Category Archives: သတင်းနှင့်မှတ်ချက်

အနှစ်မဲ့တဲ့ ကြက်ဆူပင်ပါလား

(နိုင်ငံတခုရဲ့အသက်က ဒီအခြေခံဥပဒေပဲ။) တဲ့။   ဗိုလ်မင်းအောင်လှိုင်က သူ့ရဲ့ အင်တာဗျူးထဲမှာ အဲသလို ထည့်သွင်းပြောကြားသွားတယ်။ အခြေခံဥပဒေရဲ့ အမှားအမှန် ပြဿနာကို ထည့်ပြောမသွားဘူး။ စစ်အာဏာရှင်စနစ် သားစဉ်မြေးဆက်တည်တံ့ဖို့။ တနည်းဆိုရင် အာဏာကို သူတို့သားစဉ်မြေးဆက် ချုပ်ကိုင်ထားဖို့ ရေးဆွဲထားတဲ့ ဥပဒေလား၊ ပြည်သူတွေရဲ့ ဘဝ လုံခြုံရေး အေးချမ်းသာယာရေး၊ တိုင်းပြည်စည်ပင်ဝပြောစေရေးအတွက် ရေးဆွဲထားတဲ့ ဥပဒေလားဆိုတာတော့ ခွဲခြားပြောဆိုဖို့ ဝေလာဝေး၊ သူကိုယ်တိုင်မှ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိနေမှာတောင် မဟုတ်ပါ။ ပြည်သူလူထုအကျိုး နက်နက်ရှိုင်းရှိုင်း အကျိုးပြုမယ်ဆိုတဲ့ စိတ်ဓာတ်မရှိတာကတော့ သေချာပါတယ်။   ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံတခုရဲ့ အသက်-လို့ သူပြောတဲ့အတိုင်းပါပဲ။ စစ်အာဏာရှင်စနစ် သားစဉ်မြေးဆက်တည်တံ့ရေးကို တံတိုင်းလို ကာဖို့ ရေးဆွဲထားတဲ့ ဒီအခြေခံဥပဒေကြောင့် ပြည်သူလူထုကြီး ဒုက္ခပင်လယ်ဝေနေရတယ်။ အသက်တွေ သေပေးနေရတယ်။ တိုင်းပြည်သွေးချောင်းစီးနေရတယ်။ တိုင်းရင်းသားပြည်သူတွေ အလောင်းချင်း ထပ်နေရတယ်။ ကျောင်းသားသူငယ် ကလေးအရွယ် လူမမယ်တွေကအစ လမ်းပေါ်ထွက် ဆန္ဒပြနေရတယ်။ ဒီအခြေခံ ဥပဒေကြောင့် ပြည်တွင်းငြိမ်းချမ်းရေးမရနိုင်ဘဲ ကာချုပ်ပြောတဲ့ မူ (၆) ချက်ကြောင့် အတုအယောင် ငြိမ်းချမ်းရေးဆိုတာတောင် အကောင်အထည် မပေါ်ဘဲ လေထဲမှာ ချာချာရမ်းပြီး တိုးလိုးတန်းလန်းကြီးဖြစ်နေရတယ်။ ဒီလိုအခြေခံဥပဒေဟာ နိုင်ငံတခုရဲ့ အသက်လို အရေးပါတယ်ဆိုရင် မကောင်းတဲ့… Read More »

