Category Archives: သတင္း

ကမ္ဘာမကြေတဲ့တိုင်းပြည်

ကမ္ဘာမကြေတဲ့တိုင်းပြည်(မောင်သန်းမြရွှေ) မင်းအောင်လှိုင်စစ်ကောင်စီက ဖိနှိပ်ရေးလက်တံ တိုးချဲ့လာနေတယ်။ အပစ်အခတ်ရပ်စဲရေး ၂၀၂၂ ကုန်အထိ ၁၀လတိုးတယ်ဆိုသော်လည်း ထိုးစစ်တွေမရပ်တဲ့အပြင် လူနေရပ်ရွာတွေကို မြေလှန်မီးရှို့နေတယ်။ အစုလိုက်အပြုံလိုက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ် လူမဆန်တဲ့ ရက်စက်မှုမျိုးကိုလည်း လက်ရဲဇက်ရဲ ကျူးလွန်လာတယ်။ အရပ်သားတွေကို ဓားစာခံလုပ်ပြီး ပစ်မှတ်ထားတိုက်ခိုက်လာတယ်။ အမျိုးသမီးတွေကို မုဒိမ်းကျင့်သတ်ဖြတ်တယ်။ လူနေအိမ်တွေကို လက်စားချေ ဗုံးကြဲပစ်ခတ် မီးရှို့ဖျက်စီးနေတယ်။ ရွာတွေထဲဝင် အဖိုးတန်ပစ္စည်းတွေယူ ရွာလုံးကျွတ်နီးပါး အိမ်တွေမီးရှို့နေတယ်။ ဒါတွေဟာ လူထုကြီးကို ငြိမ်ဝပ်ပိပြား ကြောက်လန့်တကြားဖြစ်အောင် ရည်ရွယ်လုပ်ဆောင်တဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေပါပဲ။ Data for Myanmar အဖွဲ့မှ ကောက်ယူတဲ့ စစ်တမ်းအရ (၅ မတ် ၂၀၂၂ အထိ) မီးရှို့ခံရတဲ့ အရပ်သားနေအိမ် အနည်းဆုံး ၆၁၅၈ လုံး ရှိတယ်လို့ဆိုတယ်။ စစ်ကိုင်း ချင်း မကွေး ကယား အများဆုံးဖြစ်ပြီး ရှမ်းတောင် ကရင် မန်း မှာလည်း ဒါဇင်ပေါင်းများစွာ မီးရှို့ခံရတယ်လို့ သိရတယ်။ အရပ်သားအနည်းဆုံး ၁၅၉၀ အသတ်ခံရပြီး ၁၂၅၀၀… Read More »

၂၁ရာစု ဘုရင်ရူး

၂၁ရာစု ဘုရင်ရူး(သတင်းနဲ့မှတ်ချက်)မောင်သန်းမြရွှေအာဆီယံနောက်မှာ အရှေ့အနောက် UN အားလုံးရှိနေကြတယ်။ အာဆီယံထိပ်သီး ဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပေးမတက်တဲ့အထိ ဖိအားပေးလာကြပြီ။ အမ်ကယ်ဆမ်ကလည်း နိုင်ငံခြားရေးဌာန အဆင့်မြင့်အရာရှိ Derek Chollet ဆိုသူကိုလွှတ်ပြီး ထိုင်း မလေး စင်ကာပူ ကတဆင့် စီးပွားဒဏ်ခတ်ဖို့ ဖိအားပေးလာတယ်။ နိုင်ငံတကာ သံတမန်တွေအားလုံးလိုလိုက လူထုကြီးရဲ့ နွေဦးတော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲကို လူထုကြီးရဲ့ ခုခံကာကွယ်မှုအဖြစ်၊ ကိုယ့်အားကိုယ်ကိုး ရုန်းကန်တွန်းလှန်မှုအဖြစ် အလေးထားလာကြရပါတယ်။ အာဆီယံကိုယ်စားလှယ်ကို ဒေါ်စုနဲ့ပေးမတွေ့လို့ မအလကို အာဆီယံထိပ်သီးဆွေးနွေးပွဲ ပေးမတက်ဘူး ဆိုတာက မြင်သာတဲ့ အကြောင်းအချက်တခုသာပါ။ တကယ့်အကြောင်းအချက်က မအလ စစ်အုပ်စုကို လူထုကြီးက ခံချနေလို့ ဖြစ်တယ်။ ဗမာပြည်တော်လှန်ရေးဒီရေကို (သူတို့မှာ ဘယ်လိုရည်ရွယ်ချက်တွေ ရှိနေသည်ဖြစ်စေ၊ အသိအမှတ် မပြုလို့မရ) အသိအမှတ်ပြုလာတာ ဖြစ်တယ်။ စစ်ကောင်စီကြေးစားတပ်ဟာ စစ်ရေးအရ နိမ့်ပါး၊ အမှည့်ခြွေခံနေရ၊ လူထုကိုနှိပ်ကွပ်လို့မရ ဖြစ်နေလို့ပဲ။ ဗမာပြည်ပြည်တွင်းစစ် သည်းသန်လာပြီဆိုတာ အားလုံးက ပြောလာနေတာပါ။ စီးပွား လူမှု အုပ်ချုပ်ရေး ဖရိုဖရဲဖြစ်နေတာတွေလည်း မြင်သာပါတယ်။ဒါပေမဲ့… Read More »

