ဗိုလ်အောင်မင်း ဘာကြောင့်တောင်းပန်လဲ

By | June 22, 2014

ဗိုလ်အောင်မင်းဝန်ချတာကို အားလုံးကြားလိုက်ကြပါလိမ့်မယ်။

ဒါဟာ ဗမာပြည်မှာ နှစ်ပေါင်း ၅၀ ကျော် တည်ရှိနေတဲ့ စစ်အစိုးရအဆက်ဆက် လက်ထက်မှာ စစ်အာဏာရှင် အုပ်စိုးသူတွေထဲက ဒါဟာပထမဆုံး လူသိရှင်ကြား ၀န်ချတောင်းပန်တဲ့ပွဲ ဖြစ်ပါတယ်။ ၀န်ချတောင်းပန်တာမှ စာနဲ့ရောအသံနဲ့ပါ၊ လူကိုယ်တိုင် ပြည်တွင်းပြည်ပကို အသိပေးပြီး ဒူတုပ်တောင်းပန်ရတာ ဖြစ်ပါတယ်။ (ဗိုလ်မင်းအောင်လှိုင်ကို သွားဝန်ချရပုံကိုပဲ ကြည့်ပါ)။

စစ်အာဏာရှင်ထိပ်ပိုင်းတွေ အခုအခါမှာ အာဏာကို သူတို့ပိုင်ပိုင်ရထားပြီဆိုပြီး ဘာကိုမှမမှု၊ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ “လူထုကို ပါးရိုက်မယ်”၊ “လျှပ်စစ်မီးမရှိရင်ဖယောင်းတိုင်ထွန်းနေကြ”၊ “ဘူးလက်(ကျည်ဆံ)ပေးလိုက်မယ်”၊ “ထမင်းကို တနပ်ထဲစားပေါ့” စသဖြင့် လူထုအပေါ် အင်မတန်မောက်မောက်မာမာ ရိုင်းရိုင်းစိုင်းစိုင်းပြောတာတွေ ပြီးခဲ့တဲ့ တနှစ်-နှစ်နှစ်လောက်အတွင်း ဆက်တိုက်ဆိုသလို ကြားခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒါတွေနဲ့ပတ်သက်လို့ သူတို့အထက်လူကြီးတွေက အပြစ်တင်ဝေဖန်တာ မရှိသလို သူတို့ကိုယ်တိုင်ကလည်း ၀န်ခံတောင်းပန်တာ လုံးဝမရှိခဲ့ပါဘူး။

ဒါပေမဲ့ အခုတော့ ဗိုလ်အောင်မင်းတယောက် ဆင်မိုက်ကြီးမှာ ဒူးတုပ်ရရှာ ဖြစ်ရပါပြီ။

အကြောင်းက ရှင်းပါတယ်။ ပြည်သူလူထုကို ဆဲဆိုစော်ကားတာကို စစ်အုပ်စုထဲမှာ အပြစ်လို့ သဘောမထားပါဘူး။ ဒါပေမဲ့ သူတို့ရှေ့အဆက်ဆက်က စစ်အာဏာရှင်တွေကို ပြစ်မှားရင်၊ စစ်အာဏာရှင်စနစ်နဲ့ အဲဒီရဲ့အဓိကထောက်တိုင်တွေကို ထိပါးပြောဆိုရင်တော့ နည်းနည်းမှ ခွင့်မလွှတ်ဘူးဆိုတာ ဒီကိစ္စကဖော်ပြနေပါတယ်။

တရုတ်ကို ကြောက်ရတယ်ဆိုတဲ့ ဗိုလ်အောင်မင်းတယောက် ဗိုလ်မင်းအောင်လှိုင်ကို ၀ပ်တွားတာဟာ အံ့သြစရာ မဟုတ်ဘူးလို့ပဲ ဆိုချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *