Category Archives: သတင်းနှင့်မှတ်ချက်

စစ်ဗျူရိုကရက်လူတန်းစား စစ်အာဏာရှင်စနစ် နဲ့ စစ်တပ်အာဏာသိမ်းမှု

ထိုင်းမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြန်ပြီ။ အာဏာသိမ်းတာ မဟုတ်ဘူး၊ မာရှယ်လောစစ်အုပ်ချုပ်ရေး ကြေညာတာပဲဖြစ်တယ်လို့ ပြောပြီးနှစ်ရက်အကြာမှာ အာဏာသိမ်းကြောင်း စစ်တပ်က တရားဝင် ကြေညာလိုက်တယ်။ အစိုးရအဖွဲ့နဲ့ နိုင်ငံရေးပါတီကြီး နှစ်ပါတီမှ ခေါင်းဆောင် ၁၅၀ ကျော်ကို ထိန်းသိမ်းလိုက်တယ်။ ထိန်းသိမ်းခံရမယ့် နိုင်ငံရေးသမားများဟာ စစ်တပ်က ထုတ်ပြန်ထားတဲ့ စာရင်းအတိုင်း သွားရောက်သတင်းပို့ပြီး အဖမ်းခံကြရတယ်။ ဒီတကြိမ် စစ်တပ်အာဏာသိမ်းတာဟာ သွေးထွက်သံယိုမရှိ ညင်သာလှတယ်။ ထိုင်းနိုင်ငံရေး အကျပ်အတည်း ဖြစ်နေတာ ၆ လ ကျော် ၇ လ လောက် ကြာနေခဲ့ပြီ။ လွှတ်တော်လည်း ဖျက်သိမ်းထားရတယ်၊ ဝန်ကြီးချုပ်လည်း ပြုတ်သွားပြီး ယာယီဝန်ကြီးချုပ်နဲ့ ထိန်းထားရတယ်။ အစိုးရယန္တရားလည်း (လွှတ်တော် အစိုးရအဖွဲ့ နိုင်ငံခြားရေးစတဲ့) မလည်ပတ်နိုင် ဖြစ်နေတာ ကြာပြီဖြစ်တယ်။ နိုင်ငံရေးပါတီကြီး နှစ်ပါတီမှ ရှပ်နီတွေ ရှပ်ဝါတွေ အပြိုင်အဆိုင် ရက်ရှည်လများ လမ်းပေါ်ထွက် ဆန္ဒပြနေကြတဲ့အတွက် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး မတည်ငြိမ်မှုတွေလည်း ပေါ်ပေါက်နေတယ်။ ဘယ်သူဘယ်ဝါမှန်း မသိတဲ့ အကြမ်းဖက်လုပ်ရပ်များလည်း ပေါ်ပေါက်လာတယ်။… Read More »