ကြီး ၁၄ ကြီး

ကြီးဆယ့်လေးကြီးတဲ့။             ဗိုလ်သိန်းစိန်စစ်အစိုးရက ကြီးကိုးကြီးအစည်းအဝေး ကျင်းပမယ်လို့  ကြေညာလိုက်တော့ ဆရာရွှေပြည်ဧရေးပြီး ဒေါ်မြင့်မြင့်ခင် သီဆိုခဲ့တဲ့ နပမ်းဆံသီချင်းထဲက “နောက်တခါလာပြန်ပြီတမျိုး”ဆိုတာကို သတိရလိုက်မိတယ်။             ဗိုလ်နေ၀င်းလက်ထက်တုန်းက စပါးပြီးစပါး-မယားပြီးမယားဆိုတဲ့ ဆိုရိုးစကား ပေါ်ထွက်ခဲ့သလို အခု ဗိုလ်သိန်းစိန် လက်ထက်မှာတော့ အစည်းအဝေးပြီးအစည်းအဝေး၊ ကော်မရှင်ပြီးကော်မရှင်လို့ ပြောရမလို ဖြစ်နေပါကလား။ အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲကို မပြီးနိုင်မစီးနိုင် နှစ်နဲ့ချီအချိန်ဆွဲထားပြီး စစ်အစိုးရအတွက် နိုင်ငံရေးအမြတ်၊ သူတို့လူတဦးချင်းအတွက် စီးပွားရေးအမြတ်တွေ ထွက်လာအောင်ဖန်တီးနိုင်တာဟာ ကမ္ဘာမှာဒီအစိုးတခုရပဲ ရှိမယ်ထင်တယ်။             ဒီတခါထိုးဇာတ်က အမေရိကန်သမ္မတအိုဘားမား လာမယ့်အချိန်နဲ့ တွက်ပြီးလုပ်တာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးပါတီတခုရဲ့ခေါင်းဆောင်တဦးက အင်တာဗျူးတခုမှာ ပြောသွားတာ ကြားလိုက်ရတော့ သူပြောတာ အကျိုးအကြောင်း ကိုက်ညီတယ်လို့ အောက်မေ့မိတယ်။ ဒါ့အပြင် ဆွေးနွေးပွဲမစမီ နာရီပိုင်းအတွင်းမှာပဲ အိုဘားမားကနေ ဗိုလ်သိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဆီကို ဖုန်းဆက်လိုက်တယ်ဆိုတော့ ဒီအချက်ဟာ ပိုသေချာသွားတယ်။ အိုဘားမားကလည်း ခေါင်းငြိတ်ပြတဲ့သဘော။ ဒါကြောင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဖျက်သိမ်းပြတာ၊ နိုင်ငံရေးအကျဉ်းသား (သူတို့ကတော့ ဒီလို မပြောပါ။ နောက်ပြီး ရာဇဝတ်အကျဉ်းသားက အများစုပါ။)… Read More »

အစွဲဟောင်းတွေ ချွတ်ချိန်တန်ပြီ

မဖြူနှင်းထွေးအရေး

မဖြူနှင်းထွေးအရေး ဒီနေ့ ဗမာပြည်နိုင်ငံရေးမှာ လူတွေသတိအပြုဆုံး၊ အာရုံအစိုက်ဆုံး သတင်းတခုကတော့ မဖြူနှင်းထွေးသတင်း ဖြစ်တယ်လို့ဆိုရင် မှားမယ်မထင်ပါဘူး။ ဒါ့အပြင် ဒီအရေးကိစ္စဟာ ဒီနေ့ ဗမာပြည်နိုင်ငံရေးရဲ့ တကယ့်သရုပ်သကန်ကို ထင်ဟပ်နေတယ်၊ ကိုယ်စားပြုနေတယ်လို့လည်း ပြောလို့ရပါတယ်။ ၁။ ဒီနေ့ ဗမာပြည်မှာ အထင်ရှားဆုံးဖိနှိပ်မှု နှစ်မျိုးရှိပါတယ်။ တခုက တိုင်းရင်းလူမျိုးစုဒေသတွေမှာ လက်နက်ကိုင်တပ်တွေနဲ့ စစ်ပြုနေတာ၊ နောက်တခုက မြို့ပြနဲ့ကျေးလက်တွေမှာ ဆင်းရဲတဲ့ အလုပ်သမား၊ လယ်သမားတွေကို သူတို့ကိုယ်ပိုင် ရုပ်ဝတ္ထုပစ္စည်း၊ ဥပမာ- လယ်၊ အိမ်ယာ စတာတွေနဲ့ ရုပ်ဝတ္ထုမဟုတ်တဲ့ သူတို့ကိုယ်ပိုင် အခွင့်အရေးတွေကို လုယက်နေတဲ့ အဖြစ်တွေပါပဲ။ ၂။ တိုက်ဆိုင်တာတော့ ဟုတ်မယ်မထင်ပါဘူး။ ဒီလို စစ်အစိုးရက လက်ဦးမှုရှိရှိ ဖိနှိပ်နေချိန်မှာ ဗမာပြည် နိုင်ငံရေးမှာက အဆိုးဝါးအပြင်းထန်ဆုံး နှာစေးရောဂါ ဖြစ်နေပါတယ်။ ဒါလောက်ဆိုးဝါးတဲ့၊ မတရားတဲ့ သတ်ဖြတ်မှု၊ လုယက်မှု၊ ဖမ်းဆီးမှုတွေကို မသိချင်ဟန်ဆောင်နေကြတာဟာ အချိန်ကြာလာတော့ နာကျည်းစရာလို ဖြစ်လာပါတယ်။ အင်္ဂလိပ်စကားမှာ `ရာဇ၀တ်မှု ဖြစ်ပေါ်နေတုန်းမှာ မျက်တောင်တချက် ခတ်လိုက်တာဟာ ရာဇ၀တ်မှုကို အားပေးကူညီတဲ့… Read More »

