ်ရှားမှုတခုလို့ မြင်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ မတရားလှည့်စားမှုကိုတားဆီးဖို့နည်းလမ်းတခု ဖေါ်ထုတ်တာလို့ယူဆပါတယ်။  ဓမ္မတာပဲ၊ ဒီရွေးကောက်ပွဲလှည့်ကွက်ကိုဖန်တီးတဲ့ စစ်အုပ်စုအသိုင်းအဝိုင်းနဲ့ အဲဒီလမ်းမှာ အကြွင်းအကျန်ကောက်စားနေတဲ့သူတွေဟာ ဒီနိုးဗုတ်လှုပ်ရှားမှုကို ဆန့်ကျင်တဲ့လုပ်ရပ်တွေကို… Read More »

၁၉၅၈ မှာဘာတွေဖြစ်ခဲ့လဲ။(လှကျော်ဇော)

၁၉၅၈ မှာဘာတွေဖြစ်ခဲ့လဲ။ (လှကျော်ဇော) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး သြဂုတ်လ(၁၄)ရက်နေ့က ကာချုပ်ဗိုလ်ချူပ်မင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီ(၃၄)ပါတီကခေါင်းဆောင်များနဲ့ တွေ့ဆုံပါတယ်။ တပ်ကပြောတော့နိုင်ငံရေးပါတီများက တောင်းဆိုလို့တဲ့။ နိုင်ငံရေးပါတီတချို့ကပြောတာက ဖိတ်ကြားခံရလို့တဲ့။ (အဲဒီဖြစ်ရပ်ကိုက နှစ်ဖက်စလုံးလိပ်ပြာမလုံမှုကိုပြတာပါ) တွေ့ဆုံပွဲအပြီး တပ်ဖက်ကလည်း ထုတ်ပြန်ချက်ထုတ်၊ တက်ရောက်တဲ့ပါတီများ ဖက်ကလည်း သတင်းစာရှင်းလင်းပွဲတွေလုပ်နဲ့။ သတင်းအရှုပ်အရှင်းအမျိုးမျိုးထွက်လာနေပေမယ့် လူအများစိတ်ဝင်စားတဲ့အချက်(၂)ရပ်ကတော့—— ၁။ လာမယ့်ရွေးကောက်ပွဲ တရားမျှတမှုမရှိရင်တပ်မတော်အနေနဲ့ဝင်ရောက်ကူညီဖို့—-ဆိုတာနဲ့ ၂။ ကာချုပ်ရဲ့-မလုပ်ရဲတာမရှိ၊ဘာမဆိုလုပ်ရဲတယ်—-ဆိုတဲ့ပြောကြားချက်များပါ။ ဒီတော့ တပ်လော်ဘီများထဲက မရဲတရဲမပွင့်တပွင့် ရေးသားမှုတွေ(တကယ် တော့ခြေဆင်းလမ်းခင်းတာ)ပေါ်လာပါတယ်။ (—– ဗမာပြည်ဟာ၁၉၅၈ခုနှစ်တုန်းကလိုအခြေအနေပြန်ရောက်နေပြီ။ ဟိုတုန်းကနိုင်ငံရေးသမားများ အသုံးမကျလို့ တိုင်းပြည်ကိုမထိန်းနိုင်တော့လို့ တပ်ကိုအာဏာထိုးအပ်ရတာ။ တပ်အနေနဲ့မလွှဲမရှောင်သာလို့ဝင်အာဏာယူခဲ့ရတာ။ အခုလည်း နိုင်ငံရေးသမားတွေ မညီမညွတ်ဖြစ်ပြီး၊ တပ်ကိုအကူအညီတောင်းရပြန်ပီ။——) တဲ့။ ဟုတ်ကဲ့။ ဒီတော့ ၁၉၅၈ ကို သိမီသူများက ဘာတွေတကယ်ဖြစ်ခဲ့သလဲဆိုတာ ပြန်ပြောပြဖို့လိုလာတာပေါ့။ (မှတ်ချက်။ အကြောင်းအရာအချက်အလက်များ၊ နေ့စွဲများစတာများကို ကိုးကားတဲ့စာအုပ်များကတော့—— ကိုးကားအမှတ်(၁)။ ၁၉၉၀။ ပြန်ကြားရေးဝန်ကြီးဌာနထုတ်။ ပြည်တွင်းသောင်းကျန်းမှုသမိုင်း။ အပိုင်း(၂)။ ရဲဘော်သစ်မောင်။ ကိုးကားအမှတ်(၂)။ ၁၉၉၀။  ပြန်ကြားရေးဝန်ကြီးဌာနထုတ်။ ၁၉၄၈ မှ ၁၉၈၈ ခုနှစ်အတွင်း ဖြတ်သန်းလာသော မြန်မာ့သမိုင်းအကျဉ်းနှင့်တပ်မတော်ကဏ္ဍ။ တပ်မတော်သားသုတေသီတဦး။ -တို့ဖြစ်ပါတယ်။ အဲဒီစာအုပ်(၂)အုပ်လုံး အများအားဖြင့်ကိုးကားထားတဲ့စာအုပ်က ၁၉၆၉ခုနှစ်။ ပုဂံစာအုပ်တိုက်ထုတ်။ မြန်မာနိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း။ ဒေါက်တာမောင်မောင်။ ဖြစ်ပါတယ်။ ရှစ်-၄-လုံးအရေးတော်ပုံကြီးကို ရက်ရက်စက်စက်ဖြိုခွဲ-အပြီး နဝတအာဏာသိမ်းပြီးနောက် မိမိတို့ဒီလိုလုပ်တာတွေ တရားတယ်ဆိုတဲ့ပုံရိပ်ကိုတင်ဖို့အတွက် ထုတ်ဝေထားတဲ့စာအုပ်များပါ။ တနည်းပြောရရင် စစ်အာဏာရှင်စနစ် ဆက်လက်ထိန်းသိမ်းရေးအတွက် ရည်ရွယ်ခဲ့တာပါ။ ဖြစ်ရပ်မှန်တချို့တဝက်၊ ဖုံးတာဖုံးမလွှဲမရှောင်သာ ဖော်တန်ဖော်နဲ့ သူတို့သွင်းချင်တဲ့တရားတွေ ရောထွေးရေးထားပါတယ်။ (ဒါကြောင့် ဒီစာအုပ်တွေကို ဆန့်ကျင်ဘက်အမြင်ကနေပဲ ကြည့်ရှုကိုးကားတာ ဖြစ်ပါတယ်။) အဲဒီကာလက လူတချို့ကို လှည့်စားကောင်းလှည့်စားနိုင်ခဲ့ပေမယ့် အခုစစ်အာဏာရှင်စနစ်တကျော့ပြန်(နဝတ-နအဖ)အလွန်ကာလများမှာတော့ လက်တွေ့ဖြစ်ရပ်များနဲ့ချိန်ထိုးကြည့်ရအောင်ပါ။) ၁။၁၉၅၈ –မုန်တိုင်းအစ။ ၁၉၅၈ခုနှစ် ဗမာပြည်ရဲ့နိုင်ငံရေးခရီးမှာ (အဆိုးဖက်)ပြောင်းဖို့တာစူတဲ့ကာလလို့ ဆိုနိုင်ပါတယ်။ စစ်အာဏာရှင်စနစ်အစပျိုးတဲ့ ကာလလို့လည်း ပြောလို့ရပါတယ်။ ၁၉၄၈ခုနှစ် ဗမာပြည်ကြီးလွတ်လပ်ရေးရပြီးးနောက် အာဏာရလာတဲ့ဖဆပလပါတီဟာ အနှစ်(၄၀)ခံရစေမယ်လို့ ကြွေးကျော်ခဲ့ပေမယ့်(၁၀)နှစ်အကြာ-၁၉၅၈ဧပြီ(၂၇) မှာနုတင်(သန့်ရှင်း)-ဆွေငြိမ်း(တည်မြဲ)ဆိုပြီးနှစ်ခြမ်းကွဲပါတယ်။ ဗြိတိသျှအင်္ဂလိပ်နယ်ချဲ့သမားများဟာ၁၉၄၇ ခုနှစ် သူတို့ရဲ့လက်ကိုင်တုတ်အဖြစ်မလုပ်မယ့် ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံလိုက်ပြီး ပြည်သူလူထုတွင်း ကျောင်းသားလှုပ်ရှားမှုအဝန်းအဝိုင်းတွင်းကလာလို့ လူထုအကြားမှာ အမြင်ကောင်းနေတဲ့ ဦးနုကိုဆွဲတင်လိုက်လို့သာ ဦးနုကဝန်ကြီးချုပ် ဖြစ်လာရတာ။ ဖဆပလထဲမှာ တကယ်တော့ မိုးကောင်းနေတာကဦးဗဆွေ-ဦးကျော်ငြိမ်းတို့ဆိုရှယ်လစ်အုပ်စုပါ။ တပ်တွင်း ဆိုရှယ်လစ်အုပ်စုဖြစ်တဲ့ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်တို့ကျေးဇူးကြောင့် သူတို့ ဒီလို မိုးကောင်းနေနိုင်ကြတာပါ။ သူတို့တတွေ အဲဒီခေတ်ကကာကွယ်ရေးဝန်ကြီးဦးဗဆွေအိမ်မှာ အမြဲဆုံပြီး ဆိုရှယ်လစ်ပါတီခိုင်ခန့်ရေးအတွက် ဆွေးနွေးတိုင်ပင် နေကြသတဲ့။(ကိုးကားအမှတ်(၁) နှာ-၁၆၃) ဒီတော့ဦးနုက နောက်ပိုင်း ဘဝရှင်မင်းတရားကြီး ဆန်လာမှုကြောင့်ရော၊ ဝန်ကြီးများအချင်းချင်း အဝေမတဲ့မှုတွေကြောင့်ရော ဦးနုနဲ့ ဦးကျော်ငြိမ်းတို့အုပ်အကြားကပဋိပက္ခတွေ ပြင်းထန်လာပါတယ်။ နောက်ဆုံးဖဆပလနှစ်ခြမ်းကွဲရာမှာ ဦးနုဘက်ကို ပမညတဆိုတဲ့ လက်ဝဲတပ်ပေါင်းစုအုပ်က ထောက်ခံလို့သာ ဦးနုရာဇာပလ္လင်မပျောက်တာ။ တကယ်တော့ တပ်တွင်းဆိုရှယ်လစ်အုပ်စုက ၁၉၅၆ ခုနှစ်ရွေးကောက်ပွဲမှာ ပမညတကအင်အားတက်လာမှုကို မျက်စိစူးနေပါပြီ။ ဗိုလ်နေဝင်းကိုယ်တိုင်က ဒီအတိုင်းဆက်သွားရင်တော့ နောက်ရွေးကောက်ပွဲ (၂)ကြိမ်လောက်ဆိုဒီကောင်တွေ(ပမညတကိုဆိုလို) အာဏာရတော့မှာလို့ပြောဖူးသတဲ့။ ဒီမိုကရေစီအလင်းရောင်အောက်မှာ မနေနိုင်သူများဟာ ပြည်သူလူထုကိုလည်း ဘယ်တော့မှ ဒီမိုကရေစီမပေးပါဘူး။ (အခု ကာချုပ်မအလ သမ္မတရောဂါတက်နေတာရဲ့အခြေခံကလည်းဒါပါပဲ) ဖဆပလကွဲအပြီး အချင်းချင်းကလော်ကြဆော်ကြရာက အပြစ်အနာအဆာတွေပေါ်လာပြီး နိုင်ငံရေးသမားတွေ ဂုဏ်သိက္ခာ ကျလာတာတွေလည်း ရှိတော့ရှိပါတယ်။ ၁၉၅၈ဖဆပလအကွဲကနေ တပြည်လုံးအင်အားစုအတော်များများ ပြိုကွဲသွားကြပြီး နိုင်ငံရေးအခြေအနေတွေ တင်းမာလာခဲ့ပါတယ်။ ၁၉၅၈စက်တင်ဘာ(၂၃-၂၄)မှာ သန့်ရှင်းအစိုးရဝန်ကြီးချုပ်ဦးနုနဲ့ အဲဒီကာလ ဗမာ့တပ်မတော်က (ဆိုရှယ်လစ်များလည်းဖြစ်တဲ့) အရာရှိကြီးများဖြစ်တဲ့ ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်မှူးချုပ်တင်ဖေ၊ ဗိုလ်မှူးကြီးမောင်မောင်တို့ တွေ့ဆုံခဲ့ကြပါတယ်။ အထက်မှာဖော်ပြခဲ့စာအုပ်များအရ ဦးနုကခေါ်လို့ တပ်ဖက်က သွားအခြေအနေတွေရှင်းပြရတာလို့ ဆိုပါတယ်။ ဦးနုတို့ဘက်ကတော့ တပ်ဘက်ကလာပြီး (၆)လအတွင်း(၁၉၅၉ ဧပြီလမကုန်မီ) ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့ကတိကြောင့် အာဏာလွှဲပေးလိုက်ရတာ ဖြစ်ကြောင်းလို့ဆိုပါတယ်။အဲဒီကာလက ဦးနုအိမ်ကအောင်ပွဲခံပြန်လာတဲ့ စစ်ဗိုလ်များရဲ့ပုံကို သတင်းထောက်များက