အိုဘားမားကဗိုလ်သိန်းစိန်တို့ကို ဘိသိက်မြှောက်လိုက်တာလား

၂၇-၅-၁၄ နေ့က အမေရိကန်နိုင်ငံရဲ့စစ်တက္ကသိုလ်မှာ ကျင်းပတဲ့ ဗိုလ်သင်တန်းဆင်းပွဲမှာ သမ္မတအိုဘားမားက ဗမာပြည်က ဗိုလ်သိန်းစိန်အစိုးရကို ဗန်းတင်ပြလိုက်တာဟာ တခြားသူတွေ ဘယ်လိုထင်မယ်မသိရပေမယ့် ဒါဟာ အရင်က၀ှက်ထားတဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေးပေါ်လစီကို ထုတ်ပြောလိုက်တာလို့ ယူဆရပါတယ်။ ဒါဟာ အိုဘားမားက ဗိုလ်သိန်းစိန်ကို “လိမ္မာလာပြီ” လို့ကျောသပ်ပြလိုက်တာဖြစ်သလို အရှေ့တောင်အာရှမှာ သူ့ရဲ့ဂိုဏ်သားတဦး တိုးလာပြီလို့ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံရေးလောက ကတော့ “အိမ်ဖြူတော်ဟာ ဗမာပြည်ကနိုင်ငံရေးထဲ သူတို့ဝင်စွက်နေတာကို ၀န်ခံလိုက်တာ၊ ဗိုလ်သိန်းစိန်တို့စစ်အာဏာရှင်တသိုက် သူတို့အိတ်ထဲရောက်ပြီလို့ပြောလိုက်တာ၊ တရုတ်ကို မီးနီပြလိုက်တာ”လို့ သဘောပေါက်ကြပါတယ်။ ဒီနေ့ဗမာပြည်မှာ ပြည်သူလူထုတွေ၊ အထူးသဖြင့်အောက်လွှာပြည်သူလူထုတွေ အလူးအလဲ ဒုက္ခရောက်နေကြပြီး နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေးဖိနှိပ်မှုတွေ မပြတ်ပေါ်ပေါက်နေလို့ ပြည်သူလူထုကြီးရဲ့ မျက်လုံးထဲမှာ ဗိုလ်သိန်းစိန်တို့ဟာလည်း ဒီပုတ်ထဲကဒီပဲဖြစ်တယ်လို့ ပိုပြီးသဘောပေါက်လာနေချိန်မှာ အိုဘားမားပြောလိုက်တာဟာ အိမ်ဖြူတော်က တလျှောက်လုံး လုပ်နေခဲ့တာတွေဟာ ဗမာပြည်ပြည်သူလူထုအတွက်မဟုတ်ဘဲ သူတို့အကျိုးအတွက်သာဖြစ်တယ်ဆိုတာ ပိုပြီးပေါ်လာပါတယ်။ ဒီကနေ ဆက်ပြောနိုင်တာက ဗမာပြည်ဟာ အရပ်ဝတ်အစိုးရရဲ့လုပ်ရပ်ကြောင့် အမေရိကန်-တရုတ်ပဋိပက္ခမှာပိုမို နက်ရှိုင်းစွာကြားညပ်တော့မယ်ဆိုတာပါပဲ။ အိုဘားမားပြောတာနဲ့ပတ်သက်လို့ ဗိုလ်သိန်းစိန်တို့ဘက်က ပြန်ပြောတာဘာမှ မကြားရသေးပါဘူး။ တကယ်တော့ ဆိတ်ဆိတ်နေရင်… Read More »

အသိပေးအပ်ပါတယ်

(ဗကပ)  မှာ တရားဝင်ဝဘ်ဆိုက် (www.cp-burma.org) ဒီတခုပဲ ရှိပါတယ်။ ဒီဝဘ်ဆိုက်မှာ ဖော်ပြထားတာတွေသာ (ဗကပ) ရဲ့ တရားဝင် သဘောထားအမြင်တွေ ဖြစ်ပါတယ်။ ဖဘ၊ ဘလော့ စတာတွေ (ဗကပ) က တင်ထားခြင်း  မရှိပါ။ Admin cp-burma.org

ဒီမိုကရေစီနဲ့အစိုးရ

နိုင်ငံတနိုင်ငံ၊ ဒါမှမဟုတ် လူ့အဖွဲ့အစည်းတခုမှာ ဒီမိုကရေစီဘယ်လောက် ခံစားခွင့်ရှိရမယ်ဆိုတာကို ဘယ်သူက ပြဋ္ဌာန်းသလဲ။ ဘယ်သူက ဆုံးဖြတ်တာလဲ။ ပြည်သူတွေဟာ ကိုယ်နဲ့တန်တဲ့အစိုးရ၊ ကိုယ်နဲ့တန်တဲ့စနစ်သာ ရကြတယ်ဆိုတဲ့ ပြည်ပက ပြောဆိုတာတွေကို ဗမာပြည် နိုင်ငံရေးထဲ ဆွဲယူလာလို့ ပြောကြဆိုကြတာတွေ ဖြစ်ခဲ့ဖူးတယ်။ တချို့ကတော့လည်း “လူတွေဟာ ကိုယ်နဲ့တန်တဲ့ ဒီမိုကရေစီပဲရတယ်” လို့ ပြောကြပြန်တယ်။ ဒါကြောင့် ပြည်သူလူထုကို ဒီမိုကရေစီကို နားလည်အောင်၊ ဒီမိုကရေစီနဲ့ ထိုက်တန်အောင် နေတတ်ဖို့ သင်ပေးရတယ်လို့လည်း ပြောသူက ပြောပါတယ်။ ဒီလိုအောက်တန်းကျတဲ့၊ တာဝန်မဲ့တဲ့ စကားမျိုးကို အထူးချေပနေစရာမလိုပေမယ့် ဒီကိစ္စနဲ့ ဆက်နေတဲ့ အကြောင်းအရာတခုကိုတော့ ထောက်ပြလိုပါတယ်။ နိုင်ငံရေးမှာ နိုင်ငံတနိုင်ငံကို အရင်းရှင်နိုင်ငံ၊ ဆိုရှယ်လစ်နိုင်ငံ၊ ပဒေသရာဇ်နိုင်ငံ၊ ကိုလိုနီနိုင်ငံ စသဖြင့် ခေါ်ဆိုလေ့ရှိတာ လူတိုင်းအသိပါ။ ဒီလိုခေါ်ဆိုတာဟာ အဲဒီနိုင်ငံမှာ အဓိကကျင့်သုံးနေတဲ့ စီးပွားရေး/နိုင်ငံရေးစနစ်အရ ခေါ်ဆိုကြတာ ဖြစ်ပါတယ်။ ကောင်းပြီ- ဒီနေရာမှာ ကျင့်သုံးဆိုတဲ့စကား ပါလာပါတယ်။ ဒါဖြင့် အဲဒီစနစ်ကို ဘယ်သူက ကျင့်သုံးတာလဲ။ ဘယ်သူက ချမှတ်တာလဲ။ ပြည်သူလူထုမှာ… Read More »

