“လက်နက်ကိုင်တော်လှန်ရေးမှာရော မြေပေါ်၊မြေအောက် လှုပ်ရှားမှုအနေနဲ့ရော ဗမာပြည်ကွန်မြူနစ်ပါတီက ပါဝင်နေတယ်”
ကိုချို/Myanmar Now စစ်အာဏာသိမ်းပြီးနောက် နိုင်ငံ၏အရှေ့မြောက်ပိုင်းဖြစ်သည့် ရှမ်းပြည်နယ်မောက်ပိုင်းတွင် ညီနောင်မဟာမိတ်တပ်ဖွဲ့များဦးဆောင်သည့်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများပြင်းထန်နေသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးမတိုင်မီခေတ်ကပင်ပေါ်ပေါက်ခဲ့ပြီး နိုင်ငံ၏လွတ်လပ်ရေးသမိုင်းတွင် ရှေ့တန်းက ဦးဆောင်ပါဝင်ခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ)၏ လက်နက်ကိုင်တပ်များသည်လည်း အရှေ့မြောက်ဒေသတိုက်ပွဲများတွင် ညီနောင်မဟာမိတ်တပ်များနှင့်အတူ တိုက်ပွဲဝင်နေကြသည်။ ၁၉၃၉ ခုနှစ်တွင်တည်ထောင်ခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ) သည် နိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၄၈ မှ စတင်ပြီး လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့သောပါတီဖြစ်သည်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်တွင် ဗ.က.ပ၏ လက်နက်ကိုင်တပ်ဖြစ်သည့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ကို ပြန်လည်တည်ထောင်ခဲ့ပြီး စစ်ကိုင်းတိုင်းတွင်းခြေကုပ်ယူပြီး ယခုဖြစ်ပွားနေသည့် နိုင်ငံ အရှေ့မြောက်ပိုင်းကစစ်ပွဲများတွင် PLA တပ်ဖွဲ့ဝင်များလည်း တိုက်ပွဲဝင်နေကြသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ) ၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းကို လူထုသတင်းစာတိုက်ပိုင်ရှင် လူထုဦးလှနှင့် လူထုဒေါ်အမာတို့က မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။ ကိုးကိုးကျွန်းပြန်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်ပြီး စာရေးဆရာတစ်ဦးလည်းဖြစ်သူ ဗမာပြည် ကွန်မြူနစ်ပါတီ (CPB) ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းကို နွေဦးတော်လှန်ရေးအပေါ် ဗ.က.ပ ၏ သဘောထား၊ လက်ရှိဖြစ်ပွားနေသည့် တရုတ်-မြန်မာနယ်စပ်ရှိစစ်များပွဲအရေး၊ တရုတ်နိုင်ငံ၏… Read More »