ပထမအင်တာနေရှင်နယ် အနှစ် ၁၅၀ မြောက်

ပထမအင်တာနေရှင်နယ် အနှစ် ၁၅၀ မြောက် 150 th anniversary of the 1st International နိုင်ငံတကာအလုပ်လုပ်သူများအစည်းအရုံး (International Working Men’s Association) ကို လွန်ခဲ့တဲ့ အနှစ် ၁၅ဝ၊ ၁၈၆၄ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့မှာ တည်ထောင်ခဲ့ပါတယ်။ လန်ဒန်က စိန့်မာတင် (Saint Martin’s Hall) ခန်းမမှာ ကျင်းပတဲ့ အစည်းအဝေးကို နိုင်ငံ ၆ ခုက တော်လှန်ရေးသမားတွေ တက်ရောက်ခဲ့ကြပါတယ်။ ရည်ရွယ်ချက်က ကမ္ဘာပေါ်ရှိ အလုပ်သမားတိုက်ပွဲများကို တခုတည်းသော အဖွဲ့အစည်းအောက်မှာ စုရုံးကြပြီး သူတို့ရဲ့ တောင်းဆိုချက်တွေကို စုစည်းပေးဖို့ ဖြစ်ပါတယ်။ ဒီအစည်းအရုံးကြီးမှာ ကားလ်မာ့က်စ်က ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ သူဟာ ဒီဖွဲ့စည်းရေး အစည်းအဝေးကြီးမှာ မိန့်ခွန်းမပြောခဲ့ပေမယ့် မာ့က်စ်ရဲ့အသုဘမှာ အင်တာနေရှင်နယ်ကို ဖွဲ့စည်းလိုက်တာဟာ မာ့က်စ်ရဲ့ တော်လှန်ရေးလုပ်ငန်းတွေထဲမှာ အမြင့်ဆုံးအောင်မြင်မှု ဖြစ်တယ်လို့ အိန်ဂယ်က ပြောခဲ့ပါတယ်။ ဒီအစည်းအဝေးကြီးကနေ နိုင်ငံတကာအလုပ်သမားအစည်းအရုံးကို တည်ထောင်ဖို့ တညီအညွတ်တည်း ဆုံးဖြတ်လိုက်ပါတယ်။… Read More »

နိုင်ငံရေးပါတီများနဲ့ ရွေးကောက်ပွဲတွေရဲ့ ကံကြမ္မာဟာ ဗိုလ်တင်အေး လက်ခုပ်ထဲမှာ

အခြေအနေက ဒိုင်အကြီးအကျယ်လျှော်ရမယ့်ပွဲ။ ထိုးသားတွေကလည်း တစ်ကွက်ထဲ အပိုင်ပုံအောထားကြတယ်။ ဖဲသုံးချပ် ဒိုင်ကလည်း သူအရှုံးကြီးရှုံးတော့မယ်ဆိုတာ အတွေ့အကြုံအရ ကောင်းကောင်းသိနေပြီ။ ထွက်ပေါက်ကလည်း တခြားမရှိတော့ဘူး။ ဒီတော့ ဖဲသုံးချပ်ဒိုင်ဟာ စားပွဲပေါ် ဓါးမြှောင်စိုက်တဲ့ လူမိုက်နည်းသုံးပြီး ဒီပွဲကိုမပျက် ပျက်အောင် ဖျက်ရတော့တာပေါ့။ မကြာမီ “ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးမယ်” လို့ လွှတ်တော်ထဲမှာ သူကိုယ်တိုင်ဖြေကြားပြောဆိုထားတဲ့ ဗိုလ်တင်အေးလည်း ဖဲသုံးချပ်ဒိုင်လိုပဲ “ ကြားဖြတ်ရွေးကောက်ပွဲ” ဖျက်သိမ်းလိုက်ပြီ။ တကယ်တော့ နိုင်ငံရေးပါတီများနဲ့ ရွေးကောက်ပွဲတွေရဲ့ ကံကြမ္မာဟာ ဗိုလ်တင်အေး လက်ခုပ်ထဲမှာ ရှိတာပါ။ “၂၀၀၈ အခြေခံဥပဒေ” ၊ ပုဒ်မ ၃၉၉ နဲ့ ပုဒ်မ ၄၀၂ တို့ဆိုတာဟာ ဗိုလ်တင်အေး စိတ်ကြိုက် စီရင်ပိုင်ခွင့်တွေ ဖြစ်တယ်။ တချို့တွေ ပြောနေကြသလို၊ ထင်မြင်ယူဆနေကြသလို “ဗိုလ်တင်အေးကော်မရှင်” ဖျက်သိမ်းပြီး အခြားကော်မရှင်တစ်ခုနဲ့ အစားထိုးရုံလောက်နဲ့ လုံးဝမဖြစ်နိုင်ဘူး။ “၂၀၀၈ အခြေခံဥပဒေ”တည်မြဲနေသမျှ “လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ” ဆိုတာ ဘယ်လိုမှ ဖြစ်မလာနိုင်ပါဘူး။ နိုင်ငံရေးပါတီတိုင်းဟာ နိုင်ငံရေး၊ စည်းရုံးဖွဲ့စည်းနဲ့ ဘဏ္ဍာရေး အဖက်ဖက်က… Read More »

ပြည်သူ့အမွန်

– မတရား သိမ်းဆည်း လယ်ယာမြေများကို တောင်သူများသို့ ပြန်ပေးပါ။ – လယ်ယာမြေနှင့် ပတ်သက်သော အကျင့်ပျက် ဝန်ထမ်းများအား အရေးယူပေးပါ။ – တောင်သူလယ်သမားများ ကိုယ်တိုင်ပါဝင်သော လယ်ယာမြေခုံရုံးများ ဖွဲ့ပေး။ ရေတာရှည် မြို့နယ်က ဆန္ဒပြတောင်သူလယ်သမားတွေရဲ့ ဒီတောင်းဆိုချက်တွေကို ကြည့်ရင် ပြည်သူတွေရဲ့  တီထွင် ဖန်တီးမှုစွမ်းအားကို အထင်အရှား တွေ့နိုင်တယ်။ ကိုလိုနီခေတ်ကတည်းက အမတော်ကြေးများ လျှော်ပစ်ရေး၊ အခွန်တော် လျှော့ပေါ့ရေး၊ သီးနှံဈေး တိုးမြှင့်ပေးရေး စသဖြင့် လယ်သမားတွေရဲ့ လယ်တွေ့ဘဝကို ထင်ဟပ်တဲ့ လတ်တလော တောင်းဆိုချက် အများအပြားကို တင်ပြတောင်းဆိုခဲ့ကြတယ်။ ကြွယ်ဝပြည်စုံတဲ့ အဲဒီတောင်းဆိုချက်တွေထဲမှာ ၁၉၄၆-၄၇ ခုနှစ် ဗမာပြည် ပြည်သူတရပ်လုံးနဲ့အတူ လယ်သမားများလည်း ရှားပါး ကျပ်တည်းနေချိန်ဖြစ်လို့“ခေါင်းပါးစရိတ် ထုတ်ပေးရေး”ဆိုတဲ့ တောင်းဆိုချက်မျိုးကိုတောင် တင်ပြတောင်းဆိုခဲ့ဖူးကြောင်း တွေ့ရှိရတယ်။ လွတ်လပ်ရေးမရမီ လယ်သမားညီလာခံများမှာလည်း လယ်သမားထု အတွက် အမှန်တကယ် လိုအပ်တဲ့ လတ်တလော တောင်းဆိုချက်များကို ပြည့်စုံကြွယ်ဝစွာ တင်ပြတောင်းဆိုနိုင်ခဲ့ကြတယ်။ ဒီတောင်းဆိုချက်တွေထဲမှာ သီးစားခ လျှော့ပေါ့ရေးမှ အစ… Read More »