အမေရိကန်ဘဏ်ပြိုလဲမှုနှင့် စီးပွားရေးဝေါဟာရအချို့
အမေရိကန်ဘဏ်ပြိုလဲမှုနှင့် စီးပွားရေးဝေါဟာရအချို့ နီထွန်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ နဲ့ မေလဆန်းအတွင်း အမေရိကန်နိုင်ငံမှာ ဘဏ်အကျပ်အတည်း (ဝါ) ဘဏ်ပြိုလဲ မှု (collapse) တွေဖြစ်ခဲ့ပါတယ်။ ဒီလိုဖြစ်ခဲ့ရတဲ့ အကြောင်းရင်းတွေနဲ့ စီးပွားရေးဆိုင်ရာဝေါဟာရ တွေကို အဓိက ထားတင်ပြပါမယ်။ ဘဏ်တွေကို အမျိုးအစားခွဲရင် ကူးသန်းရောင်းဝယ်ရေးဘဏ်(commercial) ရင်းနှီးမြှုပ်နှံမှုဘဏ် (investment) ငွေစုဘဏ် (savings) အာမခံလုပ်ငန်းလုပ်ကိုင်သည့်ဘဏ် (insurance) နဲ့ အခြားသက် ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် ဆောက်လုပ်ရေး၊ လယ်ယာ၊ စက်မှု၊ ရေလုပ်ငန်း၊ ထုတ်ကုန်သွင်းကုန် (Construction, Agricultural, Industrial, Fishery, Export Import) စသဖြင့်ရှိပါမယ်။ အခုပြိုလဲသွားတဲ့ SVB (Silicon Valley Bank) ဟာ ရင်းနှီးမြှုပ်နှံမှုဘဏ်အမျိုးအစားမှာပါပါတယ်။ သူက အဓိက အားဖြင့် ကွန်ပျူတာနဲ့ အဆင့်မြင့်နည်းပညာနယ်ပယ်မှာ ထူထောင်စ လုပ်ငန်းငယ်လေး (Startups) တွေကို အရင်းအနှီးထုတ်ပေးတဲ့ဘဏ်ပါ။ အမေရိကန်မှာ အဆင့် ၁၆ ရှိတဲ့ဘဏ်ဖြစ်ပါတယ်။ အခုဘဏ်ပြိုလဲမှုဟာ ၂၀၀၇-၂၀၀၈ ဘဏ်အကျပ်အတည်းနဲ့မတူပါ။ SVB… Read More »