စိန်ရတုအထိမ်းအမှတ် အမှာစာ

By | August 1, 2014

ရဲဘော်များ၊ မိတ်ဆွေများ၊ ပြည်သူများခင်ဗျား –

၂ဝ၁၄ ခုနှစ် သြဂုတ်လ ၁၅ ရက်သည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ မွေးနေ့ဖြစ်သလို ၇၅ နှစ် ပြည့်မြောက်သည့် နေ့လည်းဖြစ်သည်။

-၂ဝ၁၄ ခုနှစ် တနှစ်လုံးကို ပါတီအနေနှင့် “ဗမာပြည်ကွန်မြူနစ်ပါတီ၏ စိန်ရတုအခါသမယ” လို့ သတ်မှတ်ထားပါသည်။

– ယင်းကာလအတွင်း စိန်ရတုသဘင်အထိမ်းအမှတ်ပြုသည့် စာစောင်၊ စာတမ်းများ ထုတ်ဝေသွားရန် စီစဉ်ထားသည်များ ရှိကြောင်း ပြောလိုသည်။ ကျွန်တော်တို့ထံတွင် သမိုင်းဝင် စာမူစာတမ်းများ၊ မိန့်ခွန်းများ၊ ဓာတ်ပုံများ၊ သီချင်းခွေများအပြင် ခေါင်းဆောင်များ၊ ပါတီဝင်များ၊ ပါတီလိုလားသူများ၏ စာမူမြောက်မြားစွာ (ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးနဲ့ အဓိဌာန်ပြုချက်များ) လက်ခံရရှိ စုဆောင်းထားပြီးဖြစ်သည်။

ဒါတွေကို လိုအပ်သလို ပြည်သူလူထုသို့ ထုတ်ပြန်အသိပေး တင်ပြသွားပါမည်။ တင်ဆက်ရာတွင် ပါတီဝက်ဘ်ဆိုက်အပြင် ပါတီစာစောင်များဖြစ်တဲ့ ပြည်သူ့အာဏာ၊ အရေးတော်ပုံဂျာနယ်များမှ လည်းကောင်း၊ တခြားအထိမ်းအမှတ်ပြုစာစောင်စာတမ်း၊ ပို့စကတ်များမှလည်းကောင်း ဖြန့်ချိသွားပါမည်။ အကြိုအဖြစ် ပါတီဝက်ဘ်ဆိုက်မှ စတင်ဖြန့်ချိနေပြီဖြစ်သလို ယခုလည်း အရေးတော်ပုံဂျာနယ်ကို ထုတ်ဝေလိုက်ပါပြီ။

နောက်ဆက်ပြီး ပြည်သူ့အာဏာ ၂ တွဲ ထုတ်ဝေပါမည်။ သမိုင်းမှတ်တမ်းတင်အတွဲနှင့် ရဲဘော်များ ရေးသားပြုစုကြတဲ့ တော်လှန်ရေးဆိုင်ရာ မှတ်တမ်းများ၊ အတွေးအမြင်များက တတွဲဖြစ်ပါမည်။

တဆက်တည်းတွင် ဗဟိုစည်းရုံးရေးကော်မတီ (COC) မှ စုစည်းပြုစုသည့် ဗမာပြည်ကွန်မြူနစ်ပါတီသမိုင်း ထုတ်ဝေနိုင်ဖို့ ကြိုးပမ်းနေဆဲပါ။ ရဲဘော်များ၊ မိတ်ဆွေများ၊ ပြည်သူများ လေ့လာဖတ်ရှုကြပြီး ဝေဖန်ချက်များ၊ ဖြည့်စွက်ချက်များ၊ ပြင်ဆင်ချက်များ၊ အကြံဉာဏ်များ ပေးနိုင်ပါကြောင်း တင်ပြပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
ဗမာပြည်ကွန်မြူနစ်ပါတီ
(၁၊ ၈၊ ၂ဝ၁၄)

Leave a Reply

Your email address will not be published. Required fields are marked *