ဒီမိုကရေစီကို သင်းသတ်ခြင်း

သဲကုန်း လယ်သမား သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲခံလိုက်ရပြန်ပြီ။ မအူပင် မလက်တိုကျေးရွာအုပ်စုတွင် လယ်သူမအမျိုးသမီးများကို သွေးထွက်သံယို ရိုက်နှက်နှိမ်နင်းမှု၊ လက်ပံတောင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော သံဃာတော်များအား မီးလောင်ဗုံးဖြင့် ရက်စက်စွာ ပစ်ခတ်နှိမ်နင်းမှု၊ သင်္ဃန်းကျွန်း- မိကျောင်းကန်မှာ လက်မရွံ့ရှပ်နက်တပ်သားများဖြင့် အကြမ်းဖက် ရိုက်နှက်ဖယ်ရှားမှု၊ မိုးထိမိုးမိ အလုပ်သမား ဆန္ဒပြပွဲကို နည်းမျိုးစုံသုံးပြီး ဖယ်ရှားမှု၊ သမီးကလေးကျေးရွာ ပြည်သူ့အိုးအိမ်အား စစ်တပ်မှ မီးရှို့ဖျက်ဆီးခြင်း၊ ဘူဒိုဇာနှင့် ဖြိုလှဲခြင်း စသော အကြမ်းဖက်မှုများ။ ယခု သဲကုန်း လယ်သမားသပိတ်စခန်းအား အကြမ်းဖက်မှု စသည်တို့ကို အစိုးရအာဏာပိုင်များက ကျူးလွန်ခဲ့ကြသည်။ ပြည်သူ့လယ်ယာမြေ၊ အိုးအိမ်ပိုင်ဆိုင်မှုနှင့် အသက်စည်းစိမ် လုံခြုံမှု တနေ့တခြား ပိုမိုကင်းမဲ့လာပြီ။ ဗမာပြည်မှာ လယ်သမားနှင့် ပြည်သူတွေ၏ လယ်ယာမြေများကို စစ်အာဏာပိုင်များနှင့် ခရိုနီများက မတရားလုယူသိမ်းပိုက်လာခဲ့ကြတာ နှစ်တွေ ကြာခဲ့ပြီ။ ဗမာပြည်၏ လယ်ယာမြေအတော်များများ စစ်အာဏာပိုင်များနှင့် ခရိုနီများ လက်သို့ ရောက်ကုန်ပြီ။ ထို့ကြောင့် စစ်အာဏာပိုင်များ၏ မတရားမှုများကို နှစ်ကာလ ရှည်ကြာစွာ ခံစားလာကြရသော ဗမာပြည်တဝန်းမှ… Read More »