ရအောင် ရီုက်ယူနိုင်ခဲ့ပါတယ်။(ပူးတွဲပါပုံ။) ဒီလိုနဲ့ စက်တင်ဘာ(၂၆)ရက်နေ့စွဲနဲ့ ဦးနုနဲ့ဗိုလ်နေဝင်းတို့ရဲ့ အပြန်အလှန်ပေးစာများထွက်လာပြီး အိမ်စောင့်အစိုးရတက်လာပါတော့တယ်။ အိမ်စောင့်အစိုးရက နောက်(၂)နှစ်အကြာ ၁၉၆၀ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့ပါတယ်။ ဒီရွေးကောက်ပွဲကို အဲဒီခေတ်ကာလ နိုင်ငံတကာသတင်းများက–ဗိုလ်ချုပ်နေဝင်းရဲ့ အိမ်စောင့်အစိုးရအပေါ်ဆန္ဒခံယူပွဲ–လို့ခေါ်ဝေါ်ခဲ့ပါတယ်။… Read More »

လူထုတိုက်ပွဲများကို နည်းပေါင်းစုံဖြင့် အားဖြည့်ရေးမှသည်(စိုးပိုင်)

လူထုတိုက်ပွဲများကို နည်းပေါင်းစုံဖြင့် အားဖြည့်ရေးမှသည် (စိုးပိုင်) အရေးတော်ပုံဂျာနယ် ၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး ၂၀၀၈ အခြေခံဥပဒေဟာ စစ်အုပ်စုအာဏာ သက်ဇိုး(ဆိုး)ရှည်ဖို့အတွက် နအဖစစ် အုပ်စုက စိတ်ကြိုက်အချိန်ယူ ပြင်ဆင်ရေးဆွဲခဲ့တာဖြစ်တယ်။ ဒီ၂၀၀၈ အခြေခံဥပဒေဟာ စစ်အုပ်စုရဲ့နိုင်ငံရေးအရ ရှေ့တန်းခံကတုတ်တခုပဲ။ နောက်ဆုံးအခိုင်အမာ ခံကတုတ်ကတော့ သူတို့ပြောနေတဲ့ “တပ်မတော်ဆိုတဲ့ ခါးပိုက်ဆောင်ကြေးစားစစ်တပ်ပဲ။ စစ်အုပ်စုကို “စစ်သုံးစစ်” (စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရစီ ယန္တရား)လို့ ပြောတာဟာ စစ်အုပ်စုရဲ့သရုပ်ကို ပေါ်လွင်စေဖို့ဖြစ်ပါတယ်။ ၂၀၁၅ရွေးကောက်ပွဲမှာ စစ်အုပ်စုကိုယ်စားပြု ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲရှုံးနိမ့်သွားပြီး ဒီချုပ်တောင်ပြိုကမ်းပြို အနိုင် ရကာ ရင်ကြားစေ့အစိုးရအဖြစ် အသွင်ပြောင်းသွားသော်လည်း၊ (စစ်အုပ်စုနှင့်အတူ) စစ်အာဏာရှင်စနစ်နဲ့ စစ်ဗျူရိုကရေစီယန္တရား(ကြေးစားတပ်အပါ)တို့ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ဒီရှေ့တန်းခံကတုတ်ကျလည်း နောက်ဆုံးခံကတုတ်ကိုအသုံးချပြီး သူတို့အာဏာကို အသေအလဲ ခုခံကာကွယ်ဦးမှာပဲဖြစ်တယ်။ ရှေ့တန်းခံကတုတ် ကျိုးပေါက်သွားရင် ပိုမိုစိတ်ချရအောင် တိုင်းပြည်နဲ့ပြည်သူလူထုဆီက လုယက်ရသမျှငွေတွေနဲ့ “ပြည်တွင်းရန်” ကိုချေမှုန်းဖို့ “စွမ်းအားပြည့်ဝတဲ့ ခေတ်မီတပ်မတော်ကြီး” ကိုတည်ဆောက်နေကြတာ အများမျက်မြင်ပဲ။ ၂၀၀၈အခြေခံဥပဒေနဲ့အညီ “စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်” အရ“တရားဝင်”မှတ်ပုံတင်ကြရတဲ့ နိုင်ငံရေးပါတီတွေနဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲတွေ၊ ပေါ်ပေါက်လာတဲ့အစိုးရတွေ၊ လွှတ်တော်တွေဟာ၊ အမှန်တကယ်တော့ စစ်အာဏာရှင်စနစ်ကို အထောက်အကူဖြစ်စေဖို့ တည်ဆောက်ထားတဲ့ အသုံးချယန္တရားတွေသာဖြစ်တယ်။… Read More »

ဗမာပြည်ငြိမ်းချမ်းရေးနီးပြီလား(မောင်မိုးဦး)

ဗမာပြည်ငြိမ်းချမ်းရေးနီးပြီလား (မောင်မိုးဦး) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး —– ဗမာပြည်မှာ ဒီမိုကရေစီရေးကိစ္စကိုပြောရင် တန်းတူရေးနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကိစ္စ၊ ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေးကိစ္စဟာ တွဲဆက်ပါလာပါတယ်။ ဒီကိစ္စ ၃ ခုဟာ တပေါင်းတစည်းတည်းဖြစ်သလို တခုချင်းကိစ္စတွေလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် တခုချင်းကိစ္စကိုကိုင်တွယ်တာနဲ့တပြိုင်တည်းမှာ တပေါင်းတည်းအခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။ ဒါမှ တပေါင်းတည်းအခြေအနေကိစ္စကိုကိုင်တွယ်တဲ့အခါမှာ တခုချင်းကိစ္စတွေနဲ့ ဟသဇာတဖြစ်ပြီး အောင်မြင်ချောမောတဲ့အခြေအနေကို ရရှိမှာဖြစ်ပါတယ်။ ဗမာပြည်ပြည်တွင်းစစ်ဟာ ရှည်ကြာခဲ့သလောက် ပြည်တွင်းစစ်ရပ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးကြိုးပမ်းမှု၊ လိုလားတောင့်တမှုဟာလည်း ရှည်ကြာခဲ့ပြီးဖြစ်ပါတယ်။ ပြည်တွင်းစစ်စတင်ဖြစ်ပွားတာနဲ့ တချိန်တည်းမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက သူမနာကိုယ်မနာ ငြိမ်းချမ်းရေးကိုလုပ်ဖို့ တောင်းဆိုကမ်းလှမ်းခဲ့တယ်။ ဆရာကြီးဆိုလိုတာက နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲကြပြီး တန်းတူရည်တူညှိနှိုင်းဆွေးနွေးကာ ပြဿနာအရပ်ရပ်ကို ဒီမိုကရေစီနည်းကျကျ ဖြေရှင်းကြဖို့ဖြစ်ပါတယ်။ အဲဒီလို (ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့အမျိုးသားစည်းလုံးညီညွတ်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး) ဆိုတဲ့ နိုင်ငံရေးပြဿနာတခုချင်းကို အဆင်ပြေအောင်ကိုင်တွယ်ပြီး တပေါင်းတည်းဖြေရှင်းနိုင်တဲ့ အခြေအနေဖြစ်အောင် ဖန်တီးကြမယ်ဆိုရင် ဗမာပြည်ငြိမ်းချမ်းပြီး ဒီမိုကရေစီထွန်းကားတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ စည်းလုံးညီညွတ်တဲ့နိုင်ငံ ဖြစ်တာကြာလောက်ပါပြီ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ သူမနာကိုယ်မနာ ငြိမ်းချမ်းရေးမူကို တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေက လက်ခံကြတယ်။… Read More »

ရှေ့က အစိုးရတွေလိုပဲ ငြိမ်းချမ်းရေးလုပ်ရာမှာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(ကိုထွေး)

ရှေ့က အစိုးရတွေလိုပဲ ငြိမ်းချမ်းရေးလုပ်ရာမှာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ကိုထွေး) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတယ်ဆိုတာ ဗမာအသုံးအနှုန်းအရ ပြောရမယ်ဆိုရင်တော့ ဗြောင်လိမ်တယ်လို့ပဲ ပြောရပါလိမ့်မယ်။ (၄) ကြိမ်မြောက် ပင်လုံအစည်းအဝေးမှာ ငြိမ်းချမ်းရေးမရတာဟာ ဆွေးနွေးဘက် လူမျိုးစုလက်နက်ကိုင်အင်အားစုတွေက မရိုးသားလို့ ဆိုပြီး၊ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အတိတ်က ဆွေးနွေးပွဲပျက်ခဲ့တာကို ကိုးကားပြီး ဗိုလ်မင်းအောင်လှိုင်က ဒီစကားလုံးသုံးပြီး တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။ ဗမာပြည်မှာ ပြည်တွင်းစစ်ဖြစ်လာခဲ့တဲ့ ခရီးစဉ်တလျှောက်၊ဗမာပြည်ကွန်မြူနစ်ပါတီနဲ့စဖြစ်ခဲ့တဲ့ပြည်တွင်းစစ် နဲ့ (သမိုင်းမှာ ပြုလုပ်ပြီးခဲ့တဲ့) ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်ခဲ့တာတွေကိုကြည့်ရင် အဆုံးအဖြတ်ကျတဲ့ကိစ္စတိုင်းမှာ အုပ်စိုးသူအာဏာရ ဖဆပလ၊ မဆလ၊ နဝတ၊ နအဖ နဲ့ ဒီနေ့ စစ်အာဏာရှင်လက်အောက်က အရပ်သားအစိုးရခေတ်အထိ အစိုးရတိုင်းဟာ မဟုတ်မမှန်ပြောဆို ရပ်တည်ခဲ့တာချည်းပဲဆိုတာတွေ့ရမှာ ဖြစ်ပါတယ်။ ကြည့်ပါ။ ဖဆပလခေတ် ၁၉၄၈ က တကယ်မရှိခဲ့တဲ့ ဂိုရှယ်စစ်တမ်းဆိုတာကို ဖန်တီးပြီး ပုန်ကန်ဖို့လုပ်နေပြီလို့ ဗြောင်လိမ်စွပ်စွဲကာ ဗမာပြည်ကွန်မြူနစ်ပါတီကို အကြမ်းဖက်တိုက်ခိုက်ချေမှုန်းပြီး ပြည်တွင်းစစ်မီးကို မွှေးခဲ့တယ်။ တိုင်းရင်းသားများက ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအရ ပြည်ထောင်စုပုံစံဖြစ်ဖို့ ကြိုးစားကြတာကို ၁၉၆၂ မှာ… Read More »