ကမ္ဘာမကြေတဲ့တိုင်းပြည်
ကမ္ဘာမကြေတဲ့တိုင်းပြည်(မောင်သန်းမြရွှေ) မင်းအောင်လှိုင်စစ်ကောင်စီက ဖိနှိပ်ရေးလက်တံ တိုးချဲ့လာနေတယ်။ အပစ်အခတ်ရပ်စဲရေး ၂၀၂၂ ကုန်အထိ ၁၀လတိုးတယ်ဆိုသော်လည်း ထိုးစစ်တွေမရပ်တဲ့အပြင် လူနေရပ်ရွာတွေကို မြေလှန်မီးရှို့နေတယ်။ အစုလိုက်အပြုံလိုက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ် လူမဆန်တဲ့ ရက်စက်မှုမျိုးကိုလည်း လက်ရဲဇက်ရဲ ကျူးလွန်လာတယ်။ အရပ်သားတွေကို ဓားစာခံလုပ်ပြီး ပစ်မှတ်ထားတိုက်ခိုက်လာတယ်။ အမျိုးသမီးတွေကို မုဒိမ်းကျင့်သတ်ဖြတ်တယ်။ လူနေအိမ်တွေကို လက်စားချေ ဗုံးကြဲပစ်ခတ် မီးရှို့ဖျက်စီးနေတယ်။ ရွာတွေထဲဝင် အဖိုးတန်ပစ္စည်းတွေယူ ရွာလုံးကျွတ်နီးပါး အိမ်တွေမီးရှို့နေတယ်။ ဒါတွေဟာ လူထုကြီးကို ငြိမ်ဝပ်ပိပြား ကြောက်လန့်တကြားဖြစ်အောင် ရည်ရွယ်လုပ်ဆောင်တဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေပါပဲ။ Data for Myanmar အဖွဲ့မှ ကောက်ယူတဲ့ စစ်တမ်းအရ (၅ မတ် ၂၀၂၂ အထိ) မီးရှို့ခံရတဲ့ အရပ်သားနေအိမ် အနည်းဆုံး ၆၁၅၈ လုံး ရှိတယ်လို့ဆိုတယ်။ စစ်ကိုင်း ချင်း မကွေး ကယား အများဆုံးဖြစ်ပြီး ရှမ်းတောင် ကရင် မန်း မှာလည်း ဒါဇင်ပေါင်းများစွာ မီးရှို့ခံရတယ်လို့ သိရတယ်။ အရပ်သားအနည်းဆုံး ၁၅၉၀ အသတ်ခံရပြီး ၁၂၅၀၀… Read More »