တောင်းပွဲတိုက်ပွဲ

ဖဆပလ အစိုးရလက်ထက်ကနေ ယနေ့ ဦးသိန်းစိန်စစ်အစိုးရအထိ ဖောက်ပြန်ရေးအစိုးရအဆက်ဆက်ဟာ ပြည်သူ့လှုပ်ရှားမှု ကြီးထွားလာမှာကို ကြောက်ရွံ့တဲ့အခါတိုင်း ဒီလှုပ်ရှားမှုတွေကို ကွန်မြူနစ်တံဆိပ် ကပ်ပေးလေ့ရှိကြတယ်။ အုပ်စိုးသူ အဆက်ဆက် အရိုးစွဲလာတဲ့ ဒီအကျင့်ဟောင်းကို ဦးသိန်းစိန်အစိုးရကလည်း ဖော်ပြနေတာ တွေ့ရတယ်။ လက်ပံတောင်းတောင် လှုပ်ရှားမှုကို ဦးအောင်သောင်းက ကွန်မြူနစ်တံဆိပ် ကပ်ပေးလိုက်တဲ့အချိန်မှာ အတော်လေး ပွဲဆူသွားခဲ့တယ်။ ဒါကို မမှတ်သေးဘဲ ပြောလာပြန်ပြီ နောက်တယောက်။ ဒီတခါ ပြောလာတဲ့သူက ကာချုပ် ဗိုလ်မင်းအောင်လှိုင်ပါ။ သိပ်မကြာသေးတဲ့အချိန်က စစ်သင်တန်းဆင်းပွဲတခုမှာ ပြောခဲ့တယ်။ ကာချုပ်ဆိုတဲ့အတိုင်း နှစ်ပေါင်း ၆၀ အတွင်းလောက် မပြောင်းလဲအောင် ရေးထားတဲ့ ဥပဒေဆိုပြီး ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်ရင်းက ပြောသွားတဲ့စကားပါ။ “တောင်းမယ် တိုက်မယ်ဆိုတာ ကွန်မြူနစ်စနစ် ဖြစ်လာတာ” -တဲ့။ သူ့စကားက ဦးအောင်သောင်းစကားထက် ပိုဆိုးပါတယ်။ ဦးအောင်သောင်းက လက်ပံတောင်းလှုပ်ရှားမှုလောက်ကိုပဲ ပြောတာပါ။ ဗိုလ်မင်းအောင်လှိုင်ကတော့ အခြေခံဥပဒေ ပြင်ဖို့ တောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ကအစ ကိုယ့်မြေကိုယ့်ယာ အလုယက်ခံထားရလို့ ပြန်တောင်းကြတဲ့ တပြည်လုံး နေရာအနှံ့အပြားက လယ်သမားတွေအဆုံး… Read More »

နောက်ကွယ်က ကိုင်ထားသော ကြိုးများ

ရှုပ်နေတာတွေကို ရှင်းအောင် ခွဲပြီး ကြည့်ရမှာပါ။ ငြိမ်းချမ်းရေးစကားပြောနေချိန် စစ်ပွဲတွေ တခြိမ်းခြိမ်း။ သေနတ် အမြောက်သံတွေ တအုန်းအုန်း။ မြေလုထားသူတွေက စစ်အာဏာပိုင်တွေ၊ သူတို့အဆွယ်အပွားတွေချည်း။ ဘယ်မြေကိစ္စကိုမျှ အလွယ်တကူ လျှော့ပေးတာ လိုက်လျောတာ မရှိ။ မြေကြီးဆိုရင် လက်ထဲ ဆုပ်မိရင် ဖုန်မှုန့်လေး တမှုန်ကအစ ပြန်မစွန့်နိုင်တဲ့ သူတွေ။ အာဏာစွန့်ဖို့ဆိုရင် ဝေလာဝေး။ သူတို့ကိုယ်တိုင် လုယက်နေတဲ့ ကိစ္စကို ပြောမနေနဲ့ မိုးထိမိုးမိမှာ လုပ်ငန်းပိုင်ရှင်နဲ့ အလုပ်သမားတွေကိစ္စမှာ လုပ်ငန်းပိုင်ရှင်နဲ့ အာဏာပိုင်တွေ ပူးပေါင်းပြီး အတိဒုက္ခရောက်နေတဲ့ အလုပ်သမားမိသားစုတွေကို မညှာတာ မထောက်ထား ဘယ်လို ညစ်ပတ်ဒုက္ခပေးနေကြသလဲ ဆိုတာကြည့်။ နယ်လှည့်ပါးရိုက်တဲ့ ဝန်ကြီးရဲ့ (ဖက်ဆစ်ဆန်တဲ့စကား) နဲ့ ပွဲဆူအောင်လုပ်ထားပြီးသမီးကလေးကျေးရွာမှာ (ဖက်ဆစ်ဆန်တဲ့) လုပ်ရပ်တွေ တဆင့်တိုးလုပ်ဖို့ ပြင်လာကြတယ်။ တပြည်လုံးကို သူတို့ကိုယ်တိုင်က ဆူဆူပူပူ ဖြစ်တဲ့ အခြေအနေ ဖန်တီးရင်းက သမ္မတက နိုင်ငံရေးအင်အားစုတွေက ဆူပူအောင် ဖန်တီးနေတယ်ဆိုတာမျိုး ပြောထွက်လာတယ်။ ဘုရင့်နှုတ်ထွက်စကား (ဆုံးမလိုက်) ဆိုတာ ပါးကွက်သားတွေအတွက်(သတ်စေ) ဆိုတဲ့ အမိန့်တော်အဖြစ်… Read More »