မျက်မှောက်အခြေအနေသုံးသပ်ချက်

မျက်မှောက်အခြေအနေသုံးသပ်ချက် (၁) နိုင်ငံတကာ့အခြေအနေ။ ၈၈ နဲ့ မတူဘူး။ ၈၈ တုန်းက ဆိုဗီယက်ပြို၊ ICM ဒီရေနိမ့်၊(ယခုလည်း ICM ဒီရေမြင့် ရောက်ပြီဟု မဆိုလို) လစ်ဘရယ်ဒီမိုကရေစီ ကမ္ဘာပတ်နေ၊ သမိုင်းနိဂုံးချုပ်ပြီလို့ သုံးသပ်ကြ။ ယခုက ၂၀၀၈-၁၀ အရင်းရှင်စီးပွားကပ် ရှည်ကြာလာ၊ အမေရိကန် စူပါဝါ အကျ စည်းစနစ်ဟောင်းတွေအလုပ်မဖြစ် စည်းစနစ်သစ်လည်း မပေါ်ပေါက်သေး၊ ၂၁ရာစု ဂလိုဘယ်စီးပွားရေးနဲ့ နည်းပညာပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့ကာလ၊ COVID ဒဏ်သင့်နေတဲ့ကာလ။ လွန်ခဲ့တဲ့ နှစ်၁၀၀ လောက်က ပထမကမ္ဘာစစ် မတိုင်မီကာလလိုပဲ အကြီးအကျယ်ရှုပ်ထွေး မတည်မငြိမ်ဖြစ်နေတဲ့ကာလ။ တကမ္ဘာလုံး – အမေရိက (တောင်- မြောက်-အလယ်)၊ ဥရောပ၊ အရှေ့အလယ်ပိုင်း (အပူကွက်)၊ အာဖရိက၊ အာရှ – နိုင်ငံအများအပြား လူထုအုံကြွမှုတွေ အဆက်မပြတ်ပေါ်ထွက်နေသော်လည်း၊ လက်ဝဲပါတီတွေနဲ့ မာက့်စ်-လီနင်ဝါဒဟာ တပ်ဦးအခန်းက ပေါ်ထွက်မလာသေးဘူး။ မာ့က်စ်-လီနင်ဝါဒခေတ်ထလာမှာကို အရင်းရှင်လူတန်းစားဟာ သေမတတ် ကြောက်ပါတယ်။ ဒီအတွက် နိုင်ငံတကာဖောက်ပြန်ရေးသမားတွေ စည်းလုံးညီညွတ်ကြပါတယ်။ နမူနာအားဖြင့် – အမေရိကန်… Read More »

ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၁)(ထွန်းဇင်အောင်)

ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၁)—-ထွန်းဇင်အောင် ၁၉၀၆ ခု စက်တင်ဘာ ၃၀ ရက်စွဲဖြင့် Proletary, No. 5 မှာပါရှိတဲ့ လီနင်ရဲ့ Guerrilla Warfare ‘ပြောက်ကျားစစ်’ ဆောင်းပါးကို ဘာသာပြန်ဆို တင်ပြလိုက်ပါတယ်။ ပြောက်ကျားစစ်ဆင်ရေးကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ပါတီရော၊ အလုပ်သမားတွေရော အတော်လေး စိတ်ဝင်စားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အလွတ်သဘောလည်း အကြိမ်ကြိမ် ဆွေးနွေးပြီးပြီ။ အခု ကျွန်တော်တို့ ကတိပြုခဲ့တဲ့အတိုင်းပဲ ကျွန်တော်တို့ရဲ့အမြင်တွေကို ပိုပြီးတော့ ပြည့်ပြည့်စုံစုံနဲ့တင်ပြပါရစေ။ အပိုင်း (၁)အစကပဲ စပြောကြရအောင်။ တိုက်ပွဲပုံစံတွေနဲ့ဆိုင်တဲ့ပြဿနာအပေါ် လေ့လာဆန်းစစ်မှုနဲ့ပတ်သက်လို့ မာ့က်စ်ဝါဒီတိုင်း တောင်းဆိုရမယ့် အခြေခံတောင်းဆိုချက်တွေက ဘာတွေလဲ။ ပထမဆုံးပြောချင်တာက မာ့က်စ်ဝါဒအနေနဲ့ အရင့်အရင်ရှိခဲ့သမျှ ဆိုရှယ်လစ်အမြင်တွေနဲ့ မတူကွဲပြားတာက အရေးတော်ပုံကို တိုက်ပွဲပုံစံတခုမဟုတ်တခုနဲ့ အသေချည်နှောင်မထားဘူးဆိုတဲ့အချက်ဖြစ်တယ်။ အမျိုးအမည်အစုံလင်ဆုံး တိုက်ပွဲပုံစံတွေကို အသိအမှတ်ပြုတယ်။ မာ့က်စ်ဝါဒက ဒီတိုက်ပွဲပုံစံတွေကို “နည်းနာဖော်စပ်ပေးတာ” မလုပ်ပဲ၊ တော်လှန်တဲ့လူတန်းစားတွေရဲ့ အရေးတော်ပုံကာလမှာပေါ်ထွက်လာတဲ့ အဲဒီတိုက်ပွဲပုံစံတွေကို ခြုံငုံသုံးသပ်ပေးတာ၊ စုစည်းစီစဉ်ပေးတာ၊ အသိရှိရှိဦးတည်သင့်တဲ့ လမ်းကြောင်းမှန် ညွှန်ပြတာတွေပဲ လုပ်ပါတယ်။ မာ့စ်ဝါဒက… Read More »

နှစ် ၁၅၀ မြောက် ပဲရစ်ကွန်မြွန်း တော်လှန်ရေးပုံစံပြာ (မြစမ်းအေး)

နှစ် ၁၅၀ မြောက် ပဲရစ်ကွန်မြွန်း တော်လှန်ရေးပုံစံပြာ (မြစမ်းအေး) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ် -၅ မှာ ဖော်ပြမယ့်ဆောင်းပါး ကွန်မြွန်း(ဘုံအဖွဲ့)အဓွန့်ရှည်ပါစေဆိုတဲ့ မိုးခြိမ်းသံနဲ့အတူ မတ်လ ၁၈ (၁၈၇၁) မှာ ပဲရစ်ဟာ နိုးထလာတယ်။ သာမန်အလုပ်သမားများဟာ အုပ်စိုးသူအခွင့်ထူးခံလူတန်းစားရဲ့ သဘာဝအရစိုးမိုးမှုဆိုတာကို ပထမဆုံးအကြိမ် ချိုးဖျက်အန်တုလိုက်တဲ့အခါ … မြို့တော်ခန်းမထက်မှာလွင့်ပျံနေတဲ့ အလုပ်သမားသမ္မတနိုင်ငံတော်ရဲ့သင်္ကေတ အနီရောင်အလံတော်အောက်မှာ ကမ္ဘာဟောင်းဟာ ကြောက်လန့်ချောက်ချား အလူးလူးအလဲလဲ ဖြစ်သွားတယ်။ (ကားလ်မာ့က်စ်၊ ပြင်သစ်ပြည်တွင်းစစ်)” ပြင်သစ်-ပရပ်ရှား(ယခုဂျာမနီ)စစ်ပွဲ ပြီးဆုံးတဲ့ကာလပိုင်း ၁၈၇၁ မတ်လ ၁၈ ရက်နေ့ ပဲရစ်မှာဖြစ်ပွားတဲ့အုံကြွမှုဟာ ၁၉ရာစု ဥရောပအရင်းရှင်လူ့အဖွဲ့အစည်းရဲ့အဆောက်အအုံကို ဖောက်ခွဲလိုက်ပါတယ်။” ၇၂ ရက်ကြာ လူမှုအုံကြွမှုကြီးဟာ အလုပ်သမားများရဲ့တော်လှန်ရေးအတွက် စံနမူနာ ပုံစံပြာ ဖြစ်ခဲ့ပါတယ်။ “နောင် ၄၆ နှစ်အကြာမှာ ပေါ်ပေါက်လာပြီး ၂၀ရာစု လူတန်းစားတော်လှန်ရေးသမိုင်းကို လွှမ်းမိုးခဲ့တဲ့ ၁၉၁၇ ရုရှားတော်လှန်ရေးအတွက် အခြေခံတွေကို ပဲရစ်ကွန်မြွန်းသင်ခန်းစာများက ချမှတ်ပေးခဲ့ပါတယ်။ ၁၇၈၉ ပြင်သစ်တော်လှန်ရေးအတွင်း ပြင်သစ်ပဒေသရာဇ်များအားကွပ်မျက်တာ ပြည်နှင်တာတွေဖြစ်ပွားပြီးနောက်၊ အရင်းရှင်လူတန်းစားအတွက် နိုင်ငံရေးအာဏာ… Read More »

၂၀၂၁ ဖေဖော်ဝါရီ ပြည်သူ့အရေးတော်ပုံကြီး အောင်ပွဲခံနိုင်ပါစေ။ ညိုစိန်ဝင်း

၂၀၂၁ ဖေဖော်ဝါရီ ပြည်သူ့အရေးတော်ပုံကြီး အောင်ပွဲခံနိုင်ပါစေ။ညိုစိန်ဝင်းအရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၅) မှာ ဖော်ပြမယ့်ဆောင်းပါး ၂၀၂၁ ဖေဖော်ဝါရီ ပြည်သူ့အရေးတော်ပုံကြီးသည် ဗိုလ်မင်းအောင်လှိုင်စစ်အုပ်စု၏ စစ်အာဏာသိမ်းမှု စတင်သည်နှင့် မကြာမီအချိန်အတောအတွင်း ဆရာဝန်များက အလုပ်မတက်ဘဲ အာဏာဖီဆန်မှုဖြင့် သပိတ်မှောက်ခြင်း၊ ဗမာပြည်တဝန်း ပြည်သူအသီးသီးက မိမိတို့အိမ်တွင်းမှနေ၍ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း သံပုံးတီး၍ ဆန့်ကျင်သပိတ်မှောက်ခြင်းတို့ဖြင့် စတင်လိုက်ပေသည်။ သည့်နောက်များမကြာမီပင် ရန်ကုန်မြို့တွင် အလုပ်သမား၊ ကျောင်းသားလူငယ်၊ တိုင်းရင်းသားလူငယ်တို့က လမ်းပေါ်ထွက်ဆန္ဒပြမှု စတင်ဖောက်ခွဲလိုက်သည်နှင့် လူထုသပိတ်သည် တောမီးပမာ တပြည်လုံးသို့ အလျင်အမြန် ပျံ့နှံ့သွားကာ တပြည်လုံးလက္ခဏာဆောင်သော သပိတ်ကြီးအဖြစ် ကြီးထွားလာခဲ့တော့သည်။ ဤသို့နှင့် အာဏာသိမ်းစစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်ကို တခဲနက်ဆန့်ကျင်သော ဗမာပြည် ပြည်သူလူထုကြီး၏ တိုက်ပွဲဝင်လှုပ်ရှားမှုသည် နိုင်ငံတကာမှ မျက်ခြည်မပြတ် စောင့်ကြည့်လာရသော ပြည်သူ့အရေးတော်ပုံကြီးတရပ်အဖြစ် ပေါ်ထွန်းလာခဲ့ရပေသည်။ ဤအရေးတော်ပုံကြီးသည် ဗမာပြည် လူတန်းစားလူ့အလွှာအသီးသီး၏ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးစိတ်ဓာတ်ကို အထင်အရှား ဖော်ပြလိုက်ခြင်းဖြစ်သည်။ စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုကို ကာလရှည်ကြာစွာခံစားခံစားလာရသော အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ မြို့နေဆင်းရဲသား၊ ဌာနအသီးသီးဝန်ထမ်းများ၊ လုပ်ငန်းအလိုက်ပြည်သူများစသဖြင့်… Read More »

တောင်တရုတ်ပင်လယ်ထဲက တရုတ်အမေရိကန် အားပြိုင်ပွဲတွေ (နိုင်မိုးအေး)

တောင်တရုတ်ပင်လယ်ထဲက တရုတ်အမေရိကန် အားပြိုင်ပွဲတွေ (နိုင်မိုးအေး) အမေရိကန် စစ်သင်္ဘော သီအိုဒိုရုစဗဲ့ဟာ တောင်တရုတ်ပင်လယ်ထဲကို ချင်းနင်းဝင်ရောက် သွားခဲ့ပါပြီ။ ဒါက သမ္မတသစ် ဂျိုးဘိုင်ဒင်ရဲ့ တရုတ်ပြည်ရေးရာအယူအဆကို စတင် ဖော်ထုတ်လိုက်တာပဲဖြစ်ပါတယ်။ စစ်သင်္ဘော သီအိုဒိုရုစဗဲ့ တောင်တရုတ်ပင်လယ်ထဲ ချင်းနင်းဝင်ရောက်လာတာနဲ့အတူ ဘိုင်ဒင်အစိုးရဟာ တရုတ်ပြည်ရေးရာ ထရန့်ပေါ်လစီတချို့ကို သဘောတူကြောင်း ထုတ်ဖော်ကြေညာလိုက်ပါတယ်။ အဲဒါကတော့ တခြား မဟုတ်ပါဘူး။ တရုတ်အစိုးရက ဝီဂါတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ထရမ့်အစိုးရအဖွဲ့ရဲ့ တရားဝင်ထုတ်ပြန်ပြောဆိုချက်ကို ဂျိုးဘိုင်ဒင်က သဘောတူကြောင်း ထုတ်ဖော်ပြောဆိုလိုက်တာပါ။ ဝီဂါလူမျိုးတွေဟာ တရုတ်ပြည်အနောက်ပိုင်း စင်ကျန်းပြည်နယ်ထဲက အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေပါ။ သူတို့ဟာ ရှေးနှစ်ပေါင်း များစွာကတည်းက ကိုယ်ပိုင်ဓလေ့ ကိုယ်ပ်ုင်ယဉ်ကျေးမှုတွေရှိခဲ့ပြီး ပြည်မကြီးနဲ့အတူ ဥမကွဲသိုက်မပျက် နေလာခဲ့တာလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဒီဒေသအတွင်း ခွဲထွက်ရေးလှုပ်ရှားမှုပေါ်ပေါက်လာပြီး တည်ငြိမ်အေးချမ်းတဲ့ အခြေအနေ ပျက်ပြားခဲ့ပါတယ်။ တရုတ်ပြည် ဗဟိုအစိုးရဟာ ပြဿနာအတော်များများကို ချင့်ချင့်ချိန်ချိန် ကိုင်တွယ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဗဟိုအစိုးရမှာ အကဲဆတ်တဲ့ ပေါ်လစီတချို့ရှိပါတယ်။ အဲဒါတွေကတော့ နယ်စပ်ဒေသပြဿနာတွေ၊ တရုတ်ပြည်နယ်နိမိတ်ကို ထိခိုက်မယ့်အရေးကိစ္စတွေနဲ့ တရုတ်ပြည်ပိုင်နက်ကို